အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ တိုက်နယ်ဆေးရုံအချို့ ပြန်မဖွင့်နိုင်သေး

 ဘူးသီးတောင်နှင့်မောင် တောမြို့ပေါ်ရှိ ခုတင် ၅၀ ဆံ့ဆေး ရုံများကလွဲ၍ ယင်းမြို့နယ်များအ တွင်းရှိ အခြားတိုက်နယ်ဆေးရုံ များသည်လက်ရှိအချိန်ထိ လုပ်ငန်း ဆောင်ရွက်နိုင်မှုမရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန နေပြည်တော်တိုင်းကုသ ရေးဦးစီးဌာနမှူး ဒေါက်တာမြတ် ၀ဏ္ဏစိုးက ပြောသည်။

လက်ရှိပိတ်ထားရဆဲ တိုက် နယ်ဆေးရုံအချို့သည် မောင်တော မြို့နယ်အတွင်းရှိ အလယ်သံ ကျော်၊ ကြိမ်ချောင်းနှင့် အောင်သ ပြေတိုက်နယ်ဆေးရုံ၊ ဘူးသီး တောင်မြို့နယ်အတွင်းရှိ တောင် ဘဇာတိုက်နယ်ဆေးရုံ၊ ရသေ့ တောင်မြို့နယ်အတွင်းရှိ စေတီ ပြင်တိုက်နယ်ဆေးရုံတို့ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အကြမ်း ဖက်မှုဖြစ်ပွားသည့် ဩဂုတ် ၂၅ ရက်ကစ၍ အဆိုပါတိုက်နယ် ဆေးရုံများပိတ်ထားရကာ တစ် လကျော်ကြာသည်အထိ ပြန် လည်ဖွင့်နိုင်ခြင်းမရှိပေ။

‘‘သိသလောက်ကတော့ အ ကြမ်းဖက်လုပ်ငန်းတွေကြောင့် တိုက်နယ်ဆေးရုံအားလုံးကတော့ Function (အလုပ်)မဖြစ်ဘူး။ မလုပ်ဘူး။ ဘူးသီးတောင်နဲ့မောင် တောက မြို့နယ်ဆေးရုံခုတင် ၅၀ လောက်ကပဲ ဆေးဝါးကုသမှုကို ဆောင်ရွက်နေတယ်။ ဒါကြောင့် ဆေးဝါးတွေအပြင် ၀န်ထမ်းတွေ အတွက် ရိက္ခာတွေထောက်ပံ့ပေး နေတယ်’’ ဟု ဒေါက်တာမြတ်ဝဏ္ဏ စိုးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ခုတင် ၅၀၀ ဆံ့အထူးကုဆေးရုံတစ်ရုံ၊ ခုတင် ၁၀၀ ဆံ့ဆေးရုံငါးရုံ၊ ခု တင် ၅၀ ဆံ့ဆေးရုံခုနစ်ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံငါးရုံနှင့် တိုက် နယ်ဆေးရုံ ၄၆ ရုံစုစုပေါင်းဆေးရုံ ၆၄ ရုံရှိသည့်အနက် အကြမ်းဖက် ခံခဲ့ရသည့် ဒေသများရှိ တိုက် နယ်ဆေးရုံအချို့သည် လက်ရှိအ ချိန်ထိ ဆေးကုသမှုများဆောင် ရွက်နိုင်ခြင်းမရှိသေးကြောင်း ၎င်း ကဆိုသည်။

ထို့အပြင် အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် လုပ်ငန်းဆောင် ရွက်နိုင်ခြင်းမရှိသော ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ များ၊ ကျေးလက်ဆေးပေးခန်းများ ကို စိစစ်၍ လုံခြုံရေးအစီအမံ များချထားရန် စီစဉ်နေကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြော ကြားသည်။

‘‘အဓိကကတော့ တိုက်နယ် ဆေးရုံတွေကို လုပ်မှာပါ။ အခုအဲ ဒီဘက်တွေမှာ မငြိမ်းချမ်းတော့ လုံခြုံရေးအရ ဆေးရုံ၊ ဆေးခန်း တွေပြန်ဖွင့်နိုင်ဖို့အတွက် ဆောင် ရွက်နေတယ်။ အခုတော့ အုတ် တံတိုင်းတွေပြန်ခတ်ဖို့ လုပ်နေ တယ်။ များသောအားဖြင့်တော့ ဆေးရုံ၊ ဆေးခန်းတွေကို အုတ်တံ တိုင်းနိမ့်နိမ့်လေးတွေပဲ ကာကြ တယ်။ အခုတော့ ပိုပြီးမြင့်မြင့်ကာ မယ်။ ၀န်ထမ်းတွေကိုလည်း အင် အားထပ်ပြီး ဖြည့်ရတယ်’’ ဟု ၎င်းကရှင်းပြသည်။

လက်ရှိဆေးရုံများနှင့် ကျေး လက်ကျန်းမာရေးဌာနများကို ၀င်းအဖြစ် ခတ်ထားသောအုတ် တံတိုင်းများသည် နိမ့်လွန်းနေ၍ အကြမ်းဖက်သမားများ အလွယ် တကူဝင်ရောက်ကာ အန္တရာယ်ပြု နိုင်သည့် အခြေအနေကြောင့် ရဲ စခန်းများနှင့် လုံခြုံရာနေရာများ သို့ တိမ်းရှောင်နေရကြောင်း ရခိုင်ပြည်နယ်တွင် တာဝန်ထမ်း ဆောင်နေသော ကျေးလက်ကျန်း မာရေးဝန်ထမ်းတစ်ဦးက ဆို သည်။

‘‘ဒါက လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်နေတဲ့ပုံစံမဟုတ်ဘူး။ အစွန်းရောက်သူတွေက ရွာသား တွေကို စည်းရုံးပြီးလုပ်တာဆို တော့ အကြမ်းဖက်သမားလား၊ ပြည်သူလားဆိုတာ ခွဲခြားမသိနိုင် ဘူး။ ဒါကြောင့် ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေ မှာ လုံခြုံရေးတွေချထားပေးသင့် တယ်။ မြို့ကြီးရွာကြီးတွေအထိ လုံခြုံရေးတွေ ချထားပေးဖို့လိုပေ မယ့် အစိုးရဘက်က အဲဒီလောက် ထိ အင်အားမယူနိုင်သေးဘူး’’ ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းကပြော ကြားသည်။

အကြမ်းဖက်မှုများကြောင့် တိမ်းရှောင်နေရသော ၀န်ထမ်း များရှိနေ၍ အချို့ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်မရဘဲ အရေးပေါ် လူနာများကို မောင်တောမြို့နယ် ဆေးရုံ၊ ဘူးသီးတောင်မြို့နယ် ဆေးရုံနှင့် စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရသည်။