ကုလသမဂ္ဂလူသားချင်းစာနာရေး အရေးကိစ္စများနှင့် အရေးပေါ်ကယ်ဆယ်ရေး လက်ထောက်အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခြင်း

‘‘တစ်ကမ္ဘာလုံး လူသားချင်းစာနာထောက်ထားရေး လိုအပ်ချက်တွေက ခုလောက်ထိ ဘယ်တုန်းကမှ မမြင့်မားခဲ့ဘူး’’
မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းသို့ သွားနေစဉ် Cathal McNaughton / reuters

ဒုတိယကမ္ဘာစစ်အဆုံးသတ်ပြီး နောက်ပိုင်း လူသားချင်းစာနာ ထောက်ထားရေး အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ အခုအမြင့်မားဆုံး အခြေအနေဖြစ် နေပြီး လူပေါင်း ၁၄၅ သန်း လောက်ရှိနေပါတယ်။ အာဖရိက နဲ့ အရှေ့အလယ်ပိုင်းမှာ ရှည်ကြာ တဲ့ ပြဿနာတွေကြောင့် အခြေ အနေဆိုးရွားနေပါတယ်။ ရာသီဥ တုကြောင့် ဖြစ်ပေါ်တဲ့ အရေးပေါ် အခြေအနေတွေ၊ တစ်ခါတလေ မှာ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပေါင်းစပ်ဖြစ်ပေါ်ပြီးတော့ ထိခိုက် လွယ်တဲ့ လူ့အသိုင်းအဝိုင်းတွေအ ပေါ် အကြီးအကျယ်ကသောင်းက နင်းဆက်ဖြစ်နေစေပါတယ်။ ဒီ အခြေအနေတွေအားလုံးကြားမှာ ကုလသမဂ္ဂရဲ့ ပူးပေါင်းတုံ့ပြန် ရေးအစီအစဉ်တွေဟာ ဆိုးဆိုးရွား ရွားရန်ပုံငွေ လျော့ကျနေဆဲဖြစ် နေပါတယ်။


အဲဒါဟာ ကုလသမဂ္ဂလူသား ချင်းဆိုင်ရာ စာနာရေးကိစ္စများနှင့် အရေးပေါ်ကယ်ဆယ်ရေးလက် ထောက်အတွင်းရေးမှူးချုပ်အနေ နဲ့ ရာထူးသက်တမ်းစတင်တဲ့ မက်ခ်လိုးကော့စ်အတွက် လူသား ချင်းစာနာထောက်ထားရေး ပြဿ နာတွေကို တုံ့ပြန်တဲ့ ဦးဆောင် စီမံခန့်ခွဲမှုအတွေ့အကြုံ နှစ်ပေါင်း ၃၀ ကျော်ရှိပြီး အဲဒီရာထူးကို ရယူ ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ အခန်းကဏ္ဍသစ်မှာ မစ္စတာလိုးကော့စ်ဟာ ကုလသမဂ္ဂလူသားချင်းစာနာထောက် ထားရေးကိစ္စများဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး (OCHA)ရဲ့ အ ကြီးအကဲအနေနဲ့ တာဝန်ထမ်း ဆောင်ပြီး အရေးပေါ်အခြေအနေ တွေကို ညီညီညွတ်ညွတ်တုံ့ပြန် ရေး၊ လူသားချင်းစာနာထောက် ထားရေး ကူညီမယ့်လူတွေကို တပေါင်းတစည်း ဖြစ်စေမယ့် ကြိုးပမ်းမှုတွေကို ကြီးကြပ်နေပါ တယ်။

သူဟာ ချဒ်ရေကန်ဒေသကို အဲဒီအလုပ်စပြီး ရက်ပိုင်းအတွင်း မှာ ခရီးသွားခဲ့ရပြီးတော့ ကုလသမဂ္ဂအထွေထွေညီလာခံအဆင့် မြင့် အစည်းအဝေးကို ပထမဆုံး တက်ရောက်ခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံက ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဘင်္ဂါ လီဒုက္ခသည် ငါးသိန်းလောက်ရဲ့ ဒုက္ခကို ပထမဆုံးကိုင်တွယ်ဖို့ ပြင် ဆင်နေပါတယ်။

မစ္စတာလိုးကော့ခ်ဟာ အဲဒီ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားရေးအကြီးအကဲရာ ထူးကို လက်ခံခဲ့တဲ့ အကြောင်းရင်း၊အဲဒီအလုပ်မှာ တာဝန်ထမ်းဆောင် ရတဲ့ ပထမဆုံးရက်သတ္တပတ်အ ခြေအနေတွေနဲ့ သူ့ရဲ့ ရာထူးသက် တမ်းအတွင်းမှာ အောင်မြင်အောင်လုပ်ဆောင်ဖို့ မျှော်လင့်ထားတဲ့ အရာတွေနဲ့ ပတ်သက်ပြီး UN Newsသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လက်ရှိဖြစ်ပေါ် နေတဲ့ လူသားချင်းစာနာထောက် ထားရေး အခြေအနေကို အားလုံး ခြုံပြီးတော့ သုံးသပ်ပေးပါ။

ကမ္ဘာမှာ အခုလောက် လူ သားချင်းစာနာထောက်ထားရေး အကူ အညီလိုအပ်မှု ပိုများတာမျိုး မရှိခဲ့ပါဘူး။ လူပေါင်း ၁၄၅ သန်း လောက် အကူအညီတွေ လိုနေပါ တယ်။ လိုအပ်ချက်တွေကနေ တစ်ဆင့် ကျွန်တော်တို့ဟာ ဒီနှစ် ကုလသမဂ္ဂရဲ့ အပြေးအလွှားလုပ် ဆောင်မှုတွေမှာပါဝင်ပြီးတော့ အဲ ဒီလူတွေထဲက သန်း ၁၀၀ လောက်ဆီကိုရောက်ဖို့ ကြိုးစားနေပါ တယ်။ ကျွန်တော်ပြောနိုင်တာက တော့ ကမ္ဘာလုံးဆိုင်ရာ လူသား ချင်းစာနာထောက်ထားရေး စနစ် ဟာ ထိရောက်တဲ့ စနစ်တစ်ခုဖြစ် တယ်ဆိုတာပါပဲ။ နှစ်တိုင်း လူ သန်းပေါင်းများစွာဆီကို ကျွန် တော်တို့ ရောက်တယ်။ လူ့အ သက်ပေါင်းသန်းနဲ့ချီပြီးတော့ ကျွန်တော်တို့ ကယ်တင်နေတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့ လိုအပ်နေတဲ့ ရင်းမြစ်တွေအားလုံး ကျွန်တော်တို့မှာ မရှိဖြစ်နေပြီးတော့ ကျွန် တော်တို့ရဲ့ ဆောင်ရွက်မှုတွေအ တွက် အကူအညီနည်းနည်းပိုရဖို့ လိုအပ်နေပါတယ်။

ခင်ဗျား ဒီရာထူးစယူပြီးတော့ သီ တင်းတစ်ပတ်မှာပဲ ချဒ်ရေကန်ချိုင့်ဝှမ်းဒေသကို ခင်ဗျားပထမဆုံး သွားခဲ့တယ်။ ဘာကြောင့်လဲ။

ကျွန်တော် တခြားအလုပ် တစ်ခု လုပ်နေချိန် ပြီးခဲ့တဲ့ နှစ်ကုန်က ၂၀၁၇ မှာ ကမ္ဘာပေါ်မှာအငတ် ဘေးလေးခုဖြစ်နိုင်ခြေရှိတာနဲ့ ပတ်သက်လို့ ကျွန်တော်စိုးရိမ်မိခဲ့ တယ်။ အဲဒါတွေထဲက တစ်ခုက တော့ ချဒ်ရေကန်ချိုင့်ဝှမ်းဒေသ ဖြစ်တယ်။ ဒါကြောင့် ဘာဖြစ်ခဲ့ တယ်ဆိုတာကို သွားကြည့်ချင်ခဲ့ တယ်။ အဲဒီဒေသမှာ ကျွန်တော် တွေ့ခဲ့တာကတော့ လူပေါင်း ၁၀ သန်းလောက်ဟာ အစာငတ်မွတ် ဖို့ လက်တစ်ကမ်းပဲလိုပါတော့ တယ်။ ဒါပေမဲ့ နိုင်ငံတကာအသိုင်း အဝိုင်း ကုလသမဂ္ဂ၊ အစိုးရမဟုတ် တဲ့ အဖွဲ့တွေ၊ ကြက်ခြေနီအဖွဲ့တို့ က အဲဒီဒေသရဲ့ အစိုးရအဖွဲ့တွေ ကို ကျောထောက်နောက်ခံပြုပြီး တော့ အဲဒီလူသန်းပေါင်းများစွာ ကို အသက်ကယ်အကူအညီတွေ ပေးခဲ့ကြပါတယ်။ ဒီပြဿနာ ကြောင့် ဘဝတွေ ထိခိုက်နေရသူ တွေရဲ့ အသံတွေကို ကျွန်တော်နား ထောင်ခဲ့တယ်။ သူတို့ရဲ့ ဇာတ် ကြောင်းတွေကို ကျွန်တော်နား ထောင်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ ကုလ သမဂ္ဂ အထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေဆီပြန်ပြီး တင်ပြခဲ့ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး သမားတစ်ယောက်အနေနဲ့ ကျွန် တော်အမှန်တကယ်လုပ်ချင်တဲ့ ဟာတွေထဲက တစ်ခုကတော့ အဲဒီ လူတွေအတွက် အကျိုးဆောင်ဖို့ သူတို့ရဲ့ ဇာတ်ကြောင်းတွေကို နားထောင်ပြီးတော့ ပိုကျယ်ပြန့်တဲ့ လောကဆီ တင်ပြဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်အဲဒီကို သွား ခဲ့တာပါ။

ချဒ်ရေကန်ချိုင့်ဝှမ်းဒေသ အခြေ အနေကို ဒီက နယူးယောက်မှာ အဆင့်မြင့်ဆွေးနွေးတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ ခင်ဗျားရစေချင်ခဲ့တဲ့ကမ္ဘာရဲ့ အာရုံစိုက်မှုမျိုးရခဲ့လား။

ကျွန်တော်တို့ ဆွေးနွေးခဲ့တာ  တကယ်ပဲ အရမ်းကောင်းပါတယ်။ အဆင့်အတော်များများနဲ့ ပတ် သက်လို့ ကျွန်တော်ဝမ်းမြောက်မိ ပါတယ်။ ပထမဆုံးအနေနဲ့ အဲဒီ ဒေသအစိုးရအဖွဲ့တွေဟာ အဲဒီ ပြဿနာကို ဖြေရှင်းရာမှာ သူတို့ ဘယ်လိုဦးဆောင်နေကြတယ်ဆို တာနဲ့ ပတ်သက်ပြီး အရမ်းခိုင်လုံ တဲ့ ဇာတ်ကြောင်းတစ်ခုကို လာ ရောက်ပြောဆိုခဲ့ကြပါတယ်။ ဒုတိ ယအနေနဲ့ အလှူရှင်တွေ အများ ကြီးက ရင်းမြစ်အသစ်တွေပေးဖို့ ရက်ရက်ရောရောကတိပြုခဲ့ကြပါ တယ်။ ဒါပေမဲ့ တတိယအနေနဲ့ အရေးအပါဆုံးအနေနဲ့ ဘဝတွေ ထိခိုက် ခံစားခဲ့ရသူတွေရဲ့ အ ကြောင်းကို ကျွန်တော်တို့ ပြောပြ နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဓာတ် ပုံတွေ ပြသခဲ့ပြီး သူတို့ကြုံတွေ့ရ တာတွေကို ပြောပြခဲ့တယ်။

မြန်မာနိုင်ငံအကြောင်းကို ပြော ကြရအောင်။ အခုဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားပြီဖြစ်တဲ့ ဘင်္ဂါလီလူမျိုးတွေရဲ့ လူသားချင်း စာနာထောက်ထားရေး အကူအ ညီဟာ ဆိုးရွားနေဆဲဖြစ်တယ်ဆို တာ နေ့စဉ်သတင်းတွေက ဖော်ပြ နေပါတယ်။ ပြီးတော့ ကုလသမဂ္ဂ က လုံလောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးမရှိဘူးဆိုပြီးတော့လည်း စွပ်စွဲမှုတွေရှိနေပါတယ်။ ဘာတွေ ပြီးစီးအောင် ဆောင်ရွက်ဖို့လိုမ လဲ။ တိုးတက်ကောင်းမွန်မှု တစ်စုံ တစ်ရာရှိသလား။

အင်း၊ မြန်မာနိုင်ငံရဲ့ ပြဿ နာရင်းမြစ်တွေဟာ မြန်မာနိုင်ငံ တွင်းမှာပဲ တည်နေပါတယ်။ အဖြေတွေဟာလည်း မြန်မာနိုင်ငံ တွင်းမှာလည်းရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ကိုလုပ် ရမယ့် ဟာတစ်ခုကတော့ ထွက်ပြေးသွားတဲ့ လူပေါင်း ၄၈၀,၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ကို အသက် အတွက် စိုးရိမ်လို့ ထွက်ပြေးသွား သူတွေကို အဲဒီမှာ ကောင်းကောင်းစောင့်ရှောက်ထားဖို့ပဲ ဖြစ်ပါ တယ်။ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်လာသူတွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်ဆီကို အကူအညီပုံစံ တချို့ ကျွန်တော်တို့ပေး ပို့ထားနိုင် ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့ ပိုကောင်းအောင် လုပ်ဖို့ လိုပါတယ်။

ကုလသမဂ္ဂရဲ့ ထိပ်တန်းလူသား ချင်းစာနာရေး အရာရှိရာထူးကို ခင်ဗျား ဘာအကြောင်းတွေ ကြောင့် လက်ခံဖြစ်ခဲ့တာလဲ။

ကျွန်တော့်ရဲ့ အရွယ်ရောက် ပြီး ဘဝတစ်ခုလုံးကို အဲဒီကိစ္စတွေ လုပ်ဆောင်ရင်း ကုန်ဆုံးခဲ့တာပါ။ ကျွန်တော့်ရဲ့ ပထမဆုံးအလုပ်က ၁၉၈၄-၈၅ အတွင်း အီသီယိုးပီး ယားမှာ အငတ်ဘေးကယ်ဆယ် ရေး ကြိုးပမ်းမှုတွေ လုပ်ဆောင် တာပဲဖြစ်ပါတယ်။ ဒီအလုပ်လုပ်ရ တာ ကျွန်တော်အမြဲပဲ သဘော ကျပါတယ်။ ကွဲပြားသွားစေမယ့် အရာတွေကို လုပ်ဆောင်ရတာ ကျွန်တော်သဘောကျပါတယ်။ ဒါ ပေမဲ့ ဧပြီက အတွင်းရေးမှူးချုပ် ကျွန်တော့်ကို ဆက်သွယ်ချိန်က ဒီ အလုပ်နဲ့ ပတ်သက်တဲ့ တကယ့် အကြောင်းရင်းကြောင့် ကျွန်တော် လက်ခံဖို့ ဆုံးဖြတ်ရာမှာ လွယ်ကူ ခဲ့ပါတယ်။

ခင်ဗျားရဲ့ ရာထူးသစ်ကို လက်မခံ ခင်မှာ အကြီးမားဆုံးစိန်ခေါ်မှုအ နေနဲ့ ခင်ဗျားဘာကို မြင်မိလဲ။

သုံးခုရှိပါတယ်။ ဒေသကြီး တွေမှာ ကျွန်တော်တို့ တိုးတက်မှု တချို့ပြုလုပ်ထားနိုင်ပါတယ်။ ပထမကတော့ ပဋိပက္ခတွင်းမှာ တိုက်ခိုက်ရေးသမားတွေ၊ ပါဝင် တိုက်ခိုက်သူတွေ ပြုမူပုံနဲ့ ဆက် စပ်နေပြီးတော့ ကျွန်တော်တို့ ရင် ဆိုင်နေရတာ အကြီးမားဆုံးစိန် ခေါ်မှုတစ်ခုဟာ ရက်စက်မှုတွေ ပဋိပက္ခအတွင်း လုပ်ဆောင်ခဲ့တာ တွေနဲ့ ဆက်စပ်နေလို့ လူသန်းနဲ့ ချီပြီး ထိခိုက်ခံစားကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုးတက် မှုတချို့ လုပ်နိုင်မယ်ဆိုရင် ထိခိုက်ခံစားရတာတွေ အများကြီးကို လျှော့ချနိုင်ပါလိမ့်မယ်။

ဒုတိယအနေနဲ့ စားနပ်ရိက္ခာ ပြဿနာတွေ ရှည်ကြာနေမှုကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့ နိုင်ငံအရေအတွက် ပိုများအောင် လုပ်ဖို့ လိုပါတယ်။

ကျွန်တော် ဖြေရှင်းချင်တဲ့ တတိယစိန်ခေါ်မှုကတော့ ပို ကောင်းတဲ့ စီးပွားရေးပုံစံတည် ဆောက်တာ၊ လည်ပတ်မှုစနစ် တည်ဆောက်တာ၊ ဒုက္ခသည်တွေ နဲ့ ထွက်ပြေးနေရသူတွေရဲ့ ပြဿ နာကို ဖြေရှင်းဖို့ဖြစ်ပါတယ်။

ခင်ဗျားရဲ့ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားရေး ထိပ်တန်း အရာရှိရာထူးသက်တမ်းကုန်ချိန် မှာ ခင်ဗျားကိုယ်တိုင်ပြီးမြောက် အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားတာဘာရှိလဲ။

အဲဒီကိစ္စသုံးခုကို တကယ် တိုးတက်မှုတချို့ရှိဖို့ပေါ့။ တိုက် ခိုက်မှုတွေအတွင်းမှာ ပါဝင်တိုက် ခိုက်သူတွေ ကျူးလွန်တဲ့ ရက်စက် မှုလုပ်ရပ်တွေ လျော့ကျသွား အောင်၊ ပိုကောင်းအောင် ကိုင် တွယ်ဖြေရှင်းဖို့ ရှည်ကြာနေတဲ့ စားနပ်ရိက္ခာဖူလုံရေး ပြဿနာကို ဖြေ ရှင်းဖို့ ဒုက္ခသည်ပြဿနာစတာ တွေကို တိုးတက်အောင် လုပ် ဆောင်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အဖွဲ့အစည်းကိုလည်း တတ်နိုင်သမျှ တောင့်တင်းတဲ့ အဖွဲ့တစ်ဖွဲ့ အနေနဲ့ ချန်ရစ်ခဲ့ချင်ပါတယ်။

ကမ္ဘာတစ်ဝန်းက လူသားချင်းစာ နာထောက်ထားရေးဆိုင်ရာ လို အပ်မှုတွေ အများကြီးအတွက် တုံ့ပြန်ဖို့ရာမှ အထွေထွေညီလာ ခံမှာ သိပ်မကြာခင်က ရောက်ရှိ လာခဲ့တဲ့ ကမ္ဘာခေါင်းဆောင်တွေ ဆီက ခင်ဗျားဘာကြားသိခဲ့ရလဲ။

ကျွန်တော်အရင်က အထွေ ထွေညီလာခံကို တစ်ခါမှ မရောက် ခဲ့ဖူးဘူး။ ကျွန်တော်နိုင်ငံတကာ အစည်းအဝေးတွေ တက်လာတာ နှစ် ၃၀ ကျော်ခဲ့ပေမယ့် အထွေထွေညီလာခံကို တက်ရောက်တာ ဒါပထမဆုံးအကြိမ်ဖြစ်ဖို့ ကျွန်တော် မသိတဲ့ လူတွေနဲ့ တွေ့ဆုံခဲ့ရပြီး အများကြီး လေ့လာသင်ယူခဲ့ရပါတယ်။ ခေါင်းဆောင်တွေဆီက ကျွန်တော်ကြားသိခဲ့ရတဲ့ဟာတွေဟာ လူသားချင်းစာနာထောက် ထားရေး ခံစားနေရာတာတွေအ တွက် အစီအစဉ်တွေ အများကြီး ဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ လူတိုင်းဆီက ရှု ထောင့်အားလုံးက ကျွန်တော် ကြားသိခဲ့ရတယ်။ အစိုးရအဖွဲ့တွေ၊ အေဂျင်စီတွေ၊ လူမှုအဖွဲ့အစည်းတွေကို ကျွန် တော်ပြောဆိုဆွေးနွေးပြီး နားထောင်ခဲ့တယ်။ ပြီးတော့ ကုလသမဂ္ဂမိသားစုအတွင်းမှာ ဆောင်ရွက်မှုတွေအတွက် ထောက်ပံ့ ကူညီမှုတွေ အများကြီးရှိနေတယ် လို့ ကျွန်တော်ထင်တဲ့အတွက် ကြောင့် အရမ်းပဲအားတက်စရာ ဖြစ်ရပါတယ်။ ဒီနယ်ပယ်မှာ OCHA ကလည်း လုပ်ဆောင်နေ တာတွေ အပါအဝင်ပေါ့။ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်ဖို့ လိုသူတွေအားလုံးနဲ့ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းရပြီး သူတို့က ကျွန် တော်တို့ဆောင်ရွက်နေတဲ့ ကိစ္စ တွေကို စိတ်ဝင်စားပြီးတော့ အ လေးထားကြလို့ပဲဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်

—Ref:UN News


မစ္စတာလိုးကော့ခ်
reuters


ကော့ဘဇားဒုက္ခသည်စခန်းကို တွေ့ရစဉ်
Cathal McNaughton / reuters

Top News