ထိုင်းဖိတ်ခေါ်ယူ-၂၃ ပြိုင်ပွဲတွင် မြန်မာအသင်းယှဉ်ပြိုင်မည်

ထိုင်းဘောလုံးအဖွဲ့ချုပ် က ကြီးမှူးကျင်းပသည့် ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

M-150 Cup 2017 အမည် ဖြင့် ကျင်းပမည့် အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ထိုင်းနိုင်ငံဘူရီရမ်မြို့၌ ကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းကို ယှဉ် ပြိုင်ရန် ဖိတ်ကြားထားသည်။

‘‘မလေးရှားဆီးဂိမ်းပြိုင်ပွဲ ဝင်အသင်းကို အခြေခံပြီး ထိုင်း ဖိတ်ခေါ်ပြိုင်ပွဲ သွားပြိုင်မယ်။ ဒါ ပေမဲ့ လက်ရွေးစင်အသင်းကြီးမှာ ပါဝင်တဲ့ ကစားသမားတွေကို အ နားပေးဖို့ ရှိတယ်။ သူတို့အစားအ ခြားကစားသမားသစ်တွေ ထပ် ရွေးသွားဖို့ရှိတယ်’’ ဟု မြန်မာနိုင် ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။ ထိုင်းဖိတ်ခေါ်ပြိုင်ပွဲ  ဝင်မည့် ယူ-၂၃ အသင်းနည်းပြ ချုပ်အဖြစ် လက်ရွေးစင်အသင်း နည်းပြချုပ် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်ကိုသာ တာဝန်ပေး

ဖွယ်ရှိကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းပြိုင်ပွဲကို အုပ်စုနှစ်စုခွဲ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ဂျပန်၊ မြောက်ကိုရီးယားနှင့် ဥဇဘတ်ကစ္စတန်၊ အုပ်စု(ခ) တွင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာအသင်းတို့ပါဝင်သည်။ပြိုင်ပွဲကျင်းပမည့် ပုံစံအရအုပ်စုတစ်စုမှ ထိပ်ဆုံးအ သင်းများ ဗိုလ်လုပွဲတက်ရောက်ခွင့်ရမည်ဖြစ်ပြီး ဒုတိယအနေရာရအသင်းများက တတိယနေရာလုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းကို ဆုကြေးငွေကန်ဒေါ်လာနှစ်သောင်း  ချီးမြှင့်မည်ဖြစ်ကြောင်း  ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ထားသည်။

ထိုင်းဘောလုံး အဖွဲ့ချုပ် သည် အဆိုပါပြိုင်ပွဲကို ၂၀၁၈ အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအ တွက် ကြိုတင်ပြင်ဆင်သည့်အနေ ဖြင့် ကျင်းပခြင်းဖြစ်သည်။ ထိုင်း ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် အ သင်းများအနက် မြန်မာအသင်းမှ လွဲ၍ ကျန်ငါးသင်းသည် အာရှယူ -၂၃ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရ ထားသည့် အသင်းများဖြစ်သည်။