အကြွေစောတဲ့ Windows ဖုန်းတွေ

၂၀၁၅  နိုဝင်ဘာ ၂၀ မှာ Windows10 Mobile ကို စတင်ဖြန့်ချိတော့ Microsoft ရော စမတ်ဖုန်းအသုံး ပြုသူတွေပါ ဒီ OS အသစ်နဲ့ပတ် သက်ပြီး မျှော်လင့်ချက်ကြီးကြီး မားမားထားခဲ့ကြတယ်။ အမေရိ ကန် နည်းပညာကော်ပိုရေးရှင်း ကြီးက အနာဂတ်မဟာဗျူဟာ ထုတ်ကုန်တစ်ခုအဖြစ် ဒီစမတ် ဖုန်း OS အပေါ် ပုံအောမြှုပ်နှံခဲ့ သလို အသုံးပြုသူတွေဘက်ကလည်း စမတ်ဖုန်း OS နယ်ပယ်မှာiOS နဲ့ Android တို့ပဲ လွှမ်းမိုးနေမှုကို အန်တုပြိုင်ဆိုင်မယ့် တတိယ ရွေးချယ်စရာတစ်ခုအဖြစ် စောင့် မျှော်ခဲ့ကြတယ်။ ဒါပေမဲ့ ၂၂ လ အကြာမှာတော့ Microsoft က Windows Mobile အသုံးပြုဖုန်း တွေ ထုတ်လုပ်မှုကို တရားဝင်ရပ် ဆိုင်းတော့မှာဖြစ်ကြောင်း ကြေ ညာခဲ့ပါတယ်။


Windows 8.1 ကို ဆက်ခံတဲ့ မိုဘိုင်း OS အဖြစ် Windows10 Mobile ကို ထုတ်လုပ်ခဲ့ရာမှာ Microsoft ဟာ Feature တွေ အကောင်းဆုံးနဲ့ အစုံလင်ဆုံးဖြစ် အောင် ကြိုးစားထားခဲ့တာ သေချာပါတယ်။ နိုင်ငံတကာမှာ ကွန်ပျူတာရောင်းအားတွေ ကျဆင်းပြီး စမတ်ဖုန်း ဝယ်လိုအားက တရိပ်ရိပ်မြင့်တက်လာတဲ့နောက် ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာ OSကုမ္ပဏီကြီးဟာ ခေတ်ရဲ့ တောင်း ဆိုမှု လမ်းကြောင်းထဲ ဝင်ဆံ့ဖို့ ကြိုးစားခဲ့တယ်။ တစ်ချိန်က လျှမ်းလျှမ်းတောက်ခဲ့ပြီး ပြန်လည်တိမ်မြုပ်သွားတဲ့ စမတ်ဖုန်းအမှတ် တံဆိပ် Nokia ကို Microsoft က ဝယ်ယူ သိမ်းသွင်းခဲ့ခြင်းကလည်း ကုမ္ပဏီရဲ့ စမတ်ဖုန်းအသုံးပြု Windows OS တွေကို ထဲထဲဝင်ဝင် အသုံးပြုရောင်းချနိုင်ဖို့ ဖြစ်ပါတယ်။ အခုတော့ Windows ဖုန်း တွေရဲ့ နေဝင်ချိန်က စောလွန်းခဲ့ ပါပြီ။

Microsoft ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး OS တွေ ထုတ်လုပ်တဲ့ ဌာနကို အဓိကကြပ်မတ် တာဝန်ယူနေ တဲ့ ဂျိုးဘယ်လ်ဖီယိုရီက ဒီစိတ် မချမ်းမြေ့စရာ သတင်းကို Twit-ter ကနေတစ်ဆင့် အတည်ပြုဝန် ခံခဲ့ပါတယ်။ ‘‘ဟုတ်ပါတယ်။ ဒီပလက်ဖောင်း (OS)ကို ကျွန်တော်တို့ ဆက်ပြီးအထောက်အပံ့ ပေးနေဦးမှာပါ။ ဒါပေမဲ့ Featureအသစ်တွေ ဖြည့်ဆည်းပေးရေးကို တော့ ဦးစားပေး အာရုံစိုက်နေမှာ မဟုတ်ဘူး’’လို့ သူက ရေးသား ထားတယ်။

ဒါကြောင့် လက်ရှိ ဈေးကွက်ထဲရောင်းချထားတဲ့ Windows ဖုန်းတွေအတွက် ချို့ယွင်းချက် Bug တွေ ပြင်ဆင်ပေးတာမျိုး၊ လုံခြုံရေးပိုင်း အားဖြည့်ပေးတာမျိုး တွေ ဆက်ရှိနေပေမယ့် ပိုကောင်း တဲ့ OS အဖြစ် ပုံသွင်းတော့မှာ မဟုတ်ပါဘူး။ Windows 10 Mobile ရဲ့ နောက်ဆက်တွဲ မျိုး ဆက်သစ်တွေ ထွက်ပေါ်လာဖို့ဆို တာကတော့ ဝေလာဝေးလို့ ပြောရပါတော့မယ်။

Nokia အမှတ်တံဆိပ်ကိုယ် တိုင် Android OS ကို အသုံးပြုတဲ့စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချ လာရခြင်းက ဈေးကွက်ထဲမှာ Windows ဖုန်းတွေ ဘယ်လောက် အကျအဆုံး ကြီးမားခဲ့သလဲဆို တာကို မြင်သာစေပါတယ်။ Mi-crosoft ဟာ မေလတုန်းကလည်း သူတို့ရဲ့ စမတ်ဖုန်းဌာနခွဲမှာ ဝန် ထမ်းအရေအတွက် ၁,၈၅၀ လောက်လျှော့ချခဲ့ရတယ်။ ဘက် ပေါင်းစုံ မဟာဗျူဟာသစ်တွေ ချမှတ်ခဲ့ပေမယ့် ဈေးကွက်ထဲမှာ Android နဲ့ iOS အပေါ် လူထု ရဲ့ ယုံကြည်ကိုးစားမှုအစွဲကနေ ဖောက်ထွက်ဖို့ ခက်ခဲနေခဲ့ပါ တယ်။

Microsoft ဟာ Nokia ရဲ့ Lumia စီးရီး စမတ်ဖုန်းတွေမှာ Windows Mobile OS ကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းရောင်းချခဲ့ပါတယ်။ ကြော်ငြာစရိတ်တွေ လည်း အများကြီးအသုံးပြုခဲ့ တယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ လက်တွေ့ အသုံးပြုနေတဲ့ End User တွေအတွက် လုံလောက်တဲ့ ဆွဲဆောင်မှုတွေတော့ မဖြစ်ခဲ့ပါ ဘူး။

Windows 10 Mobile ကို တရားဝင်မထုတ်လုပ်မီ Windows 8.1 ခေတ်ဖြစ်တဲ့ ၂၀၁၅ လောက်မှာ အခြေအနေတွေကဆိုး သထက် ဆိုးလာတယ်။ ဩဂုတ်လမှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ ကမ္ဘာ့စမတ်ဖုန်းရောင်းချမှု ဈေးကွက်တစ်ခုလုံးရဲ့ ၉၆ ဒသမ ၈ ရာခိုင်နှုန်းစာ ဝေစုကို Androidနဲ့ iOS နှစ်မျိုးတည်းက သိမ်း ပိုက်ထားတဲ့အနေအထားဖြစ်လာ ပါတယ်။ Microsoft ရဲ့ Win−dows ဖုန်းတွေက ဈေးကွက်ဝေစု ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ပိုင် ဆိုင်ထားတော့တယ်။ ကြေကွဲဖို့ ကောင်းတာက Windows 10 Mobile ကို ထုတ်လုပ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ဈေးကွက်ဝေစု အနေအထားက တက်ရိပ်ပြ မလာဘဲ ကျသထက်ပိုကျလာခြင်း ပါပဲ။

အခုတော့ Microsoft ဟာ Windows အသုံးပြု ဖုန်းတွေကို စွန့်ခွာဖို့ အချိန်တန်ပြီလို့ စိတ်ပိုင်းဖြတ်လိုက်ပါပြီ။ အဲဒီအစား ကုမ္ပဏီရဲ့ စမတ်ဖုန်း Feature တွေကို တခြားဖုန်း OS တွေမှာ ချိတ် ဆက်အသုံးပြုနိုင်စေဖို့ ပိုပြီးအား စိုက် ကြိုးစားလာပါတယ်။ Win-dows Mobile 10 မှာ ထည့်သွင်းပေးထားတဲ့ အင်တာနက် Brow-ser ဖြစ်တဲ့ Edge ကို iOS နဲ့ Android စနစ်တွေမှာ အသုံးပြု နိုင်အောင် စီစဉ်ပေးသွားမယ်လို့ Microsoft က ကြေညာထားပါ တယ်။ နောက်ထပ် တခြားFeature တွေကိုလည်း OS ပလက်ဖောင်း အခြေခံပြောင်းလဲလာစေ ဖို့ သေချာသလောက်ပါပဲ။

Windows ဖုန်းတွေဟာ Microsoft ရဲ့ နာကျင်စရာ ကျဆုံး မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အရာရာ အနုတ်လက္ခဏာဆောင် ခဲ့တာတော့ မဟုတ်ပါဘူး။ ဈေး ကွက်ထဲမှာ iOS နဲ့ Android နှစ်မျိုးတည်း လွှမ်းမိုးနေခြင်းကို ငြီးငွေ့နေသူတွေအတွက် အလေးအနက် ကြိုဆိုရမယ့် အားထုတ်မှု တစ်ခုအဖြစ် ရပ်တည်ပြခဲ့တယ်။ စမတ်ဖုန်း နည်းပညာလောကမှာ အတွေးအမြင် အသစ်တချို့ကို လည်း သယ်ယူလာခဲ့တယ်။ နောင်တစ်ချိန်မှာ Windows Mobile OSရဲ့ ခြေရာကိုနင်းပြီး တတိယမြောက် စမတ်ဖုန်း OS တစ်ခုအ ဖြစ် Andriod နဲ့ iOS ကို စိန်ခေါ် မယ့် မျိုးဆက်သစ်တွေအတွက် ရှေ့ဆောင်လမ်းပြခဲ့ပါတယ်။

Windows ဖုန်းတွေရဲ့ သက် တမ်းက တိုတိုတောင်းတောင်းနဲ့ပဲ နိဂုံးချုပ်သွားခဲ့ပါပြီ။ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ရက်စက်ခက်ထန်တဲ့ နည်းပညာ ရေစီးကြောင်းမှာ နောက်ထပ်ရွေးချယ်စရာ တတိယ မြောက် မိုဘိုင်း OS သစ်တစ်ခု ထပ်မံထွက်ပေါ်လာဦးမလား၊ Android နဲ့ iOS ပဲ ဆက်လက် ကြီးစိုးနေဦးမလား ဆိုတာကတော့Microsoft ရော လက်တွေ့သုံးစွဲ သူတွေပါ သိချင်စိတ်ပြင်းပြင်း စောင့်ကြည့်ရမယ့် မေးခွန်းတစ် ခုပါပဲ။   

—Ref: P
 

Top News