လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးအတွက် မေယုတောင်ကျော်လမ်း စတင်ဖောက်လုပ်

ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးအတွက် ဖောက်လုပ်ရန် လျာထားသည့် မေယုတောင်ကျော်လမ်းလေးခုအနက် ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင်တောင်ကျော်လမ်းကို စတင်ဖောက်လုပ်နေပြီ ဖြစ်သည်။


အဆိုပါလမ်းကို လမ်းဦးစီး ဌာနက တာဝန်ယူဖောက်လုပ်နေ ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်းငါးထောင်ကျော်အကုန်အကျခံကာ ကွန်ကရစ်လမ်းဖောက်လုပ်မည်ဖြစ်ကြောင်း မောင်တောခရိုင်လမ်းဦးစီးဌာန ခရိုင်အင်ဂျင်နီယာမှူး ဦးဇော်မင်းက ပြောသည်။

ကျောက်ပန္ဒူ - အင်းဒင် - စေတီပြင် တောင်ကျော်လမ်း သည် မောင်တောမြို့နယ်တောင် ပိုင်းမှ ရသေ့တောင်မြို့နယ်စေတီ ပြင်ကျေးရွာအထိဖြစ်ပြီး အရှည် ၁၄ မိုင်ခန့်ရှိမည်ဖြစ်ကာ လာမည့် ၂၀၁၈ မတ်လတွင် ဖောက်လုပ်ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ဦးဇော်မင်းက ဆိုသည်။

‘‘အဓိကလုံခြုံရေးလမ်းတွေ ဖြစ်တယ်။ လမ်းတွေပေါက်သွား ရင် ဒေသခံတွေလည်း ဆက်သွယ်သွားလာရလွယ်ကူသွားမယ်’’ဟု ၎င်းက ပြောသည်။

သြဂုတ် ၃ ရက်က မောင် တောမြို့နယ် ကိုင်းကြီး (မြို)ရွာမှ မြိုတိုင်းရင်းသား ရှစ်ဦး မေယု တောင်နှင့် ဆက်စပ်နေသော တောအတွင်းအကြမ်းဖက်သတ် ဖြတ်ခံရပြီးနောက် မေယုတောင် ကျော်လမ်း လေးခုကိုဖောက်လုပ် မည်ဖြစ်ကြောင်း အစိုးရသတင်း ထုတ်ပြန်ရေးကော်မတီက သြဂုတ်၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါလမ်း လေးခုသည်အရှည် ၁၄ မိုင်ရှိသည့် ကျောက် ပန္ဒူ-အင်းဒင်-စေတီပြင်တောင် ကျော်လမ်း၊ ၁၂ မိုင်ရှည်သည့် ဥဒေါင်း-ညောင်ချောင်းတောင်ကျော်လမ်း၊ အရှည် ၈ မိုင်ရှိသည့် ကြိမ်ချောင်း-ဂုပ္ပိတောင်ကျော်လမ်းနှင့် အရှည် ၉ မိုင် ၄ ဖာလုံရှိသည့် သက်ကိုင်ညာ-ပဒဂါးတောင်ကျော်လမ်းတို့ ဖြစ်သည်။