လုပ်ပွဲသတင်းကြောင့် ချီလီအသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရရေး အယူခံဝင်ရန် နည်းလမ်းရှာဖွေ

ကိုလံဘီယာတိုက်စစ် မှူး ဖယ်ကာအိုက နှစ်သင်းစလုံး အတွက် သရေရလဒ်က ကမ္ဘာ့ ဖလားဝင်ခွင့်ရလိမ့်မည်ဟု ပီရူး ကစားသမားများကို ပြောဆိုနေပုံ ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာပြီးနောက် ချီလီဘောလုံးအဖွဲ့ချုပ် (ANFP) က လုပ်ပွဲကစားခြင်းဖြစ် နိုင်သည်ဆိုကာ ၎င်းတို့ခြေစစ်ပွဲ မအောင်ဖြစ်ခဲ့ရခြင်းအတွက် အ ယူခံဝင်ရန် နည်းလမ်းများရှာဖွေ နေသည်။

ပီရူးနှင့် ကိုလံဘီယာတို့ တောင်အမေရိကဇုန် ခြေစစ်ပွဲ နောက်ဆုံးအကျော့ပွဲတွင် တစ်ဂိုး စီသရေကစားခဲ့သဖြင့် ကိုလံဘီ ယာခြေစစ်ပွဲအောင်ခဲ့ကာ ပီရူးသည် ရှုံးထွက်ကစားခွင့်နေရာသေချာခဲ့သည်။

တစ်ဂိုးစီသရေကျနေစဉ် ဖယ်ကာအိုက ပီရူးအသင်းခေါင်းဆောင်ပေါ်လိုဂူရာရီရိုကို တစ်ဖက်တွင် ဘရာဇီးကို ချီလီက ရှုံးနေသဖြင့် လက်ရှိတစ်ဂိုးစီ သရေကျနေသော မိမိတို့နှစ်သင်းရလဒ် သည် နှစ်သင်းစလုံးအတွက် ခြေစစ်ပွဲအောင်ရန် အကောင်းဆုံးဖြစ်သည်ဟု ပြောနေပုံရသော ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့သည်။

‘‘တခြားပွဲက ဘာလဲဆိုတာ ငါတို့သိထားတယ်’’ဟု ဖယ်ကာအိုက ပြောကြားခဲ့ကြောင်း ဂူရာရီရိုကဆိုပြီး ဖယ်ကာအိုကလည်း ငြင်းဆန်ခြင်းမရှိဘဲ ယင်းသို့ ပြောကြားခဲ့ကြောင်း ၀န်ခံသည်။

ချီလီက ယခုအခါ ဖီဖာထံ အယူခံဝင်နိုင်မည့် နည်းလမ်းများ ရှာဖွေနေပြီး လုပ်ပွဲကစားခြင်း ထင်ရှားပါက ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း၊ အဆင့်နိမ့်ပြိုင်ပွဲသို့ ပြောင်းရွှေ့ကစားစေခြင်း၊ အမှတ် လျှော့ချခြင်း(သို့မဟုတ်) ဆု ပြန်သိမ်းခြင်းပြစ်ဒဏ်များ ချမှတ်နိုင်သဖြင့် ချီလီအသင်း ကမ္ဘာ့ဖလားတွင် ပါဝင်ခွင့်ရရေး အယူခံဝင်ရန် ပြင်ဆင်နေသည်။           -Ref:AS