-->

တီးတိန်မြို့နယ်၌ ချောက်ထဲကျသည့် အိမ်စီးကားတစ်စီးကို နှစ်ရက်အကြာတွင် ရှာတွေ့

ကားအတွင်းရှိ လူနှစ်ဦးစလုံးသေဆုံးနေ
ချောက်ထဲကျခဲ့သော ကားမှ ရှာဖွေတွေ့ရှိသူများကို သယ်ဆောင်နေစဉ် (ဓာတ်ပုံ − Tedim Times FB)

 တီးတိန်မြို့နယ် သိုင်း ငင်းရွာအနီးတွင် အိမ်စီးကားတစ် စီး ပေ ၁,၀၀၀ အနက်ရှိချောက် တွင်း ပြုတ်ကျနေပြီး လူနှစ်ဦးသေ ဆုံးနေသည်ကို အောက်တိုဘာ ၁၁ ရက်က တွေ့ရှိခဲ့ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေ ထီးအိုးက ပြောသည်။


Surf အမျိုးအစား အဆိုပါ ကားသည် အောက်တိုဘာ ၉ ရက် တွင် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး နှစ် ရက်အကြာ၌ ပြန်လည်တွေ့ရှိခဲ့ သည်ဟု ၎င်းကဆက်လက် ပြောသည်။

‘‘ကားသမား အမြန်မောင်း တာရယ်၊ မူးနေတာရယ်ကြောင့် ပြုတ်ကျတာဖြစ်မယ်။ နောက်ပြီး မြူတွေလည်းရှိနေတော့ ပြုတ်ကျ တာ။ လမ်းကြောင့်လို့ပြောလို့မရ ပါဘူး’’ဟု ဦးရွှေထီးအိုးက ပြော သည်။

အဆိုပါ တောင်ကြော၌ အောက်တိုဘာ ၁၀ ရက်တွင် လည်း အိန္ဒိယနယ်စပ်မှ ကုန်တင် လာပြီး လူဦးရေ ၃၀ ခန့်ပါသည့် ကုန်တင်ကားတစ်စီး ပြုတ်ကျခဲ့ ပြီး လူခုနစ်ဦး သေဆုံးခဲ့သည်။

ယခု အိမ်စီးကားပြုတ်ကျ သည့်နေရာသည် အဆိုပါကုန် ကား ပြုတ်ကျနေသည့်နေရာနှင့် တစ်ဖာလုံခန့်အကွာတွင် ဖြစ်သည်။

‘‘မနေ့က (အောက်တိုဘာ ၁၀ ရက်)က ကုန်တင်ကားပြုတ် ကျတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ပြုတ်ကျနေတာတွေ့တာ။ ကား က ကလေးမြို့က ထွက်လာတာ တီးတိန်ကိုမရောက်လို့ လိုက်ရှာ ရင်းတွေ့တာ။ ကားပေါ်မှာပါတဲ့ နှစ်ယောက်စလုံး သေနေတာ တွေ့ရတယ်’’ဟု တီးတိန်မြို့ လူမှု ရေးအဖွဲ့မှ ကိုတွမ်ကပြောသည်။

အဆိုပါနေရာသည် ကား များ မကြာခဏ ချောက်ထဲပြုတ် ကျတတ်ပြီး ကုန်တင်ကားပြုတ် ကျမှုသည် လမ်းမြေသားမခိုင်၍ ပြုတ်ကျခြင်းဖြစ်ကြောင်း၊ ယခုအိမ်စီးကား ပြုတ်ကျခြင်းအကြောင်းကို လေ့လာနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။

Top News