NCA နှစ်ပတ်လည်အခမ်းအနားသို့ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် အဖွဲ့ ၁၁ ဖွဲ့ကို အစိုးရဖိတ်ကြား

နှစ်ပတ်လည်ပွဲ တက်၊ မတက် အတည်မပြုနိုင်သေးဟု မြောက်ပိုင်းခုနစ်ဖွဲ့နှင့် UNFC ဆို

 တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ၂ နှစ်ပြည့် နှစ်ပတ် လည်အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ NCA မထိုးရသေးသည့် တိုင်းရင်းသားလက် နက်ကိုင် ၁၁ ဖွဲ့ထံ ဖိတ်စာပေးပို့ ထားကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော ကြားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် မြောက်ပိုင်းခုနစ်ဖွဲ့၏ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPN-CC) တို့တွင် ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအား ဖိတ်ကြားထားပြီး အိန္ဒိယ နိုင်ငံ အခြေအနေနှင့် ဆက်နွှယ် နေသည့် နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) ကို ဖိတ်ကြားခြင်း မပြုပေ။

‘‘တစ်ဖွဲ့ချင်းစီကိုဖိတ်တာ။ ခေါင်းဆောင်ပိုင်းတွေကို ဖိတ် တာ။ အခုလေးမှ ပို့လိုက်တာ။ လောလောဆယ် သူတို့ဆီက အ ကြောင်းပြန်ကြားချက်တော့ မရ သေးဘူးပေါ့’’ဟု ဦးဇော်ဌေးက အောက်တိုဘာ ၁၁ ရက် ညနေတွင် ပြောသည်။

ယခုကဲ့သို့ ဖိတ်ကြားခြင်း သည် အစိုးရအနေဖြင့် NCA လမ်း ကြောင်းအရ ဆောင်ရွက်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် အပစ် ရပ်စဲရေးလုပ်ငန်းများတွင် ယင်း အဖွဲ့များ ပါဝင်လာရေး လမ်းဖွင့် ထားကြောင်း ထင်ရှားစွာ ပြသ ခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆို သည်။

‘‘လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ ဒီငြိမ်းချမ်းရေးဖြစ်စဉ် မှာ ပါဝင်လာဖို့ ကြိုးပမ်းနေတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

 NCA နှစ်ပတ်လည်ပွဲသို့ တက်ရောက်နိုင်ခြင်း ရှိ၊ မရှိ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ များနှင့် UNFC ကိုယ်စားလှယ်များ က အတည်ပြုပြောဆိုနိုင်ခြင်းမရှိ သေးပေ။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့၏ စုဖွဲ့မှုတွင် ပါဝင်သည့် မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) အထွေထွေအတွင်းရေး မှူး ဦးကြည်မြင့်က နှစ်ပတ်လည် ပွဲသို့ တက်ရောက်ရန် ရှိ၊ မရှိ လတ်တလော ပြောကြားရန် ခက်သည်ဟု ဆိုသည်။ ‘‘အားလုံး သဘောထား ဘယ်လိုလဲဆိုတာ မသိရသေးဘူး’’ဟု ၎င်းက ပြောသည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် ‘ဝ’အဖွဲ့ (UWSA)၊မိုင်းလားအဖွဲ့ (NDAA)၊ ကချင် အဖွဲ့ (KIO)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင် အဖွဲ့ (AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ဖြစ်သည်။

UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက NCA နှစ်ပတ် လည်အခမ်းအနားသို့ တက်၊ မတက် ဆုံးဖြတ်ရန် ခေါင်းဆောင် များ၏ လမ်းညွှန်ချက်ကို စောင့် ဆိုင်းရမည်ဟုဆိုသည်။

‘‘တက်ရောက်မယ်ဆိုရင် ဘယ်လိုအနေအထားနဲ့ ဖိတ်လဲ ဆိုတာ မသိသေးလို့ပါ။ တက် ရောက်ရုံ၊ ထိုင်ရုံပဲလား၊ စကား ပြောခွင့်ရှိလား၊ ဘယ်လိုအဆင့်နဲ့ ကျွန်တော်တို့ကို ဖိတ်လဲဆိုတာ လည်း ရှိသေးတာပေါ့။ သူဖိတ် မယ့်ပုံစံက ဘယ်လိုပုံစံလဲ၊ တက် ရောက်မယ့်အဆင့်အတန်းက ဘယ်လိုလဲ၊ ဘယ်လိုအခွင့်အရေး ပေးမလဲဆိုတာ ကြည့်ပြီးမှ ကျွန် တော်တို့ ဆုံးဖြတ်ရမယ်လေ’’ဟု နိုင်အောင်မငေးက ပြောသည်။

 UNFC အဖွဲ့ဝင် အဖွဲ့အ စည်းများသည် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)နှင့် ရခိုင်အမျိုးသားကောင် စီ (ANC)တို့ဖြစ်သည်။ SSPP သည် UNFC မှ နုတ်ထွက်ပြီး မြောက်ပိုင်းခုနစ်ဖွဲ့၏ စုဖွဲ့မှုတွင် ပါဝင်ထားသည်။

NCA လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများအနက် UNFC သည် အစိုးရနှင့် NCA လက်မှတ်ထိုးရန် ညှိနှိုင်းနေဆဲဖြစ်ပြီး အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းတွင် ဆက်လက်ညှိနှိုင်းရန် စီစဉ်ထားသည်။ မြောက်ပိုင်းခုနစ်ဖွဲ့က NCA မထိုးဘဲ UWSA ၏ ဦးဆောင်မှုဖြင့် နိုင်ငံရေးဆွေးနွေးမည်ဟု ထုတ်ဖော်ပြောဆိုထားပြီး အစိုးရနှင့် ဆွေးနွေးရာတွင်လည်း တစ်ဖွဲ့ချင်းစီ မဆွေးနွေးဘဲ ခုနစ်ဖွဲ့ဖြင့် တစုတပေါင်းတည်း ဆွေးနွေးမည်ဟု ဆုံးဖြတ်ထားသည်။ ထို့ကြောင့် အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များ တွေ့ဆုံရေး ညှိနှိုင်းမရဖြစ်နေသည်။

 ‘‘မြောက်ပိုင်းအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ ကို အမြဲတမ်းတံခါးဖွင့်ထားတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ လည်း ငြိမ်းချမ်းရေးကော်မရှင်က နေ ဆောင်ရွက်နေတယ်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင် ခြင်းမရှိသေးဘူး။ အစိုးရအနေနဲ့ လက်ရှိ နိုင်ငံအတွင်းမှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ ဖြစ်စဉ်တွေ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကတော့ တကယ်ကို ဦးစားပေးအနေနဲ့ ဆောင်ရွက်နေတယ်’’ဟု ဦးဇော် ဌေးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ အောက် တိုဘာ ၁၅ ရက်က ကျင်းပသော NCA တစ်နှစ်ပြည့် နှစ်ပတ်လည် ပွဲသို့ အပစ်မရပ်အဖွဲ့အစည်းများ အား ဖိတ်ကြားသော်လည်း တက်ရောက်ခြင်းမရှိခဲ့ပေ။

NCA ကို သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၅ က ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ် ဖွဲ့က လက်မှတ်ရေးထိုးထားသည်။

More in News Section

Top News