အာဖဂန်နစ္စတန်တွင် အမေရိကန် ဗုံးကြဲတိုက်ခိုက်မှုများ မြှင့်တင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ်လက အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွ များကို ပိုမိုကျယ်ပြန့်စွာ ပစ်မှတ် ထားတိုက်ခိုက်ရန် နည်းဗျူဟာအ သစ် ကြေညာခဲ့ပြီးနောက် အာဖ ဂန်နစ္စတန်နိုင်ငံ၌ အမေရိကန် စစ်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ရေ မြင့်မားလျက်ရှိ သည်။

စက်တင်ဘာတွင် အမေရိ ကန်လေကြောင်းက ဗုံးအလုံးရေ ၇၅၁ လုံး ကြဲချခဲ့ရာ ဗုံးအလုံးရေ ၅၀၃ လုံး ကြဲချခဲ့သော သြဂုတ် နှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါး မြင့်တက်လာခြင်းဖြစ်ပြီး ယင်းမှာ ခုနစ်နှစ်အတွင်း တစ်လတည်း ဗုံးအလုံးရေ အများဆုံးဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အချက်အလက် များအရ သိရသည်။


‘‘အမေရိကန်ရဲ့ ဗုံးကြဲတိုက် ခိုက်မှုအရေအတွက် တိုးမြှင့်လာ ခြင်းက အာဖဂန်နစ္စတန်ပြည်သူ တွေ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်ခဲ့တဲ့ အစွန်းရောက်အ ဖွဲ့တွေကို ပိုမိုပစ်မှတ်ထားနှိမ်နင်း ဖို့ သမ္မတဒေါ်နယ်ထရန့်ရဲ့ နည်း ဗျူဟာသစ်လို့ ယူဆနိုင်ပါတယ်’’ ဟု အမေရိကန်လေတပ်၏ လစဉ် အစီရင်ခံစာတွင် ပြောသည်။

F-16 အမျိုးအစား ဗုံးကြဲ လေယာဉ်ခြောက်စီးကို အာဖဂန် နစ္စတန်၏ မြို့တော်ကဘူးလ် မြောက်ပိုင်းရှိ ဘာဂရမ်လေယာဉ် ကွင်းတွင် နေရာချထားပြီး B-52 အမျိုးအစားကြီးမားသော ဗုံးကြဲ လေယာဉ်နှစ်စီးကို ပါရှန်ပင်လယ် ကွေ့ရှိ အခြေစိုက်စခန်းများတွင် အသင့်နေရာချထားကြောင်း ထို ထုတ်ပြန်ချက်က ပြောသည်။

‘‘စစ်သွေးကြွတွေအနေနဲ့ သူ တို့ပုန်းစရာနေရာမရှိတော့ဘူးဆို တာ သိဖို့လိုအပ်ပါတယ်’’ဟု ဒေါ် နယ်ထရန့်က သြဂုတ်လအတွင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား လက်ထက် တွင် အာဖဂန်နစ္စတန်၌ အမေရိ ကန်စစ်ဆင်ရေး လျှော့ချရန် စီ စဉ်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် များအနေဖြင့် တာလီဘန်စစ်သွေး ကြွများကို တိုက်ခိုက်မှုတွင် မကြာခဏ ကန့်သတ်ခဲ့သည်။

သို့သော် ကာကွယ်ရေးဝန် ကြီး ဂျင်မ်မက်တစ်က ဒေါ်နယ် ထရန့် လက်ထက်တွင် ယင်းသို့ ကန့်သတ်မှုများကို ဖယ်ရှားမည် ဖြစ်ကြောင်း ယခုလအတွင်း ပြောကြားခဲ့သည်။

—Ref: Reuters

More in World News Section