Miss Grand International မှာ ပုဂံဒေဝီ အမျိုးသားဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အေးချမ်းမိုး

ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသော Miss Grand International ပြိုင်ပွဲ၏ အမျိုး သားဝတ်စုံပြိုင်ပွဲကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) ပြုလုပ်မည်ဖြစ်ပြီး မြန်မာကိုယ်စားပြု အလှမယ် အေးချမ်းမိုးက ပုဂံဒေဝီ ဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ် သည်။

ပုဂံဒေဝီဝတ်စုံကို ဒီဇိုင်နာ ဖြိုးပြည့်က ဖန်တီးကာ ပုဂံခေတ် မိဖုရားခေါင်တစ်ပါး၏ ပုံစံကို ဖန် တီးထားခြင်းဖြစ်သည်။

‘‘ဝတ်စုံမှာပါတဲ့ ပန်းချီတွေ အကုန်လုံးက နံရံဆေးရေးပန်းချီ တွေ၊ အာနန္ဒာဘုရားမှာရှိတဲ့ မယ် တော်မာယာပုံတော်ရုပ်တုကနေ ဆင့်ပွားထားတယ်။ ခေတ်နဲ့လျော် ညီအောင် ပြန်လည်ပြင်ဆင်ထား တယ်။ ဝတ်ရုံပေါ်မှာရှိတဲ့ ဒီဇိုင်း တွေဆိုရင်လည်း မင်းနန်သူက ဘုရားသုံးဆူရယ်၊ နန္ဒပညာဆိုတဲ့ ဘုရားတွေက ပန်းဒီဇိုင်းတွေကို ပြန်ယူထားတာပါ’’ဟု ဒီဇိုင်နာဖြိုး ပြည့်က ပြောသည်။

ထို့အပြင် မြန်မာ့သင်္ကြန်ယဉ် ကျေးမှုနှင့် ရှေးဟောင်းယဉ်ကျေး မှုနယ်မြေပုဂံကို ဖော်ပြလိုသော ကြောင့် အဆိုပါဝတ်စုံ၏ အပေါ် ဝတ်ရုံကို ဖြန့်ချလိုက်ပါက ပုဂံသူ၊ ပုဂံသားများ ရေကစားသည့်ပုံစံ ကို မြင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Miss Grand International ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် တွင် ပြုလုပ်သည့် ပြိုင်ပွဲဝင်အလှ မယ်များကို ကြိုဆိုသည့်အခမ်း အနားမှစတင်၍ လှုပ်ရှားမှုများ ဖြင့် ဆက်တိုက်ကျင်းပနေသည်။

အဆိုပါပြိုင်ပွဲ၏ လှုပ်ရှားမှု ပုံရိပ်များကိုလည်း Miss Grand International ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြနေသည်။ ယင်းသို့ ဖော် ပြရာတွင် အေးချမ်းမိုး၏ ဓာတ်ပုံ များအောက်တွင် ပရိသတ်အချို့ က အေးချမ်းမိုးကို တိုက်ခိုက်သည့် အရေးအသားများကို မြန်မာဘာ သာဖြင့်သာမက အင်္ဂလိပ်ဘာသာ ဖြင့်လည်း ရေးသားခဲ့သည်။

Miss Grand International 2017 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ် စားပြုအနေဖြင့် သွားရောက်ယှဉ် ပြိုင်ရန် ရွှေအိမ်စည်ကို ရွေးချယ် ထားသော်လည်း ပြိုင်ပွဲမစမီ တစ်ပတ်ခန့်အလို အောက်တိုဘာ ၁ ရက်တွင် ရွှေအိမ်စည်ကို သရဖူပြန်သိမ်းကြောင်းနှင့် အေးချမ်းမိုး ကို သရဖူလွှဲအပ်၍ ပြိုင်ပွဲသွား ရောက်ယှဉ်ပြိုင်ရန် မယ်စကြဝဠာမြန်မာအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ရွှေအိမ်စည်ကို အားပေးသော ပရိသတ်များက မကျေနပ်ဘဲ အေးချမ်းမိုးကို လူမှု ကွန်ရက်စာမျက်နှာတွင် ဝေဖန်နေခြင်းဖြစ်သည်။

ယင်းသို့ ဝေဖန်မှုများမှာ မဖြစ်သင့်ကြောင်း ပရိသတ်အချို့ အပါအဝင် အနုပညာအသိုင်းအ ဝိုင်းက ဝိုင်းဝန်းတုံ့ပြန်ကြသည်။

‘‘ရွှေအိမ်စည်ကိုလည်း ရေ ရေလည်လည် Crush ပါတယ်။ သူဟာ Looks ရော၊ Capability ရော Perfect ဖြစ်တဲ့ Miss တစ် ယောက်ပါ။ ဒါပေမဲ့ အခုအချိန် မှာ လူတွေဝိုင်းဝန်းပြောဆိုနေတဲ့ ကြားက နိုင်ငံကိုကိုယ်စားပြုပြီး အကောင်းဆုံးကြိုးစားနေတဲ့ ညီမ လေး ချမ်းမိုးမှာ Emotional Support အများကြီးလိုအပ်နေမှာ ကို မိန်းမချင်းကိုယ်ချင်းစာစိတ်နဲ့ ဝန်းရံပါတယ်’’ဟု သရုပ်ဆောင် ပိုင်ဖြိုးသုက အောက်တိုဘာ ၈ ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည်။

ထို့အပြင် မယ်စကြဝဠာ မြန်မာ ၂၀၁၃ အလှမယ် မိုးစက် ဝိုင်ကလည်း အေးချမ်းမိုးအား ရိုင်းစိုင်းသော မှတ်ချက်များမပေး ရန် ပရိသတ်များကို မေတ္တာရပ်ခံ သည်။

Miss Grand International ပြိုင်ပွဲကို အောက်တိုဘာ ၁၇ ရက်တွင် Best in Swimsuit ပြိုင်ပွဲ၊ အောက်တိုဘာ ၂၃ ရက်တွင် ဝတ်စုံပြည့်အကြိုပြိုင်ပွဲနှင့် နောက် ဆုံးပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်မည်။

Top News