-->

နေပြည်တော်တွင် ရင်ချင်းဆက်အမြွှာညီအစ်မမွေးဖွားပြီး သုံးရက်မပြည့်မီဆုံးပါး

ရင်ချင်းဆက်အမြွှာညီအစ်မနှစ်ဦး ဆေးရုံရောက်လာစဉ်က

 နေပြည်တော် တပ်ကုန်းတွင် မွေးဖွားခဲ့သော ရင် ချင်းဆက် အမြွှာညီအစ်မနှစ်ဦး သည် မွေးဖွားပြီး သုံးရက်မပြည့်မီ ဆုံးပါးခဲ့သည်။

နေပြည်တော် ခုတင် ၁၀၀ ဆေးရုံတွင် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ကမွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာညီအစ်မနှစ်ဦးသည် အောက်တိုဘာ ၁၁ ရက် နံနက် ၅ နာရီခွဲကသေဆုံးကြောင်း ဆေးရုံအုပ်ကြီးက အတည်ပြုပြောသည်။


       ‘‘ကလေးနှစ်ယောက်စလုံးက နာရီဝက်စီခြားပြီးတော့မှ ဒီမနက်မှာပဲ ဆုံးသွားပါတယ်’’ဟု ဆေးရုံအုပ်ကြီးက ပြောသည်။

 အဆိုပါအမြွှာနှစ်ဦးသည် နေပြည်တော်ကလေးအထူးကုဆေးရုံသို့ အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီ မိနစ် ၃၀ တွင် ရောက်ရှိလာပြီး ကုသမှုခံယူကာ ၃၆ နာရီခန့်အကြာ၌ သေဆုံးခဲ့ကြောင်း ဆေးရုံအုပ်ကြီးက ပြောသည်။

  ‘‘ရောက်လာလာချင်းမှာ ကလေးက အသက်ရှူရတာခက်ခဲ တာလည်းရှိနေတယ်။ ခန္ဓာကိုယ် ရဲ့ ခြေတွေ၊ လက်တွေမှာလည်း ပြာနှမ်းနေတယ်’’ဟု နေပြည် တော် ပုဗ္ဗသီရိမြို့နယ် ကလေး အထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီး က ပြောသည်။

ဆေးရုံသို့ရောက်ရှိလာစဉ် စစ်ဆေးချက်များအရ ကလေး ငယ်နှစ်ဦးသည် ပေါင်ချိန်မပြည့် သည့်အပြင် ကိုယ်ဝန်ဆောင်မိခင် သည်  ကိုယ်ဝန်ဆောင်နေချိန် ကျန်း မာရေးအခြေအနေအားနည်းခြင်း ကိုတွေ့ရှိရကြောင်း  ဆေးရုံအုပ် ကြီးက ဆိုသည်။

 ကလေးမိခင်သည် ယခုကိုယ်ဝန်မရှိသေးမီက လေဖြန်းသည့် အနေအထားမျိုးဖြစ်ခဲ့ကြောင်း ကလေးငယ်နှစ်ဦးကို ဆေးရုံသို့ လာရောက်ပို့ဆောင်ပေးခဲ့သော အဒေါ်ဖြစ်သူကပြောသည်။

ယခုအမြွှာသည် လေးကြိမ် မြောက်ကိုယ်ဝန်ဆောင်ခြင်းမှ ရရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မိခင်သည် အသက် ၃၆ နှစ်ဖြစ်ပြီး မြောက်မြိုက်ကျေးရွာ အုပ်စု ဒဟတ်ကုန်းကျေးရွာတွင် နေထိုင်ကာ တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၆ မိနစ်က ရောက်ရှိလာကြောင်း အောက်တိုဘာ ၁၁ ရက်ထုတ် မြ၀တီသတင်းစာတွင် ရေးသားဖော်ပြထားသည်။

Top News