အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများ နေရာကွက်မိုးကြီးပြီး မန္တလေးမြို့တွင် မိုးရေချိန်စံချိန်သစ်တင်

မြန်မာနိုင်ငံအလယ်ပိုင်း နှင့် အထက်ပိုင်းဒေသများတွင် အောက်တိုဘာ ၁၁ ရက်က နေရာ ကွက်မိုးကြီးခဲ့ပြီး မန္တလေးမြို့တွင်  မိုးရေချိန် စံချိန်သစ်တင်ခဲ့သည်။

မန္တလေးမြို့တွင် မိုးရေချိန် ၅ ဒသမ ၁၆ လက်မရွာခဲ့ပြီး ၂၀၁၀ အောက်တိုဘာ ၈ ရက်က ရွာခဲ့ သောအမြင့်ဆုံး မိုးရေချိန် ၅ ဒသမ၁၂ လက်မကို ကျော်လွန်ခဲ့ ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

အောက်တိုဘာ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ နေပြည် တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် နေရာကွက် မိုးကြီးခဲ့သည်။ မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီးမြို့တွင် ၆ ဒသမ ၄ လက်မအထိ ရွာသွန်းပြီး အမရပူရမြို့၊ တံတားဦး (လေဆိပ်)၊ မြစ်သားမြို့နှင့် ကျောက်ဆည်မြို့တို့တွင် လည်း မိုးရေချိန် ၅ လက်မကျော်

စီ ရွာသွန်းခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။ စဥ့်ကိုင်၊ နေပြည်တော်၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လွန်ကျော်နှင့် တောင်ကြီးမြို့တို့တွင် လည်း ပုံမှန်ထက် မိုးကောင်းခဲ့ သည်။

ယခုတစ်ကြိမ် မိုးရေချိန်စံ ချိန်သစ်တင်ခြင်းသည် ၂၀၁၇ အတွင်း (၂၆)ကြိမ်မြောက်ဖြစ်ပြီး ပခုက္ကူ မြို့တွင် နှစ်ကြိမ် စံချိန်သစ်တင်ထားသည်။

More in News Section