အာဂျင်တီးနား၊ ဥရုဂွေး၊ ကိုလံဘီယာ၊ ပေါ်တူဂီ၊ ပြင်သစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်

နာမည်ကြီး နယ်သာလန်၊ အမေရိကန်နှင့် ချီလီ လွဲချော်

ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးအကျော့ ပွဲစဉ်များကို တောင်အမေရိကနှင့် ဥရောပတွင် ယှဉ်ပြိုင်ပြီးစီးခဲ့ရာ ကမ္ဘာ့ဖလား သို့ တိုက်ရိုက်ဝင်ရောက်မည့် အသင်းများနှင့် ရှုံးထွက်နှစ်ကျော့ ခြေစစ်ပွဲကစားရမည့်အသင်းများပေါ်ထွက်လာသည်။

အပြိုင်အဆိုင်ဖြစ်နေသော တောင်အမေရိက ပွဲစဉ်များတွင် အာဂျင်တီးနား၊ ဥရုဂွေးနှင့် ကိုလံ ဘီယာတို့က အုပ်စုဗိုလ် ဘရာဇီး နှင့်အတူ ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်ခဲ့ပြီး ပီရူးက ပဉ္စမရရှိ ကာ ပင်လယ်သမုဒ္ဒရာချန်ပီယံ နယူးဇီလန်နှင့် ရှုံးထွက်နှစ်ကျော့ ကစားခွင့်ရရှိခဲ့သည်။


အာဂျင်တီးနားက အီကွေ ဒေါကို အဝေးကွင်းတွင် နောက် မှ လိုက်ကစားခဲ့ရသော်လည်း ပဉ္စလက်ပညာရှင် မက်ဆီ၏ ဟက်ထရစ်ဂိုးဖြင့် ကမ္ဘာ့ဖလားသို့ သွား ရောက်ခွင့်ရရှိခဲ့သည်။ ဥရုဂွေးက ဘိုလီဗီးယားကို ၄-၂ ဂိုးဖြင့် နိုင် ပြီး အုပ်စုဒုတိယနေရာမှ ခြေစစ်ပွဲ အောင်ခဲ့သည်။

ကိုလံဘီယာက ပီရူးကွင်း တွင် တစ်ဂိုးစီ သရေကျခဲ့ပြီး စတုတ္ထနေရာမှ ခြေစစ်ပွဲအောင် မြင်ခဲ့သည်။ ပီရူးအသင်းကလည်း ရှုံးထွက်ကစားခွင့်ရရှိခဲ့သည်။ ချီ လီကမူ ခြေစစ်ပွဲအောင်မြင်ပြီး သား ဘရာဇီးကို ၃-၀ ဂိုးဖြင့် ရှုံး နိမ့်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲ ချော်ခဲ့သည်။ ပါရာဂွေးကလည်း  ဇယား အောက်ဆုံးရှိ ဗင်နီဇွဲလားကို အိမ်ကွင်းတွင် ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ကာ အနည်းဆုံး ရှုံးထွက် ကစားနိုင်မည့် အခွင့်အရေး လက် လွှတ်ခဲ့ရသည်။

 ဥရောပခြေစစ်ပွဲများသည် လည်း ဒရာမာဆန်ခဲ့ပြီး ပြင်သစ် က အိမ်ကွင်းတွင် ဘီလာရုစ်နှင့် ခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရပြီးမှ ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုဗိုလ်အ ဖြစ် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

လစ္စဘွန်းမြို့တွင် ပေါ်တူဂီ က ဆွစ်ဇာလန်ကို ၂-၀ ဂိုးဖြင့် နိုင်ပြီး ရှုံးထွက်ပွဲများ တိမ်းရှောင် နိုင်ကာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားသည်။ ဆွစ်ဇာလန်သည် ရှုံးထွက်နှစ်ကျော့ပြန်ကစားမည့် အသင်းရှစ်သင်းတွင် ပါဝင်လာ သည်။

၂၀၁၄ ကမ္ဘာ့ဖလား တတိ ယဆုရ နာမည်ကြီး နယ်သာလန် က ဆွီဒင်ကို နိုင်ခဲ့သော်လည်း ရ မှတ်တူ ဂိုးကွာခြားချက်ကြောင့် အုပ်စုတတိယဖြင့်သာ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရသည်။

ရှုံးထွက်ကစားရမည့် အခြားအသင်းများမှာ အီတလီ၊ ဒိန်းမတ်၊ ခရိုအေးရှား၊ ဆွီဒင်၊ မြောက်အိုင်ယာလန်၊ ဂရိနှင့် အိုင်ယာလန်တို့ဖြစ်သည်။

ယင်းအသင်းများ တွဲဆိုင်း ရွေးချယ်မှုကို အောက်တိုဘာလ ကုန်ပိုင်းတွင် မဲနှိုက်မည်ဖြစ်ကာနိုဝင်ဘာအစောပိုင်းတွင် ရှုံးထွက်ပွဲစဉ်များ ကစားမည်ဖြစ်သည်။

ဥရောပမှ အုပ်စုဗိုလ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့သော အသင်း များမှာ ပြင်သစ်၊ ပေါ်တူဂီ၊ ဂျာမ နီ၊ ဆားဘီးယား၊ ပိုလန်၊ အင်္ဂ လန်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ အိုက် စလန်တို့ဖြစ်ပြီး အိုက်စလန်က ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

 ကွန်ကာကတ်ဖ်ဇုန်တွင် မက္ကဆီကို၊ ကော်စတာရီကာနှင့် ပနားမားတို့ ခြေစစ်ပွဲအောင်မြင် ခဲ့ကာ ယမန်နေ့က နောက်ဆုံး ခြေစစ်ပွဲတွင် ထရီနီဒက်တိုဘာဂိုကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်သော နာမည်ကြီး အမေရိကန် ကျန်ခဲ့သည်။ ကွန်ကာကတ်ဖ်တွင် စတုတ္ထရခဲ့ သော ဟွန်ဒူးရပ်စ်က အာရှဇုန် ရှုံးထွက်ပွဲတွင် အနိုင်ရရှိခဲ့သော သြစတြေးလျနှင့် နိုင်ငံတကာရှုံး ထွက်ပွဲ ထပ်မံယှဉ်ပြိုင်ကာ အနိုင်ရသောအသင်း ရုရှား သွားခွင့်ရ မည်ဖြစ်သည်။

အာရှတွင် အီရန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဆော်ဒီအာ ရေးဗီးယားတို့ ခြေစစ်ပွဲအောင် မြင်ထားပြီးဖြစ်သည်။

အုပ်စုငါးစုရှိပြီး အုပ်စုဗိုလ် များသာ ခြေစစ်ပွဲအောင်သော အာဖရိကဇုန်တွင် အုပ်စု (B)နှင့် အုပ်စု (E) ထိပ်ဆုံးနေရာရှိ နိုင်ဂျီးရီးယားနှင့် အီဂျစ်တို့သာ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ပြီး ကျန်အုပ်စုများ မပြီးပြတ်သေးဘဲ နိုဝင်ဘာဒုတိယပတ် နောက်ဆုံးခြေစစ်ပွဲများအပြီးတွင် အဖြေထွက် မည်ဖြစ်သည်။

ခြေစစ်ပွဲအောင်မြင်ပြီးအသင်းများ
အာဖရိက(၂)သင်း- အီဂျစ်၊ နိုင်ဂျီးရီးယား
အာရှ(၄)သင်း- အီရန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား
ဥရောပ(၁၀)သင်း- ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုက်စလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှား၊ ဆားဘီးယား၊ စပိန်
ကွန်ကာကက်ဖ်(၃)သင်း- ကော်စတာရီကာ၊ မက္ကဆီကို၊ ပနားမား
တောင်အမေရိက(၄)သင်း- အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလံဘီယာ၊ ဥရုဂွေး