ပေါင်မြို့နယ်တွင် မူးယစ်ဆေးရောင်းသူနှစ်ဦးကို ဆေးပြားရှစ်ရာနှင့်အတူ ဖမ်းမိ

မွန်ပြည်နယ် ပေါင် မြို့နယ် အီဗြစ်ကျေးရွာတွင် မူး ယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ နှစ်ဦးကို အောက်တိုဘာ ၁၀ ရက် ည ၈ နာရီခွဲက ဆေးပြားများနှင့် အတူ ဖမ်းဆီးမိခဲ့ကြောင်း သဲအိမ်နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မိုးဝင်းက ပြောသည်။


အဆိုပါကျေးရွာရှိ ငွေသန်း နိုင် (ခ)သန်းနိုင်ကို မူးယစ်ဆေး ရောင်းချကြောင်း သတင်းအရ ရှာဖွေရာ ၎င်းကိုယ်တွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၉၈ ပြား၊ အစိမ်းရောင်ဆေးပြားနှစ် ပြားကို တွေ့ရှိခဲ့ပြီး နေအိမ်အ တွင်း ထပ်မံရှာဖွေခဲ့ရာ ပန်းရောင် စိတ်ကြွဆေးပြား ၅၉၄ ပြားနှင့် အစိမ်းရောင်ဆေးပြား ခြောက်ပြားတွေ့ရှိခဲ့ရာ စုစုပေါင်း စိတ်ကြွဆေးပြား ၈၀၀ ကို ဖမ်းဆီးမိ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ငွေသန်းနိုင် (ခ) သန်းနိုင် ကို မေးမြန်းရာ စိတ်ကြွဆေးပြား တစ်ပြားလျှင် ကျပ် ၂,၅၀၀ ဖြင့် တစ်ရွာတည်းနေ ကျော်ဆန်း အောင်ထံမှ ဝယ်ယူထားကြောင်း ပြောကြားသဖြင့် ကျော်ဆန်း အောင်ထံ ရှာဖွေသော်လည်းတွေ့ရှိခြင်းမရှိဘဲ စိတ်ကြွဆေး ပြားရောင်းချရာ၌ အသုံးပြုသည့် ဖုန်းတစ်လုံးကို သက်သေများနှင့် အတူ သိမ်းဆည်းထားကြောင်း ရဲအုပ်ဇော်မိုးဝင်းကဆိုသည်။

‘‘သတင်းရလို့ စုံစမ်းထား တယ်။ ဝယ်တတ်တဲ့သူတွေကို လည်း စောင့်ကြည့်နေတယ်။ မနေ့ကတော့ (အောက်တိုဘာ ၁၀ ရက်) ရဲတွေ၊ သက်သေတွေနဲ့ စောင့်နေတုန်း သူက ဆိုင်ကယ်နဲ့ ဆေးပြားလာပို့တယ်။ လာပို့မယ် လို့ သတင်းကြားတဲ့အတွက် ကျွန် တော်တို့ ဝိုင်းဖမ်းတယ်။ ဖမ်းတဲ့ အခါမှာ ပစ္စည်းပါမိတယ်။ သူ့ ကိုယ်ပေါ်မှာ ပစ္စည်းတွေ့တယ်။ ဝရမ်းနဲ့ သူ့အိမ်ကို သွားရှာတဲ့အ ခါမှာ အိမ်ခေါင်မိုးပေါ်မှာလည်း ပစ္စည်းတွေ့တယ်။ ဖမ်းဆီးဖို့ နှစ် လလောက်တော့ အချိန်ယူလိုက် ရတယ်’’ဟု ၎င်းက ဆိုသည်။

ငွေသန်းနိုင် (ခ) သန်းနိုင်နှင့် ကျော်ဆန်းအောင်တို့ကို မုတ္တမနယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေဖြင့် အောက်တိုဘာ ၁၁ရက် တွင် အမှုဖွင့်အရေးယူထား သည်။