မြင်းကျား

တွေ့တယ် မဟုတ်လား။

မြင်းကျားဟာ ရှားပါးလာ တဲ့ တိရစ္ဆာန်တစ်ကောင်ဆိုတာ။

တကယ်ပါပဲ။

မြင်းကျားဟာ တစ်နေ့တခြား ရှားရှားလာပြီ။

မြင်းကျားဟာ သူ့ရဲ့ဂုဏ်သတ္တိ တွေ၊ သူ့ရဲ့ သီးခြားဆန် အရည် အသွေးတွေ မှုန်ဝါးလို့သွားတယ်။

မြင်းကျားဟာ သာမန်မြင်း တွေအဖြစ် မျိုးရိုးအသွင်ပြောင်း လဲလာတယ်။ ဒါဟာ သတ္တဗေဒ သဘောအရ အံ့သြစရာ မဟုတ်ဘူး မဟုတ်လား။  ဖြစ်တတ်တဲ့ သဘာဝမဟုတ်လား။

ခုနေခါမှာ ဘယ်နေရာမဆို အညိုရောင်၊ ဒါမှမဟုတ် အနက်ရောင် မြင်းတစ်ကောင်ကို ခင်ဗျားတွေ့နိုင်မယ်။

မြင်းကျားကိုတော့ ခင်ဗျား ရဲ့ မျက်စိအောက်မှာ တွေ့ချင် တိုင်း တွေ့နိုင်လို့လား။ ဒါကို ကမ္ဘာမြေက လက်ခံနေရတယ်မဟုတ် လား။

ဂျာစီအစင်းကျားတွေဟာ ချစ်မေတ္တာငတ်မွတ်နေတယ်။

ငွေကြေးနဲ့ ရွေးချယ်စားသုံး ကြတဲ့အထဲမှာလည်း ဂျာစီအစင်း ကျားကို ချန်လှပ်ထားခဲ့ကြပြန် ရော။

ဘယ့်နှယ်လုပ်မလဲ။

ခင်ဗျားတို့တစ်တွေ ဂျာစီအ စင်းကျားကို မချစ်ကြတော့ဘူး လား။

ဂျာစီအစင်းကျားကို ငွေပေး ပြီး မ၀ယ်ဘူးဆိုမှတော့ထုတ်လုပ် တဲ့ စက်ရုံကလည်း ဘယ်လိုလုပ် ပြီး ထုတ်လုပ်နိုင်ပါ့မလဲ။

စက်ရုံက အလုပ်သမားတွေ ဘယ်ကို ရောက်သွားကြပြီလဲ။ ဆန္ဒတွေ ဘာတွေပြသေးလား။ ထောက်ခံပွဲတွေ၊ ဆုတောင်းပွဲ တွေထဲမှာတော့ အလုပ်သမားလူ တန်းစားကို မတွေ့ရပါဘူး။

ဘာပဲဖြစ်ဖြစ်လေ ဈေးကွက် ထဲမှာ ဂျာစီအစင်းကျား ပျောက် နေတယ်။

ပျောက်နေတဲ့ ဂျာစီအစင်း ကျားကို သတိတရနဲ့ မေးမြန်းကြ တဲ့သူလည်း မရှိကြပါလားကွယ်။

တစ်နေ့မှာတော့ မြင်းကျားမကြီးတစ်ကောင်ဟာ သမီးနှစ်ကောင်နဲ့အတူ စူပါမားကက်ကြီးထဲ ခပ်တည်တည်ဝင်လာပါတယ်။

မှန်တံခါးကြီး ပွင့်တယ်ပေါ့ လေ။စက်နဲ့ စစ်တာဆေးတာ လည်း နည်းနည်းရှိပါတယ်။

မြင်းကျားမကြီးရော၊ သမီး  နှစ်ကောင်ရောဟာ စူပါမားကက် ထဲကို ၀င်ခွင့်ရကြပါတယ်။

‘‘မင်္ဂလာပါ’’

မြင်းကျားမကြီးဟာ အ၀တ် အထည်တွေ ရောင်းတဲ့နေရာဆီ သို့ တန်းတန်းမတ်မတ် သွားပါ တယ်။

‘‘သူတို့အရွယ်ဝတ် ဂျာစီအ စင်းကျားနှစ်ထည်လောက် ၀ယ် ချင်လို့ပါကွယ်’’

အဲဒီအတန်းရဲ့ အရောင်း တာဝန်ခံကောင်မလေးကို မြင်း ကျားမကြီးက ပြောတာပေါ့။

‘‘တောင်းပန်ပါတယ်။ အန် တီရယ်။ လောလောဆယ်တော့ ဂျာစီအစင်းကျားတွေက မရှိပါ ဘူး’’

‘‘ကမ္ဘာကြီး မပျက်သေးခင် ဂျာစီအစင်းကျားစက်ရုံတွေကို ဖျက်ဆီးလိုက်တာလားကွယ်’’

‘‘ဒီလိုလုပ်ပါလားအန်တီ။ ဂျာစီအစင်းကျားကို ၀ယ်လိုသူရှိ နေတယ်လို့ ကျွန်မတို့က တင်ပြ ထားပါမယ်။ ရှေ့အပတ်လှည့်ဝင် ခဲ့ပါလားအန်တီ’’

‘‘အခြားမှာများ ရှိနိုင်မလား ကွယ်’’

‘‘အခြားမှာ ရှာနေရင်လည်း အန်တီပင်ပန်းတာပဲ အဖတ်တင် မှာပေါ့။ ဂျာစီအစင်းကျားမရှိနိုင် ပါဘူး။ အညိုရောင်၊ အနက် ရောင် ဗြောင်တွေပဲ အန်တီရမှာပါ။ ကြုံ တဲ့အခါ ဒီမှာပဲ လှည့်ဝင်ကြည့်ပါ အန်တီ၊ အန်တီရဲ့ သမီးလေးတွေ ကို ဘုရားသခင်က စောင့်ရှောက် မှာပါ’’

မြင်းကျားမကြီးဟာ အလှ ကုန်တွေရောင်းတဲ့ဘက်ကို ခြေဦး မလှည့်တော့ပါဘူး။ ၀ိုင်ပုလင်းတွေ၊ ပန်းသီးတွေ၊ စပျစ်သီးတွေ ဘက်ကိုလည်း မျက်စောင်းတောင် မထိုးခဲ့ပါဘူး။

စူပါမားကက်ကြီးရဲ့ အခင်း ကျောက်ပြားလှလှတွေအပေါ်မှာ သူတို့ရဲ့ သန်မာအားကောင်းတဲ့ ခြေထောက်တွေနဲ့ ဆောင့်ဆောင့် နင်းပြီး ပြန်ထွက်လာခဲ့ကြ ပါ တယ်။

ဒီလိုနဲ့ပဲ မြင်းကျားမကြီးနဲ့ သမီးနှစ်ကောင်ဟာ ကိုယ့်အရပ်၊ ကိုယ့်ဒေသကိုပြန်ရောက်တာ ပေါ့။

ကိုယ်ကျင်လည်ကျက်စား တဲ့ ကွင်းပြင်၊ မြက်ခင်း၊ တောစပ် ဆီ ကိုယ်ပြန်ရောက်ကြတာပေါ့။

မြင်းကျားမလေးတွေဟာ လည်း ပြေးကြ၊ ဆော့ကြပေါ့။ တောင်ပေါ်မြင်းကျားနဲ့ လွင်ပြင် မြင်းကျားနှစ်မျိုးရှိရာမှာ သူတို့က တော့ လွင်ပြင်မြင်းကျားအမျိုးအ စားဆိုတော့ ပြေးရ လွှားရတာ လွတ်လပ်တာပေါ့။

မြင်းကျားတွေရဲ့ သဘာဝ အတိုင်းအုပ်စုလိုက် နေထိုင်ကြ တာပေါ့။ အန္တရာယ်လို့ ယူဆရရင်  အသံပြုကြ၊ အော်ကြ၊ ဟစ်ကြ၊ ဟီကြတာပေါ့။ တကယ်ရန်သူဆို ရင်လည်း အုပ်စုလိုက်ပြေးကြ၊ ရှောင်ကြ၊ တိမ်းကြတာပေါ့။ မြက် ရိုင်းတောတွေထဲ ပြေးဝင်တဲ့ အခါ မြင်းကျားတွေနဲ့ မြက်ရိုင်းပင် တွေဟာ ရောနှောသွားတာပေါ့။ ဒီလိုနည်းနဲ့ မြင်းကျားတွေဟာ ရန် သူကို ခြေရာဖျောက်နိုင်ခဲ့ကြတာ ပေါ့။

 မြင်းကျားမကြီးဟာ ပက် တမ်ကျကျ၊ လှပတဲ့ အဖြူနဲ့အနက် အစင်းကျားတွေအတွက် အမြဲပဲ ဂုဏ်ယူခဲ့ပါတယ်။

  ဒီလိုလှပတဲ့ အစင်းကျား တွေဟာ အုပ်စုလိုက် ဖြစ်သွားတဲ့ အခါမှာ ပိုအားကောင်းတဲ့ အစင်း ကျားတွေနဲ့ ကွင်းပြင်၊ မြက်ခင်းကို လွှမ်းမိုးခဲ့ကြတာပေါ့။ မြင်းကျား ဆိုတာ မြင်းကျားရဲ့ ဂုဏ်ရည် သတ္တိနဲ့ ရာဇ၀င်မှာတောက်ပခဲ့ ကြတာပေါ့။ မြင်းကျားဟာ မြင်း ကျားမဖြစ်တော့ဘဲ အညိုရောင်၊ အနက်ရောင်ဗြောင် ဖြစ်သွားမှာ ကို မြင်းကျားမကြီးတင်မက အခြား မြင်းကျားများကလည်း စိုးရိမ်ကြတာပါပဲ။

မြင်းကျားမလေး နှစ်ကောင် ဟာလည်း ပြေးရင်းလွှားရင်းနဲ့ ကြီးထွားလာပါတယ်။ အပျိုပေါက်မလေးတွေ ဖြစ်သာတဲ့အခါမြင်းကျားဟာ မြင်းကျားမဖြစ်တဲ့အတွက် ရှက်စိတ်နဲ့ သိမ်ငယ်စိတ် ဟာ ရောထွေးလို့ပေါ့။

မြင်းကျားမကြီးဟာ မဖြစ် ချေဘူးလို့ဆိုပြီး မြိ့ကြီး ပြကြီးဆီ ချီတက်တာပေါ့။ စူပါမားကက်ကြီး မှာ သမီးနှစ်ကောင်အတွက် ဂျာစီအစင်းကျားဝယ်ဖို့ မောင်း တင် ထားတာပေါ့။

မြင်းကျားမလေးနှစ်ကောင် ကတော့ မြင်းကျားဖြစ်မနေတာ ဟာ အ၀တ်မပါသလို ခံစားရတာ ပေါ့။ ရှက်တာပေါ့။

‘‘အမေပဲ စူပါမားကက်ကြီး ကို သွားပြီး ၀ယ်ပေးလာပါတော့။ သမီးတို့ ဟောဒီတောစပ်မှာ နေ ခဲ့ပါမယ်’’ လို့ ဆိုရှာတယ်။

‘‘အေး ...ကောင်းကောင်း နေခဲ့ကြနော်’’

မြင်းကျားမကြီးက တစ် ကိုယ်တည်းပဲ။ စူပါမားကက်ကြီး ဆီ အသော့နှင်ခဲ့ပါတယ်။

အရင်လိုပဲပေါ့။

မှန်တံခါးကတော့သူ့အလို လိုပဲ ပွင့်လာပါတယ်။

လူမှ ပွင့်မယ်၊ မြင်းကျားဆို မပွင့်ဘူးဆိုတဲ့ ဆော့ဖ်ဝဲတော့ ထည့်မထားဘူး ထင်ပါရဲ့။ ပွင့်ပါ တယ်။ ၀င်ခဲ့ပါတယ်။ ကျောက် ပြားတွေပေါ်မှာ သန်မာတဲ့ ခြေ ထောက်တွေနဲ့ အသံမြည်အောင် နင်းလို့။

ခြေထောက်တွေက တောမှာ လျှောက်နေကျ၊ ပြေးနေကျ မို့ တောသဘာဝအရှိန်တော့ မပျောက်ဘူးပေါ့။

‘‘၀မ်းနည်းပါတယ် အန်တီ။ ဂျာစီအစင်းကျားတွေ ရောက်မ လာခဲ့ပါဘူး။ ဘာကြောင့်ဆိုတာ လည်း မသိရပါဘူး’’

စူပါမားကက်ထဲက အသံ ဟာ စူပါမားကက်ထဲက ပန်းသီး လိုတော့ မချိုမြခဲ့ပါဘူး။

မြင်းကျားမကြီးလည်း ဂျာစီ လက်ရှည်ခေါင်းစွပ်နှစ်ထည်ကို ၀ယ်လိုက်ပါတယ်။

အညိုရောင်

ဗြောင် တစ်ထည်။

အနက်ရောင်

ဗြောင် တစ်ထည်။

မရှိရှိတာ ၀ယ်ရတာကိုး။

ဒေါက်ဒေါက် ဒေါက်ဒေါက် နဲ့ ဖြတ်လျှောက်ခဲ့ပါတယ်။ ဘယ် လူကိုမှ မြင်းကျားလို့ မထင်ခဲ့ပါဘူး။ တောစပ်ကွင်းပြင်ကို အပြေးလာခဲ့တာပေါ့။

မြင်းကျားမလေး နှစ်ကောင် လည်း အမေ့ကို ရိပ်ခနဲ မြင်လိုက် တာနဲ့ တစ်ဟုန်ထိုး ပြေးထွက်ခဲ့ ကြတာပေါ့။ အမေကို ကြိုဆိုဖို့ ထက် ဂျာစီတွေကို အလုအယက် ဆွဲကြတာပါ။ ပျော်ပျော်ရွှင်ရွှင် ၀တ်ဆင်လိုက်ကြပါတယ်။ မစောင့်နိုင်တော့ဘူး။ မတ်တတ်အိပ်နေကျ နေရာလေးကို...။

တစ်ထည်က အညို။

တစ်ထည်က အနက်။

ကဲ ...ခင်ဗျာ ... အံ့သြသ လား။ မြင်းကျားများ ရှားရှားလိုက် လာတယ်ဆိုတာ။

မြင်းကျားတွေဟာ ကမ္ဘာမှာရှားပါး တိရစ္ဆာန်ဖြစ်သွားပြီ ဆိုတာ။

Ref: Milos Macourek's The Zebra

Top News