ဆန်းချက်ဇ်နှင့် အိုဇေးလ်ကို ဇန်န၀ါရီတွင် ရောင်းချနိုင်

လာမည့်ဇန်န၀ါရီတွင် အာဆင်နယ်က ဆန်းချက်ဇ်နှင့် အိုဇေးလ်ကို ရောင်းချနိုင်သည်ဟု အာစင်ဝင်းဂါးကပြောသည်။


အာဆင်နယ်၏ အဓိက ကစားသမားနှစ်ဦးဖြစ်သော ယင်း ကစားသမားနှစ်ဦး၏ စာချုပ်သည် ယခုနှစ်ကုန် ကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပေး ရနိုင်သဖြင့် အာဆင်နယ်က ၎င်း တို့ကို ရောင်းချရန်စဉ်းစားနေခြင်း ဖြစ်သည်။

နွေရာသီမတိုင်မီ ဇန်န၀ါရီ တွင်​ ၎င်းတို့ကို ရောင်းချနိုင်သလားဟု မေးမြန်းရာ၌ ၀င်းဂါးက ‘‘ဖြစ်နိုင်ပါတယ် အဲဒီလို အခြေအနေကြုံနေရပြီဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းအားလုံးကို စဉ်းစားထားရပါတယ်’’ဟု ပြောသည်။

အိုဇေးလ်နှင့်စာချုပ်သစ်ချုပ် ဆိုရေး ဆွေးနွေးနေသည်ဟု ၀င်းဂါးက ပြောကြားပြီး တိုးတက်မှုရ နေကြောင်း ပြောသည်။ ‘‘ကစား သမားနှစ်ယောက်စလုံးကတော့ ဒီမှာပျော်နေပုံပေါ်ပါတယ်။ အ ခြေအနေကို အလှည့်အပြောင်း ဖြစ်အောင် လုပ်နိုင်မယ်လို့ မျှော် လင့်တယ်’’ဟု ၎င်းကပြောသည်။

ထိုအတောအတွင်း ဂျာမနီ လက်ရွေးစင်နောက်တန်းလူ မူစ တာဖီကို တစ်လမှ တစ်လခွဲအထိ ဆုံးရှုံးဖွယ်ရှိကြောင်း ၀င်းဂါးက ပြောသည်။ မူစတာဖီသည် ဂျာမနီက အဇာဘိုင်ဂျန်ကို ၅-၁ ဂိုးဖြင့်နိုင်သောပွဲတွင် ပေါင်၌ ဒဏ်ရာ ရရှိခဲ့သည်။ အာဆင်နယ်သည်စနေ ည ၉ နာရီတွင် ၀က်ဖို့ဒ်ကွင်း သို့ သွားကစားရမည်ဖြစ်သည်။

-Ref:AP

Top News