WLC-3 ပြိုင်ပွဲ တွဲဆိုင်းများ ပေါ်ထွက်

 ရန်ကုန်မြို့တွင် တတိယအကြိမ် ကျင်းပမည့် ကမ္ဘာ့ချန်ယီ ယံရှစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC-3) ၌ ကျင်းပမည့် တွဲဆိုင်း များ ထွက်ပေါ်ခဲ့ပြီး အဓိကပွဲစဉ် အဖြစ် မစ်ဒယ်ဝိတ်တန်းချန်ပီယံ လုပွဲတွင် တူးတူးနှင့် သြစတြေးလျ နိုင်ငံသား ဘာဒါတိုတို့ ယှဉ်ပြိုင် မည်ဖြစ်သည်။

 မြန်မာလက်ခမောင်းကုမ္ပ ဏီက ကြီးမှူးကျင်းပသည့် ယင်း ပြိုင်ပွဲကို အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင် နိုဝင်ဘာ ၄ ရက်၌ ကျင်းပမည်ဖြစ်ပြီး တွဲ ဆိုင်း ရှစ်ဆိုင်းပါဝင်မည် ဖြစ် သည်။


 ယင်းပြိုင်ပွဲတွင် မစ်ဒယ် ဝိတ်တန်းချန်ပီယံလုပွဲအဖြစ် တူး တူးနှင့် သြစတြေးလျလက်ဝှေ့သ မား ဘာဒါတို၊ မစ်ဒယ်ဝိတ်တန်းတွင် စိုးလင်းဦးနှင့် ယူဂန္ဓာလက် ဝှေ့သမား အူမာ၊ လိုက်မစ်ဒယ် ဝိတ်တန်းအဖြစ် စောငမန်းနှင့် သြ စတြေးလျလက်ဝှေ့သမားအက်ဒီ ဖာရယ်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

အခြားပွဲစဉ်များအဖြစ် ဖယ် သာဝိတ်တန်းတွင် ဖိုးလပြည့်နှင့် ကမ္ဘောဒီးယား လက်ဝှေ့သမား ရင်းစာရော့သ်၊ လိုက်မစ်ဒယ်ဝိတ် တန်းတွင် သွေးသစ်ဝင်းလှိုင်နှင့် ရှမ်းကို၊ ပိုလန်လက်ဝှေ့သမား အာတာနှင့် ရိုမေးနီးယားလက် ဝှေ့သမား အဲလက်စ်၊ ဖယ်သာ ဝိတ်တန်းတွင် မိုက်ရိုင်းနှင့် ဖကျော်ဟဲတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပွဲစဉ်များကို ငါးချီစိန်ခေါ်ပွဲအဖြစ် ကျင်းပမည်ဖြစ် သည်။

 လိုက်ဝိတ်တန်း လေးချီစိန်ခေါ်ပွဲအဖြစ် ချစ်မောင်မောင်နှင့် ဒိုးလေးတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။

WLC-3 ပြိုင်ပွဲကို ပြည်တွင်း ရုပ်သံလိုင်းဖြစ်သည့် Sky Net က တိုက်ရိုက်ထုတ်လွှင့်ပြသမည့်အ ပြင် ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အခြေစိုက် ရုပ်သံကုမ္ပဏီဖြစ် သည့် Fight Network ရုပ်သံ လိုင်းကလည်း ပြည်ပနိုင်ငံ ၃၀ ကျော်သို့ ထုတ်လွှင့်ပြသမည်ဖြစ် သည်။

 မြန်မာလက်ခမောင်းကုမ္ပ ဏီက ကြီးမှူးသည် ကမ္ဘာ့ချန်ပီယံ ရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC)ကို ရန်ကုန်မြို့၌ ယခုနှစ် မတ်လနှင့် ဇွန်လတို့တွင် နှစ်ကြိမ် ကျင်းပခဲ့ပြီး ပရိသတ်စိတ်ဝင်စား အားပေးမှုများပြားခဲ့သည်။