တရားမျှတမှုအတွက် အဖြေ . . .

ရွှေတိဂုံစေတီတော် အ ရှေ့ဘက်မုခ် အတက်လမ်းမှာ ငုံးဥ ပြုတ်ရောင်းချနေတဲ့ အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးကို ရဟန်းနှစ်ပါးနဲ့ လူနှစ်ဦးတို့က ဈေးမရောင်းဖို့ ခြိမ်းခြောက်တား မြစ်ခဲ့တဲ့ဖြစ်စဉ်ဟာ ဒီရက်ပိုင်း အတွင်း အများပြည်သူကြား စိတ် ဝင်စားမှု မြင့်တက်စေခဲ့တဲ့ဖြစ်ရပ် ပါ။ အောက်တိုဘာ ၅ ရက် (သီ တင်းကျွတ်လပြည့်နေ့)ညနေက ဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဟန့် တားခဲ့သူတွေကို ပြင်းပြင်းထန် ထန် ဝေဖန်ပြစ်တင်ခဲ့ကြသလို ငုံးဥပြုတ်ရောင်းချတဲ့ အစ္စလာမ် ဘာသာဝင်အမျိုးသားထံ အဓမ္မ ဝါဒီ ဆန့်ကျင်ရေးကော်မတီ အပါ အဝင် ဗုဒ္ဓဘာသာဝင်လူငယ်တချို့ က သွားရောက်တွေ့ဆုံ အားပေး တာ၊ တောင်းပန်တာတွေ ပြုခဲ့ကြ ပါတယ်။ အလှူငွေတွေလည်း ပေးခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ သိရှိရတဲ့ သတင်းတွေအရ ငုံးဥပြုတ်ရောင်း တဲ့ ဦးအောင်သန်းဆိုသူ အစ္စ လာမ်ဘာသာဝင် အမျိုးသားကြီး ဟာ အသက် (၆၀) အရွယ် မ ကျန်းမာတဲ့ လူမမာတစ်ဦးဖြစ်ပါ တယ်။ မိသားစုက တောင်ငူမြို့မှာ နေပါတယ်။ သူကတော့ ဒီရန် ကုန်မှာ လာရောက်နေထိုင်ရင်း သူ့ရဲ့ ပန်းနာရင်ကျပ် ရောဂါကို ကုသဖို့ ဈေးရောင်းငွေရှာရင်းက နေ အခုလိုဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့ရ တာဖြစ်ပါတယ်။

‘‘ကျွန်တော် ဆေးဖိုးငွေလို လို့ မနေ့က (အောက်တိုဘာ ၅ ရက်)မှ ငုံးဥပြုတ်ထွက်ရောင်း တာ။ အရင်က ဒီမှာအတူနေတဲ့ အစ်ကိုက ရှာကျွေးနေတာ။ အ ရင်ရှူနေကျဆေးနဲ့ မရတော့ဘူး။ အခုဆေးက တစ်သောင်းကျော်လောက် ပေးရမှာဆိုတော့ ငွေလိုလို့ ဈေးထွက်ရောင်းလိုက်တာ’’။ ဒါကတော့ ဦးအောင်သန်းရဲ့ တိုက်ရိုက်ပြောဆိုထားချက် ဖြစ်ပါတယ်။ 7Day သတင်းစာရဲ့ သတင်းတစ်ပုဒ်ထဲမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဘာသာခြားဆိုတဲ့ တစ်ဖက် ပိတ်အမြင်တစ်ခုတည်းနဲ့ ကိုယ် ချင်းစာမှု၊ ထောက်ထားညှာတာမှု တွေကို မျက်ကွယ်ပြုလို့ နိုင်ငံသား တစ်ယောက်ရဲ့ သာတူညီမျှ အခွင့်အရေးအပေါ် လျစ်လျူရှုခဲ့ကြ၊ ဝင်ရောက်စွက်ဖက်ခဲ့ကြတယ်လို့ပဲ မြင်ပါတယ်။

အဲဒီနေ့က ငုံးဥပြုတ်သည် ဦးအောင်သန်းတစ်ယောက်တည်း ကိုတင်မဟုတ်ဘဲ အဲဒီလမ်းတစ် လျှောက်မှာ ရောင်းချနေတဲ့ အစ္စ လာမ်ဘာသာဝင်လို့ ယူဆရတဲ့ ဆိုင်တွေကိုလည်း အစ္စလာမ် ဘာသာဝင်ဟုတ်၊ မဟုတ် လိုက် လံမေးမြန်းခြင်းမျိုးတွေ ရှိခဲ့ပါ တယ်။

ဒီလို ဘာသာရေးကို အ ကြောင်းပြပြီး ဈေးမရောင်းချဖို့ ခြိမ်းခြောက်တားမြစ်ခဲ့တဲ့ ဖြစ်စဉ် ဟာ ဒါပထမဆုံးအကြိမ် မဟုတ် ပါဘူး။ ၂၀၁၅၊ ၂၀၁၆ ခုနှစ်များ အတွင်းမှာလည်း ဖြစ်ပေါ်ခဲ့ဖူးပါ တယ်။ ၂၀၁၅ ခုနှစ်တုန်းက ရွှေ တိဂုံစေတီတော်အပါအဝင် မိုး ကောင်းဘုရား၊ တောင်ဥက္ကလာပ ဘုရား၊ မယ်လမုဘုရားတို့မှာ ဈေးရောင်းချတဲ့ အစ္စလာမ်ဘာ သာဝင်တို့ကို ရဟန်းတချို့က တားမြစ်ခြင်း၊  ပစ္စည်းများ သိမ်း ဆည်းခြင်းတို့ ပြုခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ်ထဲမှာဆိုရင် ရွှေ တိဂုံစေတီတော်ဝန်းကျင်မှာ လေး ကြိမ်ဖြစ်ခဲ့ပါတယ်။ ခါးပတ်ရောင်း တဲ့ အစ္စလာမ်ဘာသာဝင် အမျိုး သားတစ်ဦး၊ ဖုန်းနဲ့ဖုန်းအပိုပစ္စည်း ရောင်းတဲ့ အစ္စလာမ်ဘာသာဝင် တစ်ဦး၊ ဒံပေါက်ရောင်းတဲ့ အစ္စ လာမ်ဘာသာဝင်မိသားစုတစ်စု တို့ကို ခြိမ်းခြောက်တားမြစ်မှုတွေ အပါအဝင် အရှေ့ဘက်စောင်း တန်းမှာ ဖွင့်လှစ်ထားတဲ့ နိဗ္ဗာန် ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ ဘာသာခြားထံက ဗုဒ္ဓဆင်းတု တော်တွေ ဝယ်ယူရောင်းချတယ် ဆိုပြီး ရဟန်းတချို့နဲ့ ဆိုင်ရှင်တို့ ပြဿနာဖြစ်ခဲ့ပါတယ်။ ရဟန်း ကိုးပါးခန့်က ဆိုင်အတွင်းမှာရှိတဲ့ ပစ္စည်းတွေကို ဝင်ရောက်ဖယ်ရှား တာ၊ မရောင်းချဖို့ တားမြစ်တာ၊ ဖျန်ဖြေခဲ့တဲ့ ဈေးလူကြီးတစ်ဦးကို တွန်းထိုးတာတွေအထိ ဖြစ်ပေါ် ခဲ့ပါတယ်။

ဒီနှစ်ထဲမှာဆိုရင်လည်း အခု ဖြစ်စဉ်မတိုင်ခင်မှာ တစ်ခုရှိခဲ့ပါ တယ်။ ဧပြီ ၁၇ ရက် (နှစ်ဆန်း တစ်ရက်နေ့)က ဖြစ်ပါတယ်။ မျက်မှန်ရောင်းချတဲ့ အသက် (၃၉)နှစ်အရွယ် အလီ(ခ) သန်း နိုင်ဦးဆိုသူကို ရဟန်းတချို့က စစ်ဆေးမေးမြန်းတာ၊ ကိုယ်ထိ လက်ရောက် ကျူးလွန်တာတွေ အထိ ရှိခဲ့သလို ရောင်းချနေတဲ့ မျက်မှန်တွေကိုပါ သိမ်းယူခဲ့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဒီလိုမျိုးတားမြစ်ခြင်းဟာ ဦးနေဝင်းလက်ထက်က ထုတ်ပြန် ထားတဲ့ ဒေသန္တရအမိန့်အရ လုပ် ပိုင်ခွင့်ရှိသယောင်ယောင်၊ ပြီးခဲ့ တဲ့အစိုးရထံမှာရော လက်ရှိ အစိုးရထံမှာပါ ခွင့်ပြုချက်တောင်း ထားသယောင်ယောင်၊ ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့နဲ့ ညှိ နှိုင်းသဘောတူထားချက်အရဘာ သာခြား ဈေးမရောင်းဖို့ တရားဝင် တားမြစ်ထား သယောင်ယောင် ပြောဆိုချေပမှုတွေလည်း ရှိခဲ့ပါ တယ်။

 အကယ်၍ ရှိခဲ့ရိုးမှန်တယ် ဆိုရင်တောင်မှ တာဝန်ရှိ အဖွဲ့ အစည်းများကသာ တားမြစ်ခြင်း၊ ကန့်သတ်ခြင်း၊ ကွပ်ကဲခြင်းတွေ ကို ပြုသွားရမှာဖြစ်ပါတယ်။

ဒီဖြစ်စဉ်များအပေါ် လေ့ လာစေ့ငုကြည့်မယ်ဆိုရင် နိုင်ငံ သားတစ်ဦးရဲ့ အခွင့်အရေး၊ နိုင်ငံ သားတစ်ဦးရဲ့ လွတ်လပ်ခွင့်တွေ အပေါ် ထိပါးနှောင့်ယှက် ကျူး လွန်မှုတွေကို အထင်အရှားတွေ့ ရမှာဖြစ်ပါတယ်။ နိုင်ငံသားတို့ရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)မှာ နိုင်ငံသား၊ နိုင်ငံ သားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုတဲ့ ခေါင်းစဉ်နဲ့ သီး ခြားပြဋ္ဌာန်းထားပါတယ်။ အဲဒီ ပြဋ္ဌာန်းချက်တွေထဲက တချို့ကို ထုတ်နုတ်ပြချင်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈)ပါ ပုဒ်မ ၃၄၈ မှာ အခု လို ဖွင့်ဆိုထားပါတယ်။

‘နိုင်ငံတော်သည် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာ သာ၊ ရာထူးဌာနန္တရ၊ အဆင့် အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ’

ပုဒ်မ ၃၄၉ မှာတော့ ‘နိုင်ငံ သားများသည် အောက်ပါလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်ရာ တွင် တူညီသော အခွင့်အလမ်းရရှိ စေရမည် -

(က)ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်မှု၊

(ခ)အလုပ်လုပ်ကိုင်မှု၊

(ဂ)ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု၊

(ဃ)စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှု၊

(င)အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊

(စ) ဝိဇ္ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော် ထုတ်မှု’ ဆိုပြီး ဖြစ်ပါတယ်။

အခန်း (၈)ထဲမှာ နိုင်ငံသား အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ ပုဒ်မများစွာရှိပါ တယ်။ ဒီပြဋ္ဌာန်းချက်တွေကို အ ထက်ဖော်ပြပါ ဖြစ်စဉ်များနဲ့ ယှဉ်ထိုးကြည့်နိုင်ပါတယ်။ လူမျိုး၊ ဘာသာကို အကြောင်းပြခွဲခြား တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဆန့်ကျင်တာပါပဲ။ အလုပ် အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း မှုတို့မှာ တူညီတဲ့ အခွင့်အရေး မပေးတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်တာပါပဲ။

နေရာတစ်ခုခုမှာ ဈေးမ မရောင်းရဘူးလို့ တားမြစ်ထားရင် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာပဲဖြစ်ဖြစ်၊ ဟိန္ဒူဘာသာပဲ ဖြစ်ဖြစ်၊ ခရစ်ယာန်ဘာသာပဲဖြစ် ဖြစ် မည်သူ့ကိုမျှ ရောင်းချခွင့်ပြုဖို့ မလိုပါဘူး။ နိုင်ငံသားတိုင်း သာ တူညီမျှပဲ ဖြစ်ရပါလိမ့်မည်။ နိုင်ငံ သားတိုင်း အခွင့်အရေးအတူတူ သာ ရရှိခံစားရပါလိမ့်မယ်။ အဲဒီ လိုမှ မဟုတ်ဘဲ အစ္စလာမ်ဘာသာ ဝင်တွေဆိုရင် မရောင်းရဘူး၊ဟိန္ဒူဘာသာဝင်တွေဆိုရင် မရောင်းရဘူး၊ ခရစ်ယာန်ဘာသာဝင်တွေဆိုရင် မရောင်းရဘူး၊ ဗုဒ္ဓဘာသာဝင်တွေဆိုရင် မရောင်းရဘူးဆိုတဲ့ တားမြစ်ချက်ဟာ တရားမျှတမှုမရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေနဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒီလိုပြုမူသူတိုင်းဟာလည်း ဥပဒေကို ချိုးဖောက်သူ၊ ကျူးလွန်သူများသာဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ချက်များ ဟာ လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ် လာအောင် ဦးတည်စေနိုင်တဲ့ ပြုမူဆောင်ရွက်မှုများလည်း ဖြစ် ပါတယ်။ ဒီကနေ့ကာလ မြန်မာ နိုင်ငံဟာ လူမျိုးရေး၊ ဘာသာရေး အပေါ်မှာ အကဲဆတ်လှတဲ့ကာလ ဖြစ်တယ်ဆိုတာကို သတိမူရပါ မယ်။ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီး ဥပဒေမဲ့ လုပ်ရပ် တွေကို ဖော်ဆောင်နေသူတို့ အပေါ် အခါမလပ် သတိမူထားဖို့ လိုပါလိမ့်မယ်။

ဒီအတွက်တော့ အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ တရားစီရင် ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ကို တာ ဝန်ယူထားရတဲ့ အစိုးရအပေါ်မှာ တည်မှီပါတယ်။ နိုင်ငံသားတိုင်း သာတူညီမျှ အခွင့်အရေးရရှိဖို့၊ နိုင်ငံသားတိုင်း ဥပဒေနဲ့အညီ လွတ်လပ်စွာ နေထိုင်နိုင်ဖို့၊ နိုင်ငံ သားတိုင်းအပေါ် ဥပဒေမဲ့လုပ်ရပ် များ မသက်ရောက်စေဖို့ ထိန်း ကျောင်းပေးရပါလိမ့်မယ်။ တရား မျှတမှုအတွက် အဖြေတစ်ခုကို ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ မှန် ကန်ထိရောက်စွာ ဖော်ထုတ်ပေးဖို့ လိုမှာဖြစ်ပါတယ်။     ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)