ဂျပန်ခရီးစဉ်အတွင်း တိုက်စစ်အဓိကပြင်ဆင်မည်ဟု မြန်မာယူ-၁၉ နည်းပြချုပ်ဆို

မြန်မာယူ−၁၉ လက်ရွေးစင်အသင်း လေ့ကျင့်မှုပြုလုပ်နေစဉ် ဓာတ်ပုံ-MFF

အာရှယူ-၁၉ ခြေစစ်ပွဲအကြိုသွားရောက်မည့် ဂျပန်ခြေစမ်းခရီးစဉ်အတွင်း အသင်း၏တိုက်စစ်ကို အဓိကပြင်ဆင်မည်ဟု မြန်မာယူ-၁၉ဘောလုံးအသင်းနည်းပြချုပ်ဦးချစ်နိုင်က ပြောသည်။


၂၀၁၈ အာရှခြေစစ်ပွဲအ တွက် ပြင်ဆင်နေသည့်မြန်မာယူ-၁၉ အသင်းသည် အောက်တိုဘာ ၁၁ ရက်မှ ၂၁ ရက်အထိ ဂျပန် နိုင်ငံသို့ သွားရောက်လေ့ကျင့်ခြေ စမ်းမည်ဖြစ်သည်။ မြန်မာယူ-၁၉ အသင်းသည် ယင်းခရီးစဉ်အတွင်း ဂျပန်ကလပ် ဟန်ဒေါင်းတက္ကသိုလ်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ၊ ဂမ်ဘာအိုဆာကာလူငယ်အသင်း နှင့် ခြေစမ်းပွဲတစ်ပွဲယှဉ်ပြိုင်မည် ဖြစ်သည်။

‘‘အသင်းက လက်ရှိတော့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာလေးတွေကို သေ ချာလေ့ကျင့်ပေးနေပါတယ်။ ဒီ ခြေစမ်းပွဲတွေမှာ တိုက်စစ်ပိုင်းကို တော့ အဓိကထားပြင်ဆင်ချင်ပါ တယ်။ တိုက်စစ်က အခုတစ် ယောက်တည်းကိုတည်ပြီး ကစား နေရသလိုဖြစ်နေတယ်။ ပြိုင်ပွဲ မတိုင်ခင်မှာတော့ အဆင်သင့်ဖြစ် အောင် အကောင်းဆုံးကြိုးစားနေ ပါတယ်’’ ဟု ဦးချစ်နိုင်က ပြော သည်။ ဂျပန်ခရီးစဉ်သွားမည့် မြန် မာယူ-၁၉ အသင်းတွင် ကစား သမား ၂၅ ဦးပါဝင်သည်။

မြန်မာယူ-၁၉ အသင်းသည် ဂျပန်ခရီးစဉ်မတိုင်မီ ပြည်တွင်း၌ ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင်ရာ စီးတီး ရန်ကုန်အသင်းကို ၃-၁ ဂိုးဖြင့် နိုင်သော်လည်း ဟံသာဝတီအ သင်းကို ၃-၂ ဂိုးဖြင့်ရှုံးခဲ့သည်။

မြန်မာယူ-၁၉ အသင်းသည် ဂျပန်ခြေစမ်းခရီးစဉ်အပြီး အာရှယူ-၁၉ ခြေစစ်ပွဲအတွက်ကမ္ဘောဒီးယားသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း ဦးချစ်နိုင်ကပြောသည်။

 မြန်မာအသင်းပါဝင်သည့် အာရှယူ-၁၉ ခြေစစ်ပွဲအုပ်စု(ဆ) ပွဲစဉ်များကို အောက်တိုဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်း ပမည်ဖြစ်သည်။ ယင်းအုပ်စု၌ အိမ်ရှင်ကမ္ဘောဒီးယား၊ တရုတ်၊ မြန်မာနှင့် ဖိလစ်ပိုင်အသင်းတို့ ပါ ၀င်သည်။

၂၀၁၈ အာရှယူ-၁၉ ခြေစစ် ပွဲတွင် ပြိုင်ပွဲဝင် ၄၃ သင်းကအုပ် စု ၁၀ စုခွဲကာ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုထိပ်ဆုံး ၁၀ သင်းနှင့် အ ကောင်းဆုံးအုပ်စုဒုတိယငါးသင်း၊ စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲ အောင်မည်ဖြစ်သည်။