မြစ်ကြီးနားတွင် ပြုလုပ်မည့်ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲသို့ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဟောပြောမည်

 မြစ်ကြီးနားမြို့တွင် ပြု လုပ်မည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွင် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာခက် အောင် တက်ရောက်ဟောပြော မည်ဟု ဒီချုပ်ပြည်နယ် အလုပ်အ မှုဆောင်အဖွဲ့ဝင် ဦးဇော်လွင်က ပြောသည်။


‘‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ဆိုင်နေရတဲ့၊ ဖြေရှင်းနေရတဲ့ အခြေအနေတွေကို ကျွန်တော်တို့  ပြည်သူတွေက အမေအနား အမြဲ ရှိနေတယ်ဆိုတာ ပြသနိုင်ခြင်း အားဖြင့် နိုင်ငံတကာဖိအားတွေ ရော၊ ရခိုင်အရေးအခင်းတွေရော ကျွန်တော်တို့ တအားမျှော်လင့်နေ သော ငြိမ်းချမ်းရေးမှာလည်း တိုင်းရင်းသားတွေ ပူးပေါင်းလာ မယ်လို့လည်း မျှော်လင့်ပါတယ်။ ၀န်ကြီးချုပ်ကတော့ ပြည်သူတစ် ယောက်အနေနဲ့ ဟောပြောမယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၆ ရက်တွင် ကချင် ပြည်နယ် ဒီချုပ်၊ ဒီမိုကရေစီနှင့် ဒေါ်စုကို ချစ်မြတ်နိုးသူများပူး ပေါင်း၍ မြစ်ကြီးနားမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ရှိရာ ရင်ပြင်၌ နံနက် ၁၀ နာရီမှ စတင်ကာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များအပါအ၀င် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီး၊ ဖားကန့်၊ ဟိုပင်၊ ၀ိုင်းမော် စသော မြို့နယ်များမှ ပြည်သူ့ ၃၀,၀၀၀ခန့်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ထို့အပြင် အောက်တိုဘာ တစ်လလုံး အပတ်စဉ် အင်္ဂါနေ့များတွင် မြစ်ကြီးနားမြို့၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ များ ပူးပေါင်းကာ ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ပြုလုပ်မည်ဟု၎င်းကပြောသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာဖိအားများ ကျရောက် နေချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲနှင့် ဘာသာပေါင်းစုံဆုတောင်းပွဲများကို ရန်ကုန်အပါအ၀င် မြို့ကြီးများတွင် ဆက်တိုက်ပြုလုပ်နေသည်။

More in Politics Section