ဂျေလိဂ်ကလပ်ဆီရီဇိုအိုဆာကာအသင်း နည်းပြများ မြန်မာလူငယ်များအား ဘောလုံးအခြေခံပညာ သင်ကြားပေး

ဂျေလိဂ်ကလပ်ဆီရီဇိုအိုဆာကာအသင်းနည်းပြများ သင်ကြားပေးသည့်အစီအစဉ်တွင် လေ့ကျင့်နေသည့် မြန်မာလူငယ်ဘောလုံးသမားလေးများ(ဓာတ်ပုံ − နစ်ကီ)

 မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ်နှင့် ဂျပန်ဂျေလိဂ်ကလပ် ဆီရီဇိုအိုဆာကာအသင်းတို့ ပူး ပေါင်းကာ ဘောလုံးဖွံ့ဖြိုးတိုး တက်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ဆီရီဇိုအိုဆာကာ အသင်းနည်းပြများက မြန်မာလူ ငယ် ၁၀၀ဦးအားဘောလုံးအခြေခံ နည်းစနစ်များ နှစ်ရက်ကြာ သင် ကြားပေးနေသည်။

Football Clinic အစီအစဉ် အရ အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုကွင်း၌ ဆီရီဇို အိုဆာကာအသင်းနည်းပြများက မြန်မာလူငယ်ကစားသမားများ အား ဘောလုံးအခြေခံနည်းစနစ် များ သင်ကြားပေးနေသည်။

‘‘ဒီနှစ်နိုင်ငံက အရင်က တည်းက ဆက်ဆံရေးကလည်း ကောင်းမွန်တဲ့အတွက် ရှေ့ဆက် ပြီး ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်တွေရှိပါတယ်’’ ဟု အောက်တိုဘာ ၁၂ ရက်ညနေက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ပြု လုပ်သည့် ၎င်းအစီအစဉ်ဖွင့်ပွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

ယင်းအစီအစဉ်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်အကယ် ဒမီများနှင့် အား/ကာသိပ္ပံကျောင်းမှ လူငယ်ကစားသမားအား ရွေးချယ်သင်ကြားပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် တို့အကြား ဆက်ဆံရေးကောင်း များရှိပြီး ယခုအစီအစဉ်သည် ဂျပန်ဘောလုံးအဖွဲ့ချုပ်၏ ညွှန် ကြားချက်အရ ဆီရီဇိုအိုဆာကာ အသင်းက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့်ပူးပေါင်းကာ လူငယ် ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ်များ လာရောက်ပြုလုပ်ခြင်း ဖြစ်ကြောင်း ဦးဇော်ဇော်ကပြော သည်။

မြန်မာနိုင်ငံသည် ဘောလုံး ကိုချစ်မြတ်နိုးသည့် နိုင်ငံဖြစ်ခြင်း ကြောင့် ဘောလုံးနည်းစနစ် တိုး တက်ရန် လာရောက်သင်ကြား ပေးခြင်းဖြစ်ပြီး ဘောလုံးနှင့်အတူ မြန်မာနိုင်ငံလည်း တိုးတက်စေလို ကြောင်း ယင်းအစီအစဉ်ဖွင့်ပွဲသို့တက်ရောက်သည့် ဂျပန်နိုင်ငံ အားကစားဒုဝန်ကြီးက ပြောကြား သည်။

Top News