တောင်ဒဂုံဆီဘောက်ဆာယာဉ် မီးလောင်မှုတွင် နစ်နာဆုံးရှုံးခဲ့သူအချို့ကို လျော်ကြေးငွေ ပေးအပ်

ဒဂုံ(တောင်)တွင် ဆီ ဘောက်ဆာယာဉ် မီးလောင်မှု ကြောင့် ပျက်စီးဆုံးရှုံးနစ်နာသူ များအနက် ခြောက်ဦးကို အောက်တိုဘာ ၁၁ ရက်က လျော်ကြေးငွေပေးအပ်ခဲ့သည်။

 သြဂုတ် ၂၂ ရက်က ဒဂုံ (တောင်)မြို့နယ် (၂၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ဆီဘောက်ဆာယာဉ် မီးလောင်မှုကြောင့် နေအိမ်ခြောက်လုံး၊ ဆိုင်ခန်းလေးခန်း ပျက်စီးဆုံးရှုံးခဲ့ရာ ကုမ္ပဏီက လျော်ကြေးပေးခြင်း ဖြစ်သည်။


‘‘ကုမ္ပဏီက ကရုဏာကြေး ပေးတဲ့အပြင် လျော်ကြေးပါပေး တယ်။ အဆင်ပြေပါတယ်။ သူ တို့လုပ်ဆောင်ပေးမှုက’’ဟု ကျပ် ၉၅ သိန်းကျော် လျော်ကြေးရရှိ သည့် မီးလောင်မှုတွင် ဆိုင်ခန်း ဆုံးရှုံးခဲ့သော ခရမ်းနိုင်အင်ဂျင်ပြု ပြင်ရေးဆိုင်ပိုင်ရှင် ကိုနိုင်လွင်ဦး က ပြောသည်။

ယင်းကဲ့သို့ လျော်ကြေးပေး ရာတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုကြောင့် ခရမ်းနိုင်အင်ဂျင်ပြုပြင်ရေးဆိုင်အား ကျပ် ၉၅ သိန်း၊ လေထိုးကျွတ်ဖာဆိုင်အား ကျပ်၆၈ သိန်း၊ ရှော့ဘားဆိုင်အား ကျပ်သိန်း ၁၃၀ နှင့် အခြားနေအိမ်တစ်လုံးအား ကျပ်သိန်း ၁၃၀ စသည်ဖြင့် ကျပ်သိန်းပေါင်း ၅၀၀ ကျော် လျော်ကြေးပေးခဲ့သည်။

 ‘‘လျော်ကြေးပေးဖို့က နောက်ထပ် ကျန်ပါသေးတယ်။ နောက်နေ့တွေမှာ ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်’’ဟု တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

 လျော်ကြေးထပ်မံပေးအပ် ရန် လေးဦးကျန်ရှိနေပြီး လျော် ကြေးများကို ဆီဘောက်ဆာယာဉ် ကုမ္ပဏီ National Energy Puma Aviation Service (Neves)ကပေးသည်။ မီးလောင်မှုကြောင့် နစ်နာဆုံးရှုံးသွားသူများ ကျပ် ၇,၈၄၃ သိန်း နစ်နာဆုံးရှုံးခဲ့ကြောင်း တင်ပြထားသည်။

ယင်းကဲ့သို့ တင်ပြထားမှုကို ကုမ္ပဏီကစိစစ်၍ နစ်နာသူများကို လျော်ကြေးပေးခြင်းဖြစ်သည်။

ဆီဘောက်ဆာယာဉ် မီး လောင်မှုကြောင့် ပျက်စီးဆုံးရှုံး နစ်နာသူများ၏ မိသားစုဝင်များ နှင့်တွေ့ဆုံပြီး မိသားစုတစ်စုလျှင် အနည်းဆုံး ကျပ်သိန်း ၃၀ ကျော်မှ ကျပ်သိန်း ၁၃၀ ခန့်အထိ ပေးအပ်ခဲ့သည်ဟု ဒဂုံ(တောင်)မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြော သည်။

More in News Section

Top News