အိုကီနာဝါကျွန်းအနီးတွင် ဂျပန်ရေတပ်နှင့် အမေရိကန်လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်

ကိုရီးယားကျွန်းဆွယ် အနောက်တောင်ဘက် အိုကီနာဝါကျွန်းအနီး ရေပြင်တွင် အမေရိကန်လေယာဉ်တင်သင်္ဘောနှင့် ဂျပန်ရေပြင်ကာကွယ်ရေးတပ်တို့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေစဉ် (U.S. Navy/reuters)

ကိုရီးယားကျွန်းဆွယ် အနောက်တောင်ဘက် အိုကီနာ ဝါကျွန်းတစ်ဝိုက်တွင် ဂျပန်စစ် သင်္ဘောတစ်စီးနှင့် အမေရိကန် ရေတပ် လေယာဉ်တင်သင်္ဘော ရော်နယ်ရေဂင်တို့ စစ်ရေးလေ့ ကျင့်ခဲ့ကြောင်း ဂျပန်စစ်ဘက်က ပြောကြားသည်။

ဂူအမ်ကျွန်းမှ B1-B ဗုံးကြဲ လေယာဉ်များဖြင့် ယင်းဒေသတွင်အမေရိကန်က လေကြောင်းစစ် ရေးလေ့ကျင့်မှုများ ပြုလုပ်နေပြီး မြောက်ကိုရီးယားနှင့် တင်းမာမှု မြင့်တက်နေစဉ် ယင်းစစ်ရေးလေ့ ကျင့်မှုများ ထွက်ပေါ်လာခြင်းဖြစ် သည်။


စနေနေ့က စတင်သော ယင်းစစ်ရေး လေ့ကျင့်မှုများအတွင်း ဖိလစ်ပိုင်နှင့် တိုင်ပေကို ခြားနား ထားသည့် ဘာရှီရေလက်ကြားမှ သင်္ဘောများ ခုတ်မောင်းမှုပါဝင် ကြောင်း ဂျပန်ရေကြောင်းကာ ကွယ်ရေးတပ်ဖွဲ့၏ ကြေညာချက် တွင် ဖော်ပြထားသည်။

အင်အားပြသမှု တစ်ခုအ တွင်း ကိုရီးယားကျွန်းဆွယ်ပေါ်မှ အမေရိကန်ဗုံးကြဲလေယာဉ်နှစ်စီးပျံသန်းခဲ့ပြီးနောက် မြောက်ကို ရီးယားပြဿနာနှင့် ပတ်သက်၍ အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက တိုက်တွန်း လိုက်သည်။

 တောင်တရုတ်ပင်လယ်အ တွင်း တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု ပြောထားသော ကျွန်းများအနီး အမေရိကန် ဖျက်သင်္ဘောတစ်စီး ဖြတ်သန်းခုတ်မောင်းခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန က အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ နယ်နိမိတ်ကို လေးစားရန် တိုက်တွန်းကြောင်း သတင်းစာရှင်းလင်းပွဲ၌ ယင်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ အမျိုးသမီး ဟွာ ချင်ယင်ကပြောသည်။

အားလုံးသည် အချင်းချင်း ရန်စသော လုပ်ရပ်များကို ရှောင် ရှားသင့်ကြောင်း မြောက်ကိုရီး ယားပြဿနာနှင့် ပတ်သက်၍ ဟွာချင်ယင်က တိုက်တွန်းသည်။

—Ref: Reuters

Top News