နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေး ၁၀၀ ကျော်ကို စင်ကာပူနှင့် မြန်မာဆရာဝန်ကြီးများ အခမဲ့ ပူးပေါင်းခွဲစိတ်မည်

 ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တစ်ရာကျော်ကို အခ မဲ့ခွဲစိတ်ပေးမည်ဟု ရန်ကုန်ပြည် သူ့ဆေးရုံကြီး၊ မျက်နှာ၊ မေးရိုးနှင့် ခံတွင်းပြုပြင်မှု ဆိုင်ရာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာမိုးသူဇာက ပြောသည်။

 အဆိုပါ အစီအစဉ်ကို ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအနာ ဂတ်အလင်းတန်း မြန်မာဖောင် ဒေးရှင်းနှင့် စင်ကာပူနိုင်ငံအခြေ စိုက် Smile Asia ဆေးပညာအဖွဲ့ အစည်းတို့က ပူးပေါင်းဆောင် ရွက်ပြီး အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ခွဲစိတ်မည်ဖြစ် သည်။

‘‘အခုခွဲမယ့် အစီအစဉ်မှာ ကလေးတွေက အသက်ခြောက် လအရွယ်ကနေ (၁၆)၊ (၁၇)နှစ် အရွယ်ထိပါတယ်။ နယ်စုံကပဲ။ စင်ကာပူက ဆရာဝန်ကြီးတွေနဲ့ မြန်မာက ဆရာဝန်ကြီးတွေပူး ပေါင်းခွဲစိတ်သွားမှာပါ’’ဟု ၎င်း က ပြောသည်။

တစ်ရက်လျှင် ၂၀ မှ ၂၅ ဦးကြား ခွဲစိတ်မည် ဖြစ်ကာ စုစုပေါင်း ၁၀၆ ဦး ခွဲစိတ်ကုသမည်ဖြစ်ပြီး ယခုပူးပေါင်းခွဲစိတ်မှုသည် ရှစ် ကြိမ်မြောက်ဖြစ်သည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဆို သည်မှာ မွေးရာပါနှုတ်ခမ်း(သို့မ ဟုတ်)အာခေါင်တွင်သော်လည်း ကောင်း၊ နှစ်ခုလုံးတွင် သော် လည်းကောင်း အက်ကွဲကြောင်းရှိ နေခြင်းဖြစ်သည်။ ယင်းကဲ့သို့ ကလေးများ မွေးဖွားလာနိုင်ခြေမှာ ဦး ရေ ၈၀၀ တွင် တစ်ဦးနှုန်းဖြစ်ပြီး အာရှတိုက်နှင့် အိန္ဒိယ၊ အမေရိ ကန်မျိုးနွယ်စုတို့၌ ပိုမိုအဖြစ်များ သည်။

ယင်းရောဂါများသည် မျိုးရိုး လိုက်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ကာလတွင် မိခင်က အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၊ ကိုယ်ဝန်ဆောင်စဉ် မိခင်၌ ဗိုင်းရပ်စ်ပိုး၊ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေး၊ ခဲဆိပ်သင့်ခြင်း၊ သတ္တုအဆိပ်သင့် ခြင်း စသည်တို့ကြောင့် အာခေါင် ကွဲ၊ နှုတ်ခမ်းကွဲကလေးငယ်များ မွေးဖွားလာနိုင်ပြီး ယင်းချို့ယွင်း ချက်များကြောင့် ကလေးငယ်များ တွင် နောက်ဆက်တွဲဆိုးကျိုးအ ဖြစ် စကားမပြောနိုင်ခြင်းနှင့် အကြားအာရုံထိခိုက်၍ နားမကြား သည်အထိဖြစ်နိုင်ကြောင်း ဆရာ ဝန်ကြီးများက ပြောသည်။

‘‘သမီးလေးက ရှစ်လပြည့်  တော့မယ်။ ဒီပုံစံက လူတော လည်း မတိုးလို့ သမီးလေးကို ကြည့်ပြီး စိတ်မချမ်းသာဘူး။ အခု ဆို သူ့ဘဝလေး လှပသွားတော့ မှာပါ’’ဟု လာရောက်ခွဲစိတ်ကုသ မှုခံယူသည့် မိတ္ထီလာခရိုင် ဝမ်း တွင်းမြို့နယ်မှ ကလေးမိခင်တစ် ဦးက ပြောသည်။

More in News Section

Top News