လီဗာပူးတိုက်စစ်မှူးမာနေး ဒဏ်ရာကြောင့် ခြောက်ပတ်ကြာ နားရမည်

လီဗာပူးတိုက်စစ်မှူး မာနေးသည် ဆီနီဂေါအသင်းအ တွက် ခြေစစ်ပွဲပါဝင်ကစားရင်း ရခဲ့သော တံကောက်ကြောဒဏ် ရာကြောင့် သီတင်းခြောက်ပတ်အ ထိ အနားယူရမည်ဖြစ်၍ မန်ယူ နှင့် ပွဲလွဲချော်မည်ဖြစ်သည်။

ဆာဒီယိုမာနေးသည် ကိပ် ဗာဒီကျွန်းစုအသင်းကို ဆီနီဂေါက၂-၀ ဂိုးဖြင့် နိုင်သော ပွဲပြီးဆုံး ခါနီးတွင် တံကောက်ကြောဒဏ် ရာကြောင့် လူစားလဲခဲ့ရသည်။

လီဗာပူးအသင်းဝက်ဘ် ဆိုက်က ထုတ်ပြန်သော ကြေညာ ချက်အရ မာနေးသည် သီတင်း ခြောက်ပတ်အထိ အနားယူရနိုင် သည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

မာနေးသည် လီဗာပူးအ တွက် ပရီးမီးယားလိဂ် လေးပွဲတွင် သုံးဂိုးသွင်းယူထားပြီး နည်းပြ ဂျာ ဂန်ကလော့ပ်က အဓိကအားထား ရသော တိုက်စစ်မှူးတစ်ဦးဖြစ် သည်။

ထိုအတောအတွင်း မန်စီး တီးအသင်းအတွက် သတင်း ကောင်းအဖြစ် ယာဉ်မတော်တဆ မှုကြောင့် နံရိုးဒဏ်ရာရခဲ့သော တိုက်စစ်မှူး အဂူရိုသည် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်၍ မကြာမီ ပါဝင်ကစားနိုင်ခြေရှိသည်။

—Ref:Marca