ပညာရေးမှာ ဟန်ပြတွေ ရပ်ပေးပါတော့

(တစ်)

ကျွန်တော်ကိုယ်တိုင်က ကျောင်း ဆရာတစ်ယောက်ဖြစ်လို့လားမ သိ ပညာရေးလောကအကြောင်း ကို မကြာမကြာ တွေးမိတတ်ပါ တယ်။ ကျွန်တော်တို့ ပညာရေး ဘာကြောင့် မအောင်မြင်ရသလဲ၊ နိမ့်ကျနေရသလဲဟူ၍။ ကျွန်တော် တို့ ပညာရေးနိမ့်ကျသွားရသည့်အ ဓိက အကြောင်းရင်းပေါင်းများစွာ ရှိပါလိ့မ်မည်။ ဟိုတစ်ချိန်က စီမံ ခန့်ခွဲမှု ပုံစံတွေ ညံ့ဖျင်းခဲ့တာ၊ ဆ ရာ၊ ဆရာမတွေ အရည်အသွေး သိပ်မရှိတာ၊ ကျောင်းသား၊ ကျောင်းသူတွေ ကိုယ်တိုင်က ပ ညာကို လိုလိုချင်ချင်နဲ့ လိုက်မယူ တာ၊ ကျောင်းမှာ စာကြည့်တိုက် တွေမရှိတာ စသည်စသည်ဖြင့် အ ကြောင်းရင်းတွေက များမှများ။ ထိုအထဲမှာမှ တကယ်မလုပ်ဘဲ ဟန်ပြတွေလုပ်ခြင်းကြောင့်၊ အ ပေါ်ယံကြောတွေ လုပ်ပြပြီး မျက် နှာယူနေခြင်းကြောင့် ကျွန်တော် တို့ပညာရေး နိမ့်ဆင်းကျသွားရ ခြင်းသည်လည်း တစ်ချက်အပါအ ဝင် ဖြစ်ပါသည်။ ထိုအချက်ကို မည်သူမျှ အငြင်းမပွားတန်ရာ။ နိုင်ငံ့ခေါင်းဆောင်တွေ၊ အထက် လူကြီးတွေက ဘယ်လောက်ပဲ ပြောင်းပြောင်းဟု အော်နေ ပြော နေသော်လည်း တကယ်အလုပ် လုပ်နေသူ အောက်ခြေဝန်ထမ်း တွေ မပြောင်းလျှင် ဘာမှကို မ ပြောင်းလဲနိုင်ပါ။ အခြေခံက စ ပြောင်းမှသာ ကျွန်တော်တို့ပညာ ရေး တကယ်ကို ထူးခြားပြောင်းလဲ လာမှာပဲ ဖြစ်သည်။ အခြေခံ (Foundation) ကောင်းမှသာ အ မြင့်ပိုင်း အဆင်ပြေနိုင်မှာကိုး။ အ ခုကျွန်တော်တို့ ပညာရေး ဖြစ်နေ သည်က အခြေခံဖြစ်သည့် အောက်ခြေဝန်ထမ်း ကျောင်းအုပ်ဆရာ၊ ဆရာမကြီး၊ ဆရာ၊ ဆရာမတွေ ကအစ မပြောင်းလဲခြင်းပါ။ ကျွန် တော်တို့တွေ ဘယ်လိုလုပ်ရပါ့။ ဘာကြောင့် ဒီလိုတွေ ကျွန်တော် ပြောနိုင်ရသနည်း။ ကျွန်တော်သေ ချာ ရှင်းပြပါမည်။ အောက်တွင် ကြည့်ပါ စာဖတ်သူမိတ်ဆွေ။

(နှစ်)

တစ်နှစ်ကိုနှစ်ခါလောက်ဖြစ် ဖြစ် သက်ဆိုင်ရာကျောင်းတိုင်း ကျောင်းတိုင်းကို တိုင်းစစ်ဆေးရေး အဖွဲ့ပဲဖြစ်ဖြစ်၊ ခရိုင်စစ်ဆေးရေး အဖွဲ့ပဲဖြစ်ဖြစ် အမြဲလိုလို လာ တတ်ပါသည်။ စာရင်းဇယားတွေ လုပ်ထားခြင်းရှိ၊ မရှိ။ နေ့စဉ်မှတ် တမ်းတွေ၊ သင်ပြနည်းမှတ်စုတွေ၊ သင်ထောက်ကူပစ္စည်းတွေ စသည် တို့ ရေးထား၊ လုပ်ထား၊ ဆွဲထား ခြင်းရှိ၊ မရှိ လာစစ်တတ်ပါသည်။ ကျွန်တော်တာဝန်ကျရာ ကျောင်း ကလေးကို ထိုနည်းတူ သက်ဆိုင် ရာ အဖွဲ့လာစစ်ပါသည်။ လိုအပ် တာလေးတွေကို သင်ပြ၊ ညွှန်ကြား ပေးပြီးသွားသောအခါ တာဝန်ရှိ သူအကြီးအကဲ တစ်ယောက်က ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ နှင့် ကျောင်းအုပ်ကြီးကို အစည်း အဝေးခေါ်ပြီး စကားအနည်းငယ် ပြောပါသည်။ ထိုစကားတွေထဲ မှ ကျွန်တော်ပြောချင်သည့် အဓိက အပိုင်းကိုပဲ ပြောပါတော့မည်။ ကလေးတွေ ထူးချွန်ထက်မြက်လာ အောင်၊ ကလေးတွေရဲ့ ရင်ထဲပရ ဟိတစိတ်ဓာတ်တွေ ဝင်လာ အောင်၊ ကလေးတွေရဲ့ ခန္ဓာကိုယ် တွေ ဖွံ့ဖြိုးလာအောင် တစ်ပတ် တစ်ခါ စာဖတ်ကြဖို့၊ တစ်ပတ်တစ်ခါ အားကစားလုပ်ကြဖို့ အထူးလို အပ်ကြောင်း ညွှန်ကြားသွားခဲ့ပါ သည်။ ထိုင်နားထောင်နေသူ ကျွန် တော်ကတော့ ထိုအထက်လူကြီး ၏ ပြောစကားတွေထဲမှ ထိုစကား နှစ်ခွန်းကိုတော့ အတော့်ကို ကြိုက် ပါသည်။ ဟုတ်ပါသည်။ ကျွန် တော်တို့ရဲ့ ကလေးတွေခန္ဓာကိုယ် ဖွံ့ဖြိုးလာဖို့၊ အပေါင်းအသင်းစိတ် ဓာတ်ဝင်လာဖို့၊ အပေးအယူမျှ တတ်လာစေဖို့၊ သူ့ဘက်ကိုယ့် ဘက်ခံစားနားလည်လာတတ်စေ ဖို့၊ ပူးပေါင်းဆောင်ရွက်တတ်စေ ဖို့ အားကစားလိုပါသည်။ စာရေးဆရာကိုတာ ဘာသာပြန်ထား သည့် ‘ငါတို့ဘာကြောင့် ကျောင်း သွားရတာလဲ’ ဟူသော စာအုပ် ကလေး ကျွန်တော့်လက်ထဲတွင် ရှိ ပါသည်။ ထိုစာအုပ်တစ်နေရာတွင် သည်စကား တစ်ခွန်းပါပါသည်။ ‘‘ဂျပန်က သူတို့ကလေးတွေကို မူ ကြိုကျောင်းပို့တာက တခြားက လေးတွေနဲ့ ဆော့ကစားတဲ့အခွင့် အရေး ရအောင်လို့တဲ့။ ဒါမှသာ ငယ်စဉ်ကတည်းက တခြားသူတွေ ကို ထောက်ထား၊ စာနာတတ်တဲ့၊ တခြားသူတွေနဲ့ ပူးပေါင်းဆောင် ရွက်တတ်တဲ့ အလေ့အကျင့် ကောင်းလေးတွေ သူတို့စိတ်ထဲ ဝင်လာမှာတဲ့’’ ခင်ဗျာ။ ကျွန်တော် ဖတ်ပြီး အင်မတန် အံ့သြသွားရပါ သည်။ ကျောင်းပို့တာအလကား မဟုတ်။ အားကစားလုပ်ခိုင်းတာ၊ ဆော့ခိုင်းတာ အလကားမဟုတ်။ ရည်ရွယ်ချက်တွေနှင့်။ အစီအစဉ် တွေနှင့်။ ဒါကြောင့်မို့ ဂျပန်နိုင်ငံ ပညာရေးထိပ်တန်းရောက်သွား တာ သိပ်မဆန်းပါ။

ကျွန်တော်တို့ဆီက ကျောင်း တွေကျတော့...။ ကာယအချိန် မှာလည်း စာသင်။ ရသအချိန်မှာ လည်းစာသင်။ စာ...စာ...စာ။ စာမှစာ။ ဘာအားကစား၊ ဘာ ဆော့ကစားခွင့်မှ ကလေးတွေကို လုပ်ခွင့်မပေး။ ကျောင်းဆိုသော် လည်း အားကစားကွင်းမရှိ၊ ရှိပြန် တော့လည်း ကလေးတွေကို ကစား ခွင့်မပြု။ အခုဖြစ်နေသည်က က လေးတွေ ကစားနေတာ မြင်ရင် ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမ တွေက ချက်ချင်းရပ်ခိုင်းပြီး စာ သင်ခန်းဆီ ဝင်ခိုင်းတော့သည်။ ကလေးတွေမှာ ကစားချိန်မရှိ။ ပျော်ရွှင်ချိန်မရှိ။ ကြာတော့ စာသင်ရမှာကို အင်မတန်ကြောက်လာ တော့သည်။

ကျွန်တော်တို့တွေ ‘မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်’ ဟုဆိုသာဆိုနေကြသော်လည်း တကယ်ကောလွှမ်းနိုင်လို့လား။ ကမ္ဘာကိုမပြောနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံကိုတောင်နိုင်တော့လို့လား။ စာရွက်ပေါ်မှာသာ ‘လွှမ်းရ မည်...လွှမ်းရမည်’ ဟုအော်နေရုံနှင့် အလုပ်မဖြစ်ပါ။ တကယ်လွှမ်းချင်ရင် တကယ်လုပ်အဟုတ်တကယ်ဖြစ်ပါလိမ့်မယ်။ အခြေခံဖြစ်သည့် ကျောင်းတွေက ကလေးတွေအတွက် အားကစားကွင်းတွေ လုပ်ပေး၊ ဖောက်ပေးမှသာ တကယ်ကမ္ဘာကို ယှဉ်နိုင်မှာပဲဖြစ်သည်။

ကျောင်းတွေက ကလေးတွေကို လွတ်လွတ်လပ်လပ် ကစားခွင့် ပေး၊ အားကစားလုပ်ခွင့်ပေးမှ သာလျှင် ကျွန်တော်တို့ မြန်မာ့အားကစား တကယ်တိုးတက်လာမှာပဲ ဖြစ်သည်။ အခုကျွန်တော်တို့ ကျောင်းတွေ လုပ်နေကြသည်က ဟန်ပြတွေ၊ အတုအယောင်တွေ။ တကယ်မဟုတ်။ အားကစားလှုပ်ရှားမှု ဓာတ်ပုံတွေ၊ မှတ်တမ်းတွေ ပို့ပေးပါ၊ လိုချင်သည်ဟု အထက်က ညွှန်ကြားလာသောအခါ က လေး လေး၊ ငါးယောက်ကို ခေါ်ပြီး ဟန်ပြခြင်းတွေခတ်ခိုင်း၊ ဟန်ပြ ဘောလုံးကန်ခိုင်းပြီး ဆရာ၊ ဆရာမတွေက ဘေးကနေဖုန်းနဲ့ ဓာတ်ပုံ ရိုက်ပြီးတော့အထက်ကို ပို့လိုက် ကြသည်။ မယုံမရှိပါနှင့်။ ကျွန် တော့်ကိုယ်တွေ့မို့ပါ။ ယခုလက်ရှိ သည်လိုတွေ လည်ပတ်မောင်းနှင် နေသော ကျွန်တော်တို့ မြန်မာ့ အားကစား။ ကျွန်တော်က ဟန်ပြ တွေမဟုတ်ဘဲ တကယ်ကလေး တွေကို အားကစားလုပ်ခွင့်ပေးဖို့ သက်ဆိုင်ရာ ဆရာ၊ဆရာမတွေ နှင့် ကျောင်းအုပ်ကြီးကို တင်ပြ တောင်းဆိုဖူးပါသည်။ သို့သော်ဘယ်လိုမှမထူးခြား။အားလုံးလို ချင်နေကြသည်က အောင်ချက် ကောင်းဖို့။ ကျန်တာတွေစိတ်မဝင်စား။ ကျွန် တော်တို့ ပညာရေး က အရည်အချင်းထက် အရေအ တွက်ကို ပိုလိုချင်နေသောပညာ ရေး။ စာရွက်ပေါ်မှာသာ အရည် အသွေးမြင့်မားသော ကျောင်း သား၊ ကျောင်းသူတွေဖြစ်လာစေ ဖို့။ သို့သော် တကယ့်လက်တွေ့က ဗလာနတ္ထိ။ သြော်...အထက်လူကြီးတွေ ဘယ်လောက်ပဲပြောင်း ပြောင်းဟု အော်နေ၊ ပြောနေသော် လည်း အခြေခံက မပြောင်းလဲ လျှင် ဘာမှမပြောင်းလဲပါကလား။

(သုံး)

နောက်အနည်းဆုံးတစ်ပတ်  တစ်ခါ စာဖတ်ကြဖို့ကိစ္စ၊ ဒါက လည်း အားကစားကိစ္စနှင့် ထူးမ ခြားနား။ စာကြည့်တိုက်ရှိသော်လည်း စာအုပ်က မစုံလင်။ ရှိတဲ့ စာအုပ်တွေ ကျပြန်တော့လည်း ကလေးတွေရဲ့ စာဖတ်ချင်စိတ်ကို နှိုးဆွပေးသည့် စာအုပ်တွေ မ ဟုတ်။ ကလေးတွေကို စာဖတ်ဖို့ တိုက်တွန်းသော ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က စာသိပ်မဖတ်။ ထို့ကြောင့် ကလေးတွေရဲ့ စိတ်ထဲ စာဖတ်ချင်စိတ်ဝင်သွားအောင် ဘယ်လိုမှ မသွတ်သွင်းပေးနိုင်။ ဘယ်လိုတွေ စခန်းသွားရပါ့။ အထက်တန်းဖြစ်သော ဆယ်တန်းကျောင်းသား၊ ကျောင်းသူတွေကို စာဖတ်ဖို့ ကျွန်တော်က ပြောတော့ ကျန်ဆရာ၊ ဆရာမတွေက ရန် တွေ့တော့သည်။ ဆရာမတစ် ယောက်က ထပြီး ‘‘ဆယ်တန်းက အရေးကြီးတဲ့ အတန်းဖြစ်ကြောင်း၊ စာဖတ်နေရင် ကျောင်းစာတွေ လုပ်ဖြစ်တော့မှာ မဟုတ်ကြောင်း၊ ဘာသာရပ်တွေနဲ့ပဲ လုံးပန်းနေရတာမို့ ကလေးတွေမှာ စာဖတ်ဖို့ အချိန်မရှိကြောင်း၊ စာ ဖတ်စေချင်ရင် ဆရာ့အချိန်တွေ ကိုပဲ ကလေးတွေ စာဖတ်ဖို့ ပေးလိုက်ပါ၊ ကျွန်မတို့ အချိန်တွေကိုတော့ ကလေးတွေ စာဖတ်ဖို့မ ပေးနိုင်ပါကြောင်း’’ စသည့် စသည်ဖြင့် ကျွန်တော်တို့ ပြန်ပြောသော စ ကားတွေ။

ကျွန်တော်သက်ပြင်းချရုံမှတ ပါး အခြားမရှိ။ လူမှာပြောင်းလဲ ခြင်းနှစ်မျိုးရှိသည်ကို အားလုံးသိပါ လိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ (Physical) ပြောင်းလဲခြင်းနှင့် စိတ်ပိုင်း ဆိုင်ရာ (Mental) ပြောင်းလဲခြင်း ပါ။ လူတစ်ယောက်မှာ ရုပ်ပိုင်း ဆိုင်ရာ (Physical) တစ်ခုတည်း ပြောင်းလဲနေလို့ မရပါ။ စိတ်ပိုင်း ဆိုင်ရာ (Mental) လည်း ဖွံ့ဖြိုးတိုး တက်ဖို့ အထူးလိုအပ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ (Mental) ဖွံ့ဖြိုး တိုးတက်ဖို့ဆိုလျှင် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီစသော အနုပညာ ပစ္စည်းတွေကို ခံစားတတ်ဖို့၊ ဖတ် ရှုတတ်ဖို့ လိုအပ်လာပါပြီ။ စာ အုပ်စာပေတွေ ဖတ်ခြင်းဖြင့်သာ လူတွေရဲ့ စိတ်ဓာတ် အဆင့်အတန်းတွေ ပြောင်းလဲလာမှာပါ။ သည်အတိုင်းဘာမှမလုပ်ဘဲ နေရုံ နှင့်တော့ ဘာမှ မပြောင်းလဲနိုင်ပါ။

အခုကျွန်တော်တို့ ကျောင်း တွေ ဖော်ဆောင်နေသည်က ဟန်ပြတွေ၊ နိုင်ငံတကာစာတတ် မြောက်ရေးနေ့ ဟောပြောပွဲမှတ် တမ်း၊ ဓာတ်ပုံတွေပို့ပေးပါဟု ညွှန်ကြားလာသောအခါ လုပ်ပေဦး ပေါ့ ဟန်ပြတွေ။ စာအုပ်အငှားစာ ရင်းတွေ ကြည့်မယ်ဟု ပြောလာ သောအခါ စာအုပ်ထဲမှာ ထည့်ကြ ပေဦးပေါ့ ဟန်ပြစာအုပ်အငှားစာရင်းလူတွေ။ ရှေးတုန်းကလူတွေ ဟန်ပြတွေ လုပ်ခဲ့ကြလို့ ကျွန်တော်တို့ပညာရေး ဘယ်အဆင့်ထိ အောင် နိမ့်ကျသွားခဲ့ရသလဲဆိုတာ ရှေ့မှာ နမူနာယူရကောင်းမှန်းမသိ။ သည်လိုသာ ဟန်ပြတွေနဲ့ ရှေ့ခရီးဆက်နေလို့ကတော့ ကျွန် တော်တို့ ပညာရေး လွမ်းကြပေဦး ပေါ့...။

(လေး)

သြော်... ယနေ့လိုပညာဖြင့် ဦးဆောင်နေသည့် ၂၁ ရာစုအ ရောက်မှာ ကမ္ဘာကိုမီချင်၊ ရင် ပေါင်တန်းချင်တယ်ဆိုရင် ပညာ ရေးမှာ ဟန်ပြတွေ ရပ်ပေးပါတော့ လို့ ဆိုလိုက်ပါရစေတော့။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)

Top News