ဆန်းချက်ဇ်၊ ဘေးလ်နှင့် ရော်ဘင်အပါအဝင် ဘောလုံးကြယ်ပွင့်များ ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်

ကမ္ဘာ့ဖလားခြေစစ်ပွဲ ရလဒ်များ ထွက်ပေါ်လာပြီး ခြေ စစ်ပွဲအောင်မြင်သောအသင်း ၂၃ သင်းအထိရှိလာစဉ် ဆန်းချက်ဇ်၊ဂါရတ်ဘေးလ်၊ ရော်ဘင်နှင့် ဒီဇီကိုတို့ အပါအဝင် ဘောလုံးကြယ် ပွင့်အများအပြား ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်။

ဒေါ့မွန်မှ ဂါဘွန်ကြယ်ပွင့် အော်ဘာမေယန်း၊ အာဆင်နယ် မှ ချီလီကြယ်ပွင့်ဆန်းချက်ဇ်၊ ဘိုင်ယန်မှ နယ်သာလန်ကြယ်ပွင့် အာ ဂျန်ရော်ဘင်၊ ရီးရဲလ်မှ ဝေးလ်စ် ကြယ်ပွင့်ဂါရတ်ဘေးလ်၊ ရိုးမားမှ ဘော့စနီးယားကြယ်ပွင့် ဒီဇီကို အစရှိသော ဘောလုံးသမားများ သည် ၎င်းတို့၏ လက်ရွေးစင်အ သင်းများ ခြေစစ်ပွဲမအောင်ခဲ့၍ လာမည့်နှစ်နွေရာသီတွင် အား လပ်နေမည်ဖြစ်သည်။

ထို့အပြင် လက်စတာကြယ် ပွင့် မာရက်ဇ်၊ ဒေါ့မွန်မှ အမေရိ ကန်ကြယ်ပွင့် ပူလစ်၊ ချီလီမှ ဗီဒယ်တို့လည်း ကမ္ဘာ့ဖလားပါ ဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပေ။ သို့သော်ပူလစ် (၂၉)နှစ်နှင့် အ်ာဘာမေယန်(၂၈)နှစ်တို့သည် နောက်တစ်ကြိမ်ကမ္ဘာ့ဖလား၌   ပါဝင်ကစားခွင့် အတွက် မျှော်လင့်နိုင်သော်လည်း နယ်သာလန်ကြယ်ပွင့် ရော်ဘင်သည် နိုင်ငံတကာ ဘောလုံးလောကမှ အနားယူသွားပြီဖြစ်သည်။

ရော်ဘင်သည် ၂၀၁၄ ကမ္ဘာ့ ဖလားဆီမီးဖိုင်နယ်တွင် နောက် ဆုံးပါဝင်ကစားခဲ့ပြီး ဆွီဒင်ကို ၂-၀ ဂိုးဖြင့် နိုင်သောပွဲအပြီးတွင်  နိုင်ငံတကာ   ကစားသမားဘဝ အဆုံးသတ်ခဲ့သည်။

အာဆင်နယ်မှ ထွက်ခွာမည် ဟု သတင်းထွက်နေသော တိုက် စစ်မှူး ဆန်းချက်ဇ်၏ ချီလီအသင်း သည် ၂၀၀၆ နောက်ပိုင်း ပထမ ဆုံးအကြိမ်အဖြစ် ခြေစစ်ပွဲ မအောင်မြင်ဖြစ်ခဲ့သည်။ Ref:goal