ဖွင့်ပွဲပြီးပြီ ကွန်မြူနတီကို ကူညီကြစို့

ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့သစ်နှင့် လှိုင်သာယာမြို့သစ်မှာ ကိုရီးယားနိုင်ငံ KB Mic-rofinance Myanmar က လှူဒါန်းတဲ့ Community Centre များ ဖွင့်ပွဲကျင်းပခဲ့တဲ့သတင်းကို MRTV မှ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာ တွေ့ရှိရပါတယ်။ တစ်ပြိုင်တည်းမှာပဲ ရွှေပေါက်ကံမြို့သစ် တော်ဝင်လူမှုအခြေပြု အစုအဖွဲ့ပိုင် အိမ်ရာစီမံကိန်း ဖွင့်ပွဲကျင်းပတဲ့သတင်းကိုပါထုတ်လွှင့်ခဲ့တာတွေ့ရှိရပါတယ်။ အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြတာ တွေ့ရှိရပါတယ်။ အခြားဌာနဆိုင်ရာများနှင့် ဧည့်သည်များလည်းပါဝင်ကြပြီး အလွန်မင်္ဂလာရှိတဲ့ အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါတယ်။

စာရေးသူဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှာ ရွှေ ပေါက်ကံမြို့ (၁၂) ရပ်ကွက်ရှိ အ ထက်ပါ အိမ်ရာစီမံကိန်းရှိရာ နေ ရာကို ရောက်ရှိခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာ လူမှုအခြေပြု အိမ်ရာစီမံ ကိန်း (Community Based Project) တစ်ခုကို ပထမဆုံးအ ကြိမ် လူသိရှင်ကြား ဖွင့်လှစ်နိုင်ခဲ့ တာဖြစ်ကြောင်း တွေ့ရှိရပါတယ်။စာရေးသူအနေနဲ့  အဲဒီစီမံကိန်းမျိုး ကို ပထမဆုံး ၁၉၈၇ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကိုယ်တိုင်လေ့လာတွေ့ရှိခဲ့ပါ တယ်။ ၁၉၉၅ ခုနှစ်မှာတော့ ထိုင်း နိုင်ငံ ချင်းမိုင်မြို့မှာ ထပ်မံလေ့ လာခွင့်ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မှာလည်း ကမ္ဘောဒီးယားနိုင်ငံမှာ လေ့လာခွင့်ရရှိခဲ့ပြန်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ အမျိုးသမီးများ ဦးဆောင်ပြီး အဆင့်နိမ့်အိမ်ရာ များ အဆင့်မြှင့်တင်ခြင်း (Slums Upgrading) စီမံကိန်းတွေကို အ မြောက်အမြား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့အကြောင်းကို လည်း သိရှိရပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်အလွန်များမှာ စတင်ခဲ့တဲ့ အိမ်ရာတစ်သန်း စီမံ ကိန်း (One Million Housing) ရဲ့ အစိတ်အပိုင်းအဖြစ် ကျော်ကြားခဲ့ ခြင်းဖြစ်ပါတယ်။

အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျူးကျော်အိမ်ရာ များ နေရာချထားပေးရေးနဲ့ပတ် သက်ပြီး အဖွဲ့အစည်းနှစ်ရပ်က အဓိကတာဝန်ယူဆောင်ရွက်ပေး ကြကြောင်း တွေ့ရှိရပါတယ်။ ပထမဦးဆုံး ဝင်ငွေနည်းပါးတဲ့ အိမ်ရာမဲ့ပြည်သူများ (ကျူးကျော်အပါ အဝင်) အတွက် ဝင်ငွေနှင့် အလှမ်း မီတဲ့ အိမ်ရာ (Affordable Hous-ing) များကို NHA ဆိုတဲ့ Na-tional Housing Authority က ဆောင်ရွက်ပေးပါတယ်။ တန်ဖိုး နည်းအိမ်ရာကို အကျယ်အဝန်း စတုရန်းပေ ၃၃၀ သာသတ်မှတ်ပြီး အစိုးရက တစ်ခန်းအတွက် ဘတ် ရှစ်သောင်းထည့်ဝင်ထောက်ပံ့ တယ်။ အနှစ် ၃၀ တိတိ အရစ်ကျ ချေးငွေကို GHB (Govt: Hous-ing Bank) ခေါ် အစိုးရက ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ဘဏ်က ငွေထုတ်ပေးပါတယ်။ တစ်လကို မြန်မာငွေ ကျပ်ငါးသောင်းဝန်း ကျင်မျှ ပေးသွင်းရတာဖြစ်ပါ တယ်။  RC (လေးထပ်အဆောက် အအုံများကို (Pre-cast) စနစ်နဲ့ အရေအတွက်များစွာ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ ‘ကျွန်ုပ်တို့ တန်ဖိုးနည်းအိမ်ရာကို ဂရုစိုက်သည်’ (We care affordable housing)ဆိုတဲ့ ဆောင်ပုဒ်ကို ထိုင်းဘာသာနဲ့ Ban Eua Arthon လို့ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ချမှတ်ဆောင်  ရွက်တာ တွေ့ရပါတယ်။

ဒုတိယအဖွဲ့အစည်းကတော့ CODI လို့ခေါ်တဲ့ Community Organizations Development Institute ပဲ ဖြစ်ပါတယ်။ အရပ် ဘက်လူမှုအခြေပြု အဖွဲ့အစည်း များ ဖွံ့ဖြိုးရေးဌာနလို့ အဓိပ္ပာယ် ရရှိပါတယ်။ မြို့ပြမှာရှိတဲ့ ကျူး ကျော်တွေအထဲမှာ ပုဂ္ဂလိက (သို့ မဟုတ်) အစိုးရအသုံးမပြုသေးတဲ့ မြေလွတ်တွေ၊ ချောင်းဘေး၊ မြစ် ဘေး ရသမျှနေရာလေးတွေမှာ အစုအဝေးနဲ့ ကာလကြာရှည်နေခဲ့ သူတွေဟာ အဲဒီရပ်ကွက်ကို မစွန့် လွှတ်ချင်ကြပါဘူး။ အစိုးရပုဂ္ဂလိ ကမြေပေါ် ကျူးဖြစ်ရင် Land Sharing ခေါ် မြေကို အချိုးကျ ခွဲဝေသုံးစွဲမှုစနစ်နဲ့ ညှိနှိုင်းပေးပြီး ပုဂ္ဂလိကရတဲ့အပိုင်း၊ အစုအဖွဲ့ရ နိုင်တဲ့အပိုင်း၊ နှစ်ပိုင်းခွဲဝေစေခဲ့ပါ တယ်။ ကျူးတွေက ပြန့်ကျဲနေထိုင် ရာမှ မိမိတို့ရတဲ့အပိုင်းမှာ လူမှုအ ခြေပြုအဖွဲ့ (Community Or-ganization) တည်ထောင်ပြီး စုစည်းနေရာချတယ်။ စုဆောင်း ငွေနှင့် မတည်ရန်ပုံငွေ ထူထောင် ကြပါတယ်။ Micro Financing လုပ်ပေးတဲ့ NGO တွေဆီက ချေးငွေယူကြပါတယ်။ အဲဒီငွေနဲ့ အိမ် ဆောက်ကြတယ်။ လမ်းခင်း၊ မြောင်းဖောက်၊ မီးသွယ်၊ မိလ္လာ စနစ်၊ ရေရရှိရေးတွေ လုပ်ကြပါ တယ်။

အစိုးရမြေဖြစ်နေရင်လည်း အစိုးရက သူ့စီမံကိန်းအတွက် မဖြစ်မနေလိုအပ်ရင် အနီးဆုံးက Ban Eua Arthon ကိုပဲ ဝယ်ယူ ခွင့်ပေးပါတယ်။ ဖြစ်နိုင်ရင် အဲဒီ နေရာမှာပဲ သူတို့ကို အစိုးရနဲ့ Land Sharing ပြုလုပ်ပေးပါ တယ်။ ရာနှုန်းပြည့် နေထိုင်ခွင့်ပေး နိုင်ရင်လည်း ပေးလိုက်ပါတယ်။ အဲဒီအခါမှာလည်း အိမ်ရာမဲ့ မူလ မိသားစုတွေက Community ဖွဲ့ပြီးစနစ်တကျ ကိုယ့်အားကိုယ်ကိုး စနစ်နဲ့ အထက်ပါအတိုင်းဆောင် ရွက်ကြရပါတယ်။

ပုဂ္ဂလိကမြေမှာဖြစ်စေ၊ အစိုးရမြေမှာ ခွင့်ပြုပေးလို့ဖြစ်စေ၊ ခွင့် ပြုသမျှ နေရာတွေမှန်ရင် ချောင်း ကမ်းဖြစ်စေ၊ မြစ်ကမ်းဖြစ်စေ၊ ဘယ်နေရာဖြစ်ဖြစ် Community Organization Development Institute-CODI ဆိုတဲ့ အစိုးရ ဌာနက အဲဒီ Community တွေ ကို အိမ်ရာမြေကွက် စနစ်တကျ ဖော်ထုတ်ရေးအတွက် Layout ပုံစံသာမက အခြေခံအဆောက် အအုံတွေကိုပါ ငွေကြေးစိုက်ထုတ် ပြီး ပံ့ပိုးဆောင်ရွက်ပေးတာဖြစ်ပါ တယ်။

ဒီနေရာမှာ တစ်ခုထူးခြားတဲ့ မြို့ပြကျူးကျော်များရဲ့ ဘဝနှင့် လိုအပ်ချက်အကြောင်းကို ထိုင်း နိုင်ငံမှာ လေ့လာတွေ့ရှိရပုံကို ပြောပြလိုပါတယ်။ ကျူးဆိုတဲ့ မိသားစုတွေအထဲမှာ စွန့်ပစ်ပစ္စည်း ကောက်မယ်၊ သယ်မယ်၊ အမှိုက် ပုံက ပစ္စည်းတွေ ဆာလာအိတ်နဲ့ သယ်ယူပြီး ဘူးရွေး၊ ပုလင်းရွေး၊ ပလတ်စတစ်ရွေးဆိုတဲ့ လူတန်း စားတွေဟာ မြို့ပြကျူးမှာ အလွန်  များလှပါတယ်။ နောက်ပြီး တုတ် တုတ်မောင်းမယ်၊ အမှိုက်ကို တွန်း လှည်းနဲ့ သယ်ပို့စုဆောင်းမယ်၊ တွန်းလှည်းနဲ့ ဈေးရောင်းမယ်၊ အဲဒီလိုလူတွေဟာ တိုက်ခန်းပေါ်မှာနေ လို့ မရပါဘူး။ အဲဒီလှည်းစုတ်၊ ပစ္စည်းစုတ်တွေဟာ သူတို့ရဲ့ဘဝ ပါ။ အခြားသွားထားလို့မရသလို တိုက်ပေါ်တင်လို့မရပါဘူး။ ဒီ တော့ ချောင်းဘေး၊ မြောင်းဘေး၊ ခုံးတံတားဘေး ကတ်သတ်နေကြရတာပဲ ကြိုက်တယ်၊ နေရမှလည်း ဖြစ်မယ်ဆိုတဲ့လူတွေ ရှိနေပြန်ပါ တယ်။ သူတို့က လူမှုအခြေပြုစု အဖွဲ့ဖွဲ့ပြီး နေမှုမြှင့်တင်အစီအစဉ် (Slum upgrading programme) မှတစ်ပါး အားထားရာမရှိဖြစ်နေ ကြပါတယ်။ သူတို့အတွက် CODIက အစီအစဉ်တွေချပြီး ဆောင် ရွက်ပေးရတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျူးထဲမှာ လူ မှုစီးပွားရေးပုံစံအရ တိုက်ပေါ်တင် မရဘဲ လူတွေရှိတယ်ဆိုတာ မျက် မှောက်ခေတ်ဖွံ့ဖြိုးဆဲနိုင်ငံရဲ့ မြို့ ပြအိမ်ရာဖွံ့ဖြိုးရေးပညာရှင်တွေ လက်ခံကြရတာ ဖြစ်ပါတယ်။ လူ မှုအခြေပြု အစုအဖွဲ့များရဲ့ ငွေ အား၊ လုပ်အားနဲ့ ကြိုးပမ်းဆောင် ရွက်မှုတွေဟာ သက်ဆိုင်ရာ တိုင်း ပြည်၊ အစိုးရအတွက်လည်း ဝန် ထုပ်ဝန်ပိုးလျော့ကျစေတာဖြစ် ကြောင်း တွေ့ရှိရပြန်ပါတယ်။

ယခု မြန်မာနိုင်ငံ ရွှေပေါက် ကံမြို့က တောင်ဝင်လူမှုအခြေပြု အစုအဖွဲ့ရဲ့ အိမ်ရာအကြောင်း ဆက်လက်လေ့လာကြည့်စေချင် ပါတယ်။ စုစုပေါင်းမြေ နှစ်ဧကကို လယ်သမားထံမှ တစ်ဧက သိန်း ၅၅၀ ပေးပြီး အဖွဲ့ဝင် ၁၂၀ ဦးက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မဝယ်ခင် သူတို့ဟာ မြောက်ဥက္က လာဝန်းကျင်နဲ့ မင်္ဂလာဒုံဘက်မှာ ကျူးကျော်တဲအိမ်တွေနဲ့ ဖရိုဖရဲနေ ခဲ့ကြတာ ဖြစ်ပါတယ်။ ပထမဆုံး အချင်းချင်းစုစည်းပြီး ငွေစုတဲ့လုပ် ငန်းကို စတင်လုပ်ဆောင်ကြပါ တယ်။ မိသားစုတစ်စု တစ်ရက်ကို ၁,၀၀၀ နှုန်းစုဆောင်းကြပါတယ်။ ယခုဆိုရင် စုငွေလေးသိန်းအထိ ရှိတဲ့သူတွေ ရှိနေပါတယ်။ အလုပ် အကိုင်က ကယ်ရီဆွဲတယ်။ လမ်း ဘေးဈေးရောင်းတယ်။ အထည် ချုပ်စက်ရုံမှာ လုပ်ကြတယ်။ သူ တို့ရဲ့ လစဉ်အိမ်ထောင်စုဝင်တွေ က တစ်လသုံးသိန်းနဲ့အထက်ရှိကြ တယ်လို့ ဆိုကြပါတယ်။

သူတို့အဖွဲ့ကို စနစ်တကျဖြစ် အောင် NGO အဖွဲ့တစ်ခုဖြစ်တဲ့ ‘ပျိုမေအိမ်’ (Woman for the world) က ကူညီပေးပါတယ်။ အမျိုးသမီးများသာပါဝင်တဲ့ အမှု ဆောင်ဖွဲ့တယ်၊ စာရင်းကိုင်ထား ရှိတယ်၊ သေတ္တာကြီးတစ်လုံးမှ ငွေတွေထည့်ပြီး စိတ်ချရတဲ့ ခေါင်းဆောင်တစ်ဦးထံမှာ အပ်ထားရပါ တယ်။ သော့နှစ်လုံးခတ်ပြီး နှစ်ဦးဆုံပြီးဖွင့်ရတဲ့စနစ် ကျင့်သုံးပါ တယ်။ ငွေစုတဲ့ ရည်ရွယ်ချက်က ဖွံ့ဖြိုးရေးလုပ်ဖို့ အဓိကပါပဲ။ ဒီ အချိန်မှာ ‘ပျိုမေအိမ်’ရဲ့ ဆက်သွယ်ပေးမှုကြောင့် ကိုရီးယားနိုင်ငံက Kookmin Bank (KB Bank) က တည်ထောင်ထားတဲ့ KB Microfinance Myanmar ရဲ့ ချေးငွေအကူအညီရရှိခဲ့ပါတယ်။ KB Bank အထက်ပါအတိုင်း သူတို့မြေဝယ်ဖို့ အိမ်ထောင် တစ်စုကို သိန်း ၂၀ နှုန်း ထုတ်ချေးပေးခဲ့ပါ တယ်။ တော်ဝင် Community အဖွဲ့ဝင် ၁၂၀ ဦးက ရွှေပေါက်ကံ မြို့ (၁၂) ရပ်ကွက်က မြို့မြေထဲပါပြီးဖြစ်တဲ့ လယ်နှစ်ဧကကို အချိုးကျပေးပြီး ဝယ်ခြင်းဖြစ်ပါတယ်။ လယ်သမားတို့ထံမှ စာချုပ်ချုပ်ပြီး ငွေပေးခဲ့ရပါတယ်။ ချေးငွေကို တစ်လ ၁ ဒသမ ၆၇ ကျပ် အတိုးနှုန်းနဲ့ စုစုပေါင်း လစဉ် ၅၃,၀၀၀ ကျပ်နှုန်း ပြန်ဆပ်ရပါတယ်။ ဝိုင်းကြီးချုပ်စနစ်ဖြစ်ပြီး လူမှုအခြေပြု အစုအဖွဲ့ကပဲ ကောက်ခံပေးသွင်း ရတယ်လို့ သိရပါတယ်။ မြေကို အစုအဖွဲ့စုပေါင်းပိုင်အဖြစ် ထားရှိမယ်လို့ သိရှိရပါတယ်။

တော်ဝင်လူမှုအခြေပြုအစု အဖွဲ့ဝင်များဟာ တစ်ဦးကို ၁၅ ပေ× ၃၀ ပေ အကျယ် မြေကွက် တွေရရှိပါတယ်။ အိမ်တစ်လုံးအ ကျယ်အဝန်းက အားလုံးတစ်ပြေး ညီ ၁၃ ပေ× ၂၈ ပေ ခန့်ရှိပြီး သွပ် မိုးထရံကာ ပုံစံတူဖြစ်ပါတယ်။ သူ တို့ရတဲ့ ချေးငွေ သိန်း ၂၀ နဲ့ မြေ ကွက်ဝယ်ပြီးတဲ့အခါ ငွေက ၁၀ သိန်းခန့်သာ ကျန်ပါတော့တယ်။ လိုတဲ့ငွေကို အနည်းငယ်ထပ်မံ ထည့်သွင်းပြီး ဆောက်လုပ် ကြောင်း သိရပါတယ်။ အိမ်ဖိုးက သိန်း ၂၀ ဝန်းကျင်ရှိတယ်လို့လည်း သိရှိရပါတယ်။ မိသားစု ၁၂၀၊ အိမ်အလုံး ၁၂၀ မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပြီး အိမ်ဆိုင်ဖွင့်ထားတဲ့ သူတွေတောင် ပါဝင်ပါသေးတယ်။ KB က သိန်း ၅၀၀ တန် အမျိုးသမီးများ လူမှုအစုအဖွဲ့ခန်းမ (Women Community Centre) ကို လှူဒါန်းထားပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၅ ရက်ကဖွင့်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အမှန်တော့ မြန်မာနိုင်ငံမှာ ပထမဆုံးထွက်ပေါ်လာတဲ့ တော် ဝင်လူမှုအခြေပြုအစုအဖွဲ့ရဲ့ အိမ် ရာစီမံကိန်းဟာ နှစ်ခြမ်းပဲ့အိမ်ရာပဲ ဖြစ်နေရှာပါတယ်။ အိမ် (Shelter) နဲ့ လူမှုဝန်ဆောင်မှု (Social Service) တွေ အသင့်အတင့်ရှိပေ မယ့် အခြေခံအဆောက်အအုံ (Infrastructure) နဲ့ မြေငှားရမ်း ခွင့် (Land Tenure) ဆိုတဲ့ နှစ်ချက်က လိုအပ်နေတာ တွေ့ရပါတယ်။ အိမ်ရာရဲ့ အင်္ဂါလေးရပ်မှာ နှစ်ရပ် သာရှိသေးလို့ နှစ်ခြမ်းပဲ့လို့ ပြောရ တာ ဖြစ်ပါတယ်။

 ရေ၊ မီး စတဲ့အခြေခံ အ ဆောက်အအုံတွေရဖို့ သူတို့အား နဲ့ မတတ်နိုင်ရှာပါဘူး။ အဝီစိတွင်း လေးတွင်းခန့် လိုအပ်ပြီး တစ်တွင်း ကို ၁၀ သိန်းကုန်မယ်လို့ သိရပါ တယ်။ ယခုတော့ ရေဝယ်သုံးနေ ကြရပါတယ်။ အမှိုက်စွန့်တာကို အဖွဲ့က စနစ်တကျစီမံပေးတာ တွေ့ရပါတယ်။ အစိုးရအဖွဲ့အ စည်းများရဲ့ ဖြည့်ဆည်းပေးမှုကို မျှော်လင့်နေကြရှာပါတယ်။

အဆိုးရွားဆုံးက မြေငှားရမ်း ခွင့် (Land Tenure) ပဲ ဖြစ်ပါ တယ်။ သူတို့ဝယ်တဲ့မြေဟာ လန (၃၉) ရပြီးသား ရွှေပေါက်ကံမြို့ မြေထဲမှာ ပါဝင်နေပါတယ်။ လယ် သမားက လုံးဝမပိုင်ပေမယ့် ၂၀၁၂လယ်ယာမြေဥပဒေအရ စီမံကိန်း မလုပ်ရင် သူတို့ပိုင်တယ်ဆိုပြီး ရောင်းသွားတာ ဖြစ်ပါတယ်။ သူ တို့ကပဲ လယ်သမားဆန္ဒပြနေရင် လည်း ဒုက္ခ၊ အစိုးရဆီ နောင်မှပဲ တရားဝင်လျှောက်ထားမယ်၊ အ ရင်ရှင်းလိုက်တာပဲ ကောင်းတယ် ဆိုပြီး ဝယ်ကြတာလို့ သိရပါတယ်။လက်ရှိ မြေပိုင်ရှင် အစစ်အမှန်က မြို့မြေဖြစ်တဲ့အတွက် စည်ပင်က ပိုင်ဆိုင်မှုရှိနေပါတယ်။ ဒါပေမဲ့ စနစ်တကျမရှိတဲ့ မြေစီမံခန့်ခွဲမှု ယန္တရားထဲမှာ သူလိုလို၊ ကိုယ်လို လိုနဲ့ သူတို့အစုအဖွဲ့မှာ ကျူးဖြစ် မှန်းမသိ ဖြစ်နေပါတယ်။ သက် ဆိုင်ရာ မြေစီမံခန့်ခွဲမှု တာဝန်ရှိ အဖွဲ့အစည်းများက မြန်မာနိုင်ငံ မှာ ပထမဆုံးလူမှုအခြေပြုအစု အဖွဲ့ပိုင်မြေ (Community Land) အဖြစ် ချထားပေးရန် လိုအပ်တာ အမှန်ပါပဲ။ ဖွင့်ပဲပြီးပြီ၊ ဖဲကြိုးဖြတ် ပြီးပြီ၊ အဖွင့်စကားပြောပြီးပြီ၊ နောက်ထပ် ဘာလိုသေးလဲမေးရင် မေ့ထားလိုက်ဖို့ပဲ လိုတယ်ဆိုတာ မျိုးတော့ မဖြစ်ပါစေနဲ့လို့ ဆန္ဒပြု ရင်း နိဂုံးချုပ်လိုက်ပါတယ်။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)

Top News