သရုပ်ဆောင်နိုင်းနိုင်းနှင့်တွေ့ဆုံခြင်း

‘‘တချို့အလုပ်တွေက မိသားစုဆီသွားမယ့်ရက်နဲ့ တိုက်နေရင် လွှတ်ပေးလိုက်ရတာမျိုးရှိတယ်။ အဲဒီလိုမှ မလုပ်ရင်လည်း ကျွန်တော့်မိသားစုအတွက်ကျွန်တော်အချိန်မပေးနိုင်တော့ဘူးလေ’’

အနုပညာသက်တမ်း (၁၈)နှစ်တိုင်တိုင် ဖြတ်သန်းပြီးချိန်ထိ ပရိသတ် အားပေးမှုရရှိနေပြီး ဖြည်းဖြည်းနှင့် မှန်မှန်ချီတက်နေသူတစ်ဦးသည် သရုပ်ဆောင်နိုင်းနိုင်းဖြစ်သည်။ ဗီဒီယိုခေတ်ကောင်းစဉ်က နိုင်းနိုင်းတစ်ခေတ်ဖြစ်ခဲ့သလို အိမ်ထောင်ကျပြီးနောက်ပိုင်းနှင့် ဗီဒီယိုဈေး ကွက်ယိုယွင်းကျဆင်းလာချိန်တွင် ဗီဒီယိုရိုက်ကူးမှု ကျဲပါးခဲ့သော်လည်း ရင်သွေးလေးဦးရပြီးနောက်ပိုင်း လူပျိုမင်းသားများနှင့် ယှဉ်နိုင်ဆဲ Body Structure၊ နုပျိုနေသေးသည့်ရုပ်သွင်ဟန်ပန်၊ စံပြုအားကျလောက်ဖွယ် မိသားစုတည်ဆောက်ပုံကြောင့် နိုင်းနိုင်းကို အခိုင်အမာအားပေးသည့် အမာခံပရိသတ်များ များစွာရှိနေခြင်းဖြစ်သည်။ ၎င်းသာမက ဇနီးနှင့်ကလေးလေးဦးပါ ချစ်ခင်အားပေးခြင်း  ခံရသည့် သရုပ်ဆောင်နိုင်းနိုင်း၏ မိသားစုကို အချိန်ပေးပုံ၊ အနုပညာပိုင်းနှင့် ပတ်သက်၍ ဇာတ်ရုပ်အပေါ် စီးမျောပုံနှင့် လက်ရှိအသက်အရွယ်အထိ နုပျိုနေခြင်း၏ လျှို့ဝှက်ချက်များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။


ဩဂုတ်က မိသားစုဆီ ပြန်သွား တာ ဟိုမှာ ဘယ်လောက်ကြာခဲ့ လဲ။ ဇနီးနဲ့ နှစ်ဦးတည်းခရီးသွား တာလည်း တွေ့ရတယ်။ 

ဟိုမှာ တစ်လခွဲလောက်ကြာ ခဲ့တယ်။ စက်တင်ဘာ လလယ် လောက် ဒီကိုပြန်ရောက်တယ်။ ဒီတစ်ခေါက်ပြန်တော့ မိန်းမနဲ့ ခရီးတွေထွက်ဖြစ်တယ်။ ဒါပေမဲ့ ကလေးတွေတော့ မပါဘူးပေါ့။ ကလေးတွေကတော့ ခရီးဝေးတဲ့ အတွက် ခေါ်သွားရင် ပင်ပန်းမှာ စိုးလို့ မခေါ်သွားဖြစ်ဘူး။ ကလေး တွေ နွေရာသီကျောင်းပိတ်ရက် ဖြစ်တဲ့အတွက် နှစ်စဉ် နှစ်စဉ်ပြန် ဖြစ်တယ်။

ကလေးတွမပါဘဲ သွားရတဲ့ ခရီး က အစ်ကိုတို့နှစ်ယောက်ကို ဘယ် လိုစိတ်ခံစားချက်ဖြစ်စေလဲ။

တော်တော်လေးကို လွတ် လွတ် လပ်လပ် ပေါ့ပေါ့ပါးပါးဖြစ်ပါ တယ်။ ကလေးနဲ့ကျတော့ သူတို့ကို လိုက်ပြီး ဂရုစိုက်နေရတာနဲ့ပဲ ကောင်းကောင်းပျော်ရမှာမဟုတ်ဘူး။

ကလေးတွေနဲ့ကော ဘယ်လိုဖြတ် သန်းဖြစ်ခဲ့လဲ။

ဟိုမှာ ခရီးသွားနေတဲ့အချိန် တွေကလွဲရင် ကျန်တဲ့အချိန်က ကလေးတွေနဲ့ပဲ အချိန်ကုန်ဖြစ် တာများပါတယ်။ မိုးလင်းက မိုး ချုပ် သူတို့အနားမှာပဲ။ ကျောင်း လည်းပိတ်ထားတဲ့အတွက်ကြောင့် သူတို့နဲ့နေဖို့ အချိန်ပိုရတာပေါ့။

ကလေးလေးယောက်ထဲမှာဆို အစ်ကိုနဲ့ အနီးကပ်ဆုံးနေတာက ဘယ်သူဖြစ်မလဲ။

အားလုံးက ကပ်ကြတယ်။ အကပ်ဆုံးကတော့ ကျွန်တော့် သားပေါ့။

အစ်ကို့ကလေး လေးယောက်ထဲ မှာ အနုပညာနဲ့ပတ်သက်ပြီး ဝါသနာပါတဲ့ သူမျိုးကော တွေ့ရလား။

လောလောဆယ်တော့ ခန့် မှန်းလို့မရဘူးဖြစ်နေတယ်။ ငယ် သေးတဲ့အခါကျတော့ ဘာလုပ် ချင်မှန်းမသိဘူး။ ဆော့တာက တော့ မျိုးစုံဆော့ပါတယ်။

တစ်နှစ်ကို နှစ်ခေါက်ပြန်တယ်ဆို တော့ ဘယ်တော့လောက် ထပ် ပြန်ဖြစ်ဦးမလဲ။ မိသားစုကိုကော ဘယ်လိုအချိန်ပေးဖြစ်လဲ။

ကျွန်တော် ဒီဇင်ဘာ နောက် တစ်ခေါက်ထပ်ပြန်မယ်။ တစ်လ လောက်ပဲကြာပါမယ်။ နှစ်စဉ်က တော့ ဒီလိုပဲ ပြန်နေတာပါပဲ။ အ ချိန်ကတော့ တစ်နှစ်ကို နှစ်ခေါက် နှုန်းပြန်ပြီး အချိန်ပေးဖြစ်တယ်။ သူတို့ဆီပြန်မယ့်ရက်တွေဆို အစ်ကို ဘာအလုပ်မှ လက်မခံထားဘူး။

အမေရိကမသွားခင် အရှေ့မှာ ကော အနုပညာလှုပ်ရှားမှုအပိုင်း နဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ် သေးလဲ။

ကြော်ငြာတွေရိုက်ဖြစ်တယ်။ ပွဲတွေတက်ဖြစ်တယ်။ ပြီးတော့ အခု ဒိုင်ယာရီဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကြီး ရိုက်နေတယ်။ ဒီကားက ဒီနှစ်ထဲမှာ ပထမဆုံးပြန်စရိုက်ဖြစ် တဲ့ကားပေါ့။ ဒီနှစ်ကုန်ခါနီးထိကို ရုပ်ရှင်ကားကြီး သုံးကားလက်ခံ ထားပါတယ်။

ဒိုင်ယာရီဆိုတဲ့ ဇာတ်ကားထဲမှာ ဘယ်လိုကာရိုက်တာနဲ့ ပါဝင် သရုပ်ဆောင်ဖြစ်မလဲဆိုတာကို ပြောပြပေးပါဦး။

ကာရိုက်တာကတော့ စီးပွား ရေးလုပ်ငန်းရှင်တစ်ယောက်ပေါ့။ ညီအစ်ကိုနှစ်ယောက်ရှိတယ်။ ကိုယ့်ညီကို အရမ်းချစ်တယ်။ အဲဒီ ကာရိုက်တာလေးပါ။

နောက်ထပ် လက်ခံထားတဲ့ နှစ် ကားကကော ဘယ်လိုပုံစံမျိုးများ ဖြစ်မလဲ။

ပရိုဂျူဆာအသစ်ပါပဲ။ သရဲ ကားတစ်ကားလက်ခံထားတယ်။ နောက်တစ်ကားကတော့ ဒါရိုက် တာ စတီးလ်နဲ့ Suspense ကား ပါ။ သုံးကားတော့ လက်ခံထား တယ်။ အချိန်မီရင်တော့ သုံးကား အပြီးရိုက်မယ်။ မမီရင်တော့ ရောက်တဲ့နေရာမှာ ရပ်ခဲ့မယ်။ ဟိုကိုသွားမယ်။ ဟိုကပြန်လာမှ ဆက်ရိုက်မယ်။

မိသားစုနဲ့ သွားတွေ့နေရတဲ့အ တွက် အစ်ကို့အနုပညာပိုင်းနဲ့ပတ် သက်ပြီး ဆုံးရှုံးတာမျိုး၊ ထိခိုက် တာမျိုးကော ရှိမလား။

တချို့အလုပ်တွေက မိသား စုဆီကိုသွားမယ့်ရက်နဲ့ တိုက်နေ ရင် လွှတ်ပေးလိုက်ရတာမျိုးရှိ တယ်။ လွှတ်ပေးလိုက်ရတာတွေ များပါတယ်။ အဲဒီလိုမှမလုပ်ရင် လည်း ကျွန်တော့်မိသားစုအတွက် ကျွန်တော်အချိန်မပေးနိုင်တော့ ဘူးလေ။ ကိုယ်သွားမယ့်လတွေ ဆို ပုံသေသတ်မှတ်ထားပြီးသား ဖြစ်တဲ့အတွက် အဲဒီလတွေမှာ လာတဲ့အလုပ်တွေကို ကျွန်တော် လက်ခံလို့မရဘူး။ ကြိုပြီးလက်ခံ လိုက်ရင်လည်း မလုပ်ပေးတဲ့အခါ မကောင်းဘူးလေ။ အဲဒါကြောင့် အဲဒီလတွေဆို ကျွန်တော် သီးသန့် ဘာအလုပ်မှ လက်မခံဘဲ ဖယ်ထားပါတယ်။

အခုဆို အိမ်ထောင်ဘက် ဘယ် လောက်ရှိသွားပြီလဲ။

၁၀ နှစ်ရှိပါပြီ။

ဒီ ၁၀ နှစ်ဆိုတဲ့ အတိုင်းအတာမှာ သားသား၊ မီးမီးလေးတွေလည်း ပိုင်ဆိုင်နေပြီဆိုတော့ နောက်ထပ် ကလေးထပ်ယူဖြစ်ဦးမလားဆို တာလည်း သိချင်ပါတယ်။

မရှိတော့ပါဘူး။ လေး ယောက်ပါပဲ။

လူမှုကွန်ရက်ပေါ်မှာ အစ်ကိုတို့ မိသားစုဓာတ်ပုံလေးတွေကို တော်တော်များများက အားကျနှစ်ခြိုက် သဘောကျကြတာများတယ်။ ဒီ အပေါ်မှာကော ဘယ်လိုခံစားရ လဲ။

ဝမ်းလည်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

အစ်ကိုအနေနဲ့ဖေ့စ်ဘွတ်ခ်၊ လူမှု ကွန်ရက် အသုံးပြုတာမျိုးမတွေ့ရ ဘူး။ ဘာကြောင့်များလဲ။

ကျွန်တော့်မှာ ဖေ့စ်ဘွတ်ခ် မရှိပါဘူး။ မသုံးဖြစ်တာပါ။ အရင် တုန်းကလည်း မသုံးဖြစ်ဘူး။ စပေါ်ကတည်းက မသုံးတာ အခုချိန်ထိ ပါပဲ။ မသုံးချင်လို့ မသုံးတာပါ။ နောက်ပိုင်းကျရင်တော့ ကျွန်တော့်ပရိသတ်တွေအတွက် Fan Page တစ်ခုစလုပ်ဖို့ အစီအစဉ်ရှိပါ တယ်။

အရင်တုန်းက နိုင်းနိုင်းဆိုပြီး ဗီဒီယိုတစ်ခေတ်ဖြစ်ခဲ့တယ်။ ကြားထဲ မှာ အိမ်ထောင်ကျတာကြောင့်ကော၊ ဗီဒီယိုဈေးကွက်အနေအထား ကြောင့်ကော ပရိသတ်နဲ့ အနည်း ငယ်အလှမ်းဝေးသလို ဖြစ်သွားခဲ့ တယ်။ အခုနောက်ပိုင်းကျမှ ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်လာတဲ့အပေါ်မှာ အစ်ကို့ဗီဒီယိုကားတွေကို မျှော်လင့်နေသေးတဲ့ ပရိသတ်တွေ ကို ဘာများပြောချင်ပါလဲ။

ပြန်ရိုက်တဲ့ကားတွေက လည်း ပရိသတ်အတွက် အရင်နဲ့ မတူတဲ့ ပြောင်းလဲမှုလေးတစ်ခု၊ ရသလေးတစ်ခုဖြစ်စေချင်တယ်။ အဲဒါကြောင့် ရုပ်ရှင်ဆို ဇာတ်ကို သေချာလေးကြည့်ပြီးမှ လက်ခံ ဖြစ်တယ်။ ဗီဒီယိုကတော့ ကျွန် တော်မရိုက်တာ ငါးနှစ်ကျော်ပြီ။

ဒုဋ္ဌဝတီကိုကျော်လွန်၍ဆိုတဲ့ ရုပ် ရှင်ဇာတ်ကားကြီးရဲ့ Teaser (နမူ နာ) လေးထွက်လာတဲ့အချိန်မှာ ပရိသတ်တော်တော်များများ သဘောကျနှစ်ခြိုက်ကြတယ်။ အဲဒီကားအပေါ်မှာ ပါဝင်သရုပ် ဆောင်သူတစ်ယောက်ရဲ့ အမြင် က ဘယ်လိုရှိလဲ။

တကယ်ရုံတင်တဲ့အခါကျ ရင်တော့ ပရိသတ်ရဲ့အသံကို ပြန် ပြီးနားစွင့်ရမှာပေါ့။ ကျွန်တော့် ဘက်ကတော့ သရုပ်ဆောင်ပိုင်း ကို အတတ်နိုင်ဆုံး ကြိုးစားထား ပါတယ်။ အဲဒီကားက အက်ရှင်ပုံစံ မျိုးဖြစ်တဲ့အခါကျတော့ နည်းနည်း ပိုပင်ပန်းတယ်။

အဲဒီကားထဲမှာဆို အမွန်းက အဆို တော်ဘက်ကဖြစ်တဲ့အတွက် ဘယ်လိုညှိနှိုင်းပြီး လက်တွဲသရုပ် ဆောင်ဖြစ်ခဲ့လဲ။

ဟုတ်တယ်။ ပထမဆုံး သူ့ရဲ့ ရုပ်ရှင်ဖြစ်နေတဲ့အတွက် တချို့ ဟာလေးတွေ နည်းနည်းညှိရပါ တယ်။ သိပ်အများကြီးတော့ မညှိ ခဲ့ရပါဘူး။

အခုဆို အနုပညာသက်တမ်း ဘယ်လောက်ရှိသွားပြီလဲ။ အခုအချိန် အတိုင်းအတာထိ လက်ခံအားပေး နေဆဲ ပရိသတ်တွေကိုကော ဘာ များပြောချင်ပါလဲ။

ကျွန်တော့်အနုပညာသက် တမ်း ၁၈ နှစ်ရှိပါပြီ။ အခုအချိန်ထိ အားပေးနေဆဲဆိုတဲ့ အသံကြားရ ရင် တကယ်ဝမ်းသာတယ်။ ဘာ လို့လဲဆိုတော့ ကျွန်တော်အိမ် ထောင်ကျသွားတယ်။ အနုပညာ လောကနဲ့လည်း နည်းနည်းကင်း ကွာသွားတယ်။ အခုချိန်ထိ နေ ရာလေးတစ်ခုရှိနေတဲ့အတွက် တကယ်ဝမ်းသာပါတယ်။ ကျေး ဇူးတင်ပါတယ်။

အသက် (၃၈)နှစ်ပြည့်ပြီ။ အိမ် ထောင်ကျပြီး ကလေး လေး ယောက်ရသွားပေမယ့်လည်း လူ ပျိုမင်းသားတွေနဲ့ ယှဉ်နိုင်တုန်းပဲ လို့ ပြောနေကြတဲ့အပေါ်မှာကော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြင်ဆင် နေထိုင်ဖြစ်လဲ။

ရှင်းရှင်းပြောရရင် ကိုယ့်ဟာ ကိုယ် ငယ်ငယ်ကတည်းက ဝါ သနာပါလာတဲ့ Gym ဆော့တာ လောက်ပဲ လုပ်ဖြစ်တယ်။ ကျန် တာ ထွေထွေထူးထူး ကျွန်တော် ဘာမှမလုပ်ဖြစ်ဘူး။ Skin နဲ့ပတ် သက်ရင်လည်း ညီမတို့မြင်တဲ့အ တိုင်းပဲ။ ဝက်ခြံတွေထွက်နေတယ်။ အဲဒါကလည်း ခရီးသွားပြီးပြန်လာ လို့ နေလောင်သွားတာပေါ့။ သိပ် ထွေထွေထူးထူးလည်း ဘာမှ မလုပ်ဖြစ်ဘူး။ အစားအသောက် ပုံမှန်စားတယ်။ ပုံမှန်အိပ်တယ်။ Gym ပုံမှန်ဆော့တယ်။ ဆေးလိပ်၊ အရက် ရှောင်ပါတယ်။

အခု အရင်ကထက်စာရင်တော့ နည်းနည်းပြည့်လာသလိုဖြစ်နေ တယ်။

ဟုတ်တယ်။ ခရီးသွားတဲ့တစ် လမှာ ကလေးတွေနဲ့ အချိန်ပေးတဲ့ အတွက် Gym မဆော့ဖြစ်ဘူး။ ပြန်လာတဲ့တောက်လျှောက်လည်း ခရီးထွက်တာနဲ့၊ ကားရိုက်အတွက် ပြင်ဆင်တာနဲ့ အားတဲ့ရက် လောက်ပဲ Gym သွားဆော့ဖြစ် တယ်။ အခု နည်းနည်းပြည့်နေ တယ်ပေါ့။ အဲဒါကလည်း တစ် ပတ်၊ နှစ်ပတ်လောက် ဆက်တိုက် ဆော့လိုက်ရင် ပြန်ကောင်းသွား မှာပါ။ ရန်ကုန်မှာရှိရင်တော့ အား တဲ့အချိန်တိုင်း ပြေးပြေးဆော့ပါ တယ်။

အစ်ကို့အနုပညာသက်တမ်း ၁၈ နှစ်တိုင်တိုင် အားပေးလာတဲ့ ပရိ သတ်တွေကိုကော ဘာများပြော ချင်သေးလဲ။

ကျွန်တော်ဇာတ်ကားတွေကို ရွေးချယ်ပြီးမှ​ ရိုက်ဖြစ်ပါတယ်။ အဓိကကတော့ ဒါရိုက်တာရဲ့ ရိုက်ချက်နဲ့ ဇာတ်လမ်းရဲ့ပုံစံကိုလည်း ကြည့်တယ်။ ပရိသတ်ကြိုက်နိုင် မယ့် ပုံစံမျိုးဆိုရင်လည်း လက်ခံ ပြီး ရိုက်ကူးသွားပါမယ်။ အခုချိန် ထိ အားပေးလာတဲ့ ပရိသတ်တွေ ကို ကျေးဇူးအများကြီးတင်ပါ တယ်။

ကျေးဇူးတင်ပါတယ်။