အပူပိုင်းမုန်တိုင်းငယ်အားပျော့သွားသော်လည်း ဒေသအများစု မိုးဆက်ကောင်းနိုင်

 တောင်တရုတ်ပင်လယ် မှ အပူပိုင်းမုန်တိုင်းငယ်အားပျော့ ခဲ့သော်လည်း မြန်မာနိုင်ငံကို ဖြတ်သွားသည့်အရှိန်ကြောင့် ဒေ သအများစု မိုးဆက်လက်ကောင်း နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော သည်။

တောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန် တိုင်းငယ် TD23 သည် အရှေ့ လေပွေလှိုင်းအဆင့်ဖြင့် ရှမ်းနှင့် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသကို အောက် တိုဘာ ၁၀ ရက်ညက ဖြတ်သန်းခဲ့ ၍ ဒေသအများစု မိုးကောင်းခဲ့ သည်။ အောက်တိုဘာ ၁၁ ရက် တိုင်းတာချက်အရ ကရင်ပြည် နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး ရန်ကုန်မြို့အပါအဝင် မြို့ပေါင်း ၁၂ မြို့ ပုံမှန်ထက် မိုးရေချိန်များခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

‘‘လေစိုင်ဝဲအနေနဲ့ ဆက်ရှိ နေတယ်။ မုန်တိုင်းငယ်လည်း မဟုတ်တော့ဘူး။ လေဖိအားနည်း ရပ်ဝန်းလည်းမဟုတ်တော့ဘူး။ မိုးနဲ့လေပြင်းကို သတိထားဖို့ လို သေးတယ်’’ဟု ဒေါက်တာထွန်း လွင်က သတိပေးသည်။

လတ်တလော ရာသီဥတုအ ခြေအနေအရ ရှမ်း၊ ကယား၊ က ရင်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း မြောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး   အောက်ပိုင်းတို့တွင် အောက်တိုဘာ ၁၃ ရက်အထိ နေရာအနှံ့ မိုးရွာနိုင်ကာ နေရာ ကွက်မိုးကြီးနိုင်ကြောင်း ၎င်းက သတိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း သတင်းထုတ်ပြန်ထား သည်။

More in News Section

Top News