ချင်းနှင့် ဧရာဝတီပွဲ ရက်ပြောင်းရွှေ့ ကျင်းပမည်

မြန်မာလိဂ်ပွဲစဉ် (၂၀)အဖြစ် ယှဉ် ပြိုင်ရန် သတ်မှတ်ထားသည့် ချင်း ယူနိုက်တက်အသင်းနှင့် ဧရာဝတီ အသင်းတို့ ပွဲစဉ်ကို အောက်တို ဘာ ၁၄ ရက်သို့ ပြောင်းရွှေ့ ကျင်းပမည်ဖြစ်သည်။


ယင်းပွဲစဉ်ကို မူလက အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဧရာဝတီအ သင်းက ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်နီးကပ်နေ၍ ပြောင်းရွှေ့ပေးရန်ပြိုင်ပွဲကျင်းပရေးထံ တောင်းဆိုခဲ့သဖြင့် ရက်ပြောင်းလဲခဲ့ကြောင်း မြန်မာလိဂ်ပြိုင်ပွဲ ကျင်းပရေးက သတင်းထုတ်ပြန်သည်။ ထို့ကြောင့်ချင်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း ပွဲစဉ်ကို အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီတွင်ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

 ဧရာဝတီအသင်းသည် အောက်တိုဘာ ၁၈ ရက်တွင် ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ ရှမ်းယူ နိုက်တက်အသင်းနှင့် ဗိုလ်ချုပ် အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ အ ကြိုဗိုလ်လုပွဲ ဒုတိယအကျော့ယှဉ် ပြိုင်ရမည်ဖြစ်သည်။ တောင်ကြီး မြို့တွင် ကျင်းပခဲ့သည့် ယင်းအကြို ဗိုလ်လုပွဲ ပထမအကျော့တွင် ၁-၁ဂိုးစီဖြင့် သရေကျထားသည်။

ရှုံးထွက်ပြိုင်ပွဲ အကြိုဗိုလ်လု ပွဲ ဒုတိယအကျော့ အခြားပွဲအဖြစ် အောက်တိုဘာ ၁၉ ရက်တွင် မန္တလေးမြို့ မန္တလာသီရိအား ကစားကွင်း၌ ရတနာပုံနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ် ပြိုင်ခဲ့သည့် ယင်းအကြိုဗိုလ်လုပွဲ ပထမအကျော့၌ ရန်ကုန်အ သင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိ ထားသည်။