ရုပ်ရှင် အကြိုခံစားခြင်း

AVENGERS SOCIAL CLUB

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍလေးမှာတော့ တောင်ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲသစ်လေးအ ကြောင်း ဖော်ပြလိုက်ပါတယ်။


ဘ၀ပေးအခြေအနေတွေ ကို လက်တုံ့ပြန်ချင်တဲ့ မတူညီတဲ့လူတန်းစားအလွှာက အမျိုးသမီးသုံးယောက် ဘော့ဂျာကလပ်ဆို တဲ့ လက်စားချေချင်သူတွေပေါင်း စည်းတဲ့အဖွဲ့မှာ ဆုံမိကြတဲ့အကြောင်းလေး ဇာတ်အိမ်တည် ထားတာပါ။

ကုမ္ပဏီကြီးတစ်ခုရဲ့ ပိုင်ရှင်သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဟေးဟာ မာနကြီး တယ်ထင်ရပေမယ့် တကယ်တမ်း တော့ ရိုးရိုးအေးအေးနေတဲ့ မိန်းမ ချောတစ်ယောက်ပါ။ နှစ်ဖက်မိဘ အသိုင်းအ၀ိုင်းစီးပွားရေး အဆင် ပြေဖို့အတွက် လက်ထပ်ခဲ့ရတဲ့ဂျောင်ဟေးက ဇနီးကောင်းတစ် ယောက်ဖြစ်အောင် ကြိုးစားနေ ထိုင်ပေမယ့် သူ့ခင်ပွန်းကတော့ သစ္စာမရှိပါဘူး။ ဒါကြောင့် မကျေနပ်ချက်တွေကို လက်စားချေနိုင်ဖို့ အတွက် ဘော့ဂျာကလပ်ကို ဦးဆောင်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဟုန်ဒိုဟီးဟာ ငါးရောင်းရင်း  ကလေးနှစ်ယောက်ကို ပြုစုစောင့် ရှောက်နေတဲ့ မုဆိုးမတစ်ယောက် ဖြစ်ပြီး ထက်ထက်မြက်မြက်နဲ့သဘောကောင်းသူတစ်ယောက်ပါ။ နိမ့်ကျတဲ့ ဘ၀ပေးအခြေအနေ ကို မကျေနပ်ဘဲ ပိုကောင်းတဲ့ဘ၀ ရောက်ဖို့အတွက် ကြိုးစားနေသူ ပါ။

မိဘမဲ့တစ်ယောက်ဖြစ်တဲ့ လီမီဆော့ကတော့ ခင်ပွန်းဖြစ်သူ  တက္ကသိုလ်ပါမောက္ခနဲ့ ပျော်ရွှင်တဲ့မိသားစုဖြစ်ဖို့ ကြိုးစားနေပေမယ့် ခင်ပွန်းဖြစ်သူရဲ့ နှိပ်စက်ညှဉ်းပန်း ခြင်းကိုသာ ခံနေရသူပါ။

လီဆိုဂန်းကတော့ ရက်ရက် စက်စက်စွန့်ပစ်ခဲ့တဲ့ မိဘတွေကို လက်စားချေချင်သူပါ။ တကယ် တော့ ဆိုဂန်းရှာနေတဲ့ သူ့ရဲ့အဖေ အရင်းက ဂျောင်ဟေးရဲ့ခင်ပွန်း ဖြစ်ပြီး ဂျောင်ဟေးနဲ့ လက်မထပ် ခင်မှာ ရှုပ်ပွေလီပြီးတဲ့ နောက်ဆိုဂန်းကို မွေးဖွားခဲ့တာပါ။ 

လူချင်းမသိကြပေမယ့် မ ကျေနပ်တာတွေကို လက်တုံ့ပြန်ဖို့ ဘော့ဂျာကလပ်မှာ ဆုံကြတဲ့ သူတို့တွေဟာ ကိုယ်စီရည်မှန်းချက် တွေ ပြည့်ဝဖို့ အချင်းချင်း ကူညီ ကြရင်း ခင်မင်ရင်းနှီးခဲ့ပါတယ်။ ဘော့ဂျာကလပ်ကနေ ဂျောင် ဟေးတို့အဖွဲ့တွေ ဘယ်လိုအစီ အမံတွေနဲ့ လက်တုံ့ပြန်ကြမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

tvN ရုပ်သံလိုင်းမှာ အောက် တိုဘာ ၁၁ ရက်ည ၉ နာရီခွဲကစလို့ အပတ်စဉ်ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း ကြည့်ရှုနိုင်မယ့် ဒီဇာတ်လမ်းတွဲလေးမှာ တော့ Lee Yo-won၊ Ra Mi-ran၊ Myung Se-bin၊ Jun စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။