အာရှဖလားခြေစစ်ပွဲအောင်ရန် လက်ကျန်ပွဲစဉ်များတွင် ရုန်းကန်ရမည်ဟု မြန်မာနည်းပြဆို

မြန်မာအသင်းတိုက်စစ်မှူးကျော်ကိုကို ကာဂျစ္စတန်အသင်းဘက်သို့ ထိုးဖောက်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ကာဂျစ္စတန်အသင်းကို အိမ်ကွင်း၌ သရေကျပြီးနောက် အာရှဖလားခြေစစ်ပွဲ အောင်မြင် ရန် လက်ကျန်ပွဲစဉ်များတွင် ရုန်း ကန်ရတော့မည်ဖြစ်ကြောင်း မြန် မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

အောက်တိုဘာ ၁၀ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် မြန်မာအသင်းနှင့် ကာဂျစ္စတန်အ သင်းတို့ပွဲသည် အကြိတ်အနယ်ရှိ ခဲ့သော်လည်း အနိုင်၊ အရှုံး အဖြေမပေါ်ဘဲ အပြန်အလှန်သွင်းဂိုးများဖြင့် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။


ယင်းပွဲတွင် ဧည့်သည် ကာ ဂျစ္စတန်အသင်းက ဦးဆောင်ဂိုး များ သွင်းယူခဲ့ပြီး မြန်မာအသင်း အတွက် ချေပဂိုးများကို အောင် သူနှင့် ကျော်ကိုကိုတို့က သွင်းယူ ပေးခဲ့သည်။ ပြိုင်ပွဲကျင်းပရေးက ချီးမြှင့်သည့် အဆိုပါပွဲစဉ် အ ကောင်းဆုံး ကစားသမားဆုကို မြန်မာအသင်းတိုက်စစ်မှူး ကျော် ကိုကိုက ရရှိခဲ့သည်။

‘‘ဒီပွဲမှာ မျှော်လင့်ထားတဲ့ ရလဒ်မရခဲ့ပါဘူး။ အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်ခဲ့ပေမယ့် ဒီရလဒ် က ခြေစစ်ပွဲအောင်ဖို့ မလုံလောက်သေးပါဘူး။ ခြေစစ်ပွဲအောင်ဖို့ဆို ရင် လက်ကျန်ပွဲတွေမှာ ရုန်းကန် ရနိုင်ပါတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တဲ့အတွက် သေချာ ပေါက်ပြောလို့ မရပါဘူး။ ခြေစစ် ပွဲအောင်ဖို့တော့ အကောင်းဆုံး ကြိုးစား ဆောင်ရွက်သွားမှာပါ’’ ဟု ဂတ်ဖရိုင်းဒရစ်ကပြောသည်။

၂၀၁၉ အာရှဖလားတတိယ အဆင့်ခြေစစ်ပွဲ အုပ်စု(က) တွင် အိန္ဒိယအသင်းက ဦးဆောင်နေပြီး မြန်မာနှင့်ကာဂျစ္စတန်အသင်း တို့သည် သုံးပွဲကစားအပြီး တစ် ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ်လေးမှတ်စီ တူ ညီနေသော်လည်း အဝေးဂိုးစည်း မျဉ်းအရ ကာဂျစ္စတန်အသင်းက အုပ်စုဒုတိယ၊ မြန်မာအသင်းက တတိယနေရာတွင် ရပ်တည်နေ သည်။ အုပ်စုတွင် ပထမနှင့် ဒုတိ ယနေရာ ရပ်တည်နေသည့် နှစ် သင်းသည် အာရှဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

မြန်မာအသင်းသည် အာရှ ဖလားခြေစစ်ပွဲ လက်ကျန်သုံးပွဲ ယှဉ်ပြိုင်ရန် ကျန်ရှိနေပြီး လက် ကျန်ပွဲအားလုံး၌ ရလဒ်ကောင်း ရန် လိုအပ်နေသည်။ မြန်မာအ သင်းသည် အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ်များအဖြစ် နိုဝင် ဘာ ၁၄ ရက်တွင် အိန္ဒိယအသင်း၊ ၂၀၁၈ မတ်လ ၂၇ ရက်တွင် မကာ အိုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ် ပြီး ကာဂျစ္စတန်အသင်းနှင့် ရွှေ့ ဆိုင်းခဲ့သည့် ပွဲစဉ်ကိုမူ အာရှဘောလုံးအဖွဲ့ချုပ်က တရားဝင်ဆုံးဖြတ်ခြင်း မရှိသေးပေ။

မြန်မာ့လက်ရွေးစင် ဘော လုံးအသင်းသည် အာရှဖလားပြိုင် ပွဲ သမိုင်းတစ်လျှောက် ခြေစစ်ပွဲအဆင့် မအောင်မြင်ခြင်းသည် ၁၉၆၈ နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

Top News