တိုက်စစ်မှူး အောင်သူနှင့် နားလည်မှုပိုရှိလာကြောင်း ကျော်ကိုကိုဖွင့်ဟ

လက်ရွေးစင်ဘောလုံး အသင်း တိုက်စစ်ပိုင်း၌ အောင်သူ နှင့် တွဲကစားရသည်မှာ တဖြည်း ဖြည်းနားလည်မှုပိုရှိလာကြောင်း ကျော်ကိုကိုက ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်း တွင် ကျော်ကိုကိုကို ပြန်လည် ရွေးချယ်ခဲ့ပြီးနောက်ပိုင်း အောင် သူနှင့် တွဲဖက်ကစားစေခဲ့သော် လည်း ခြေစွမ်းမပြနိုင်ဘဲ အတွဲ အဖက်မညီဟု ပရိသတ်အချို့က ဝေဖန်ခဲ့သည်။

သို့သော် အောက်တိုဘာ ၁၀ ရက်က သုဝဏ္ဏကွင်း၌ ယှဉ် ပြိုင်သည့် အာရှဖလားခြေစစ်ပွဲ တွင် ကာဂျစ္စတန်အသင်းက ဦး ဆောင်ဂိုးများသွင်းခဲ့သော်လည်း မြန်မာအသင်းအတွက် ချေပဂိုးများကို ကျော်ကိုကိုနှင့် အောင်သူတို့က သွင်းပေးခဲ့သည်။ ယင်းပွဲတွင် ကျော်ကိုကိုနှင့် အောင်သူတိုက်စစ်အတွဲက ပြိုင်ဘက်အ သင်းကို ဖိအားပေးနိုင်ခဲ့ပြီး ပြိုင်ပွဲ ကျင်းပရေးက ရွေးချယ်သည့် ယင်းပွဲ၏ အကောင်းဆုံးကစားသမားဆုကို ကျော်ကိုကိုရခဲ့သည်။

အောင်သူနှင့် အတွဲညီညီ ကစားနိုင်ရန် ကွင်းတွင်းသာမက ကွင်းပြင်တွင်ပါ   ဆွေးနွေးဖြစ်ကြောင်း တိုက်စစ်မှူး ကျော်ကိုကိုက ပြောသည်။

‘‘အောင်သူနဲ့ ကျွန်တော်လေ့ ကျင့်ရေးကွင်းမှာလည်း ဘယ်လို ကစားကြမလဲဆိုတာ ဆွေးနွေး ဖြစ်ပါတယ်။ သူ့ဆီကနေလည်း လေ့လာသင်ယူပါတယ်။ တဖြည်းဖြည်းနဲ့တော့ ကစားရတာ ပိုပြီး နားလည်မှုရှိလာပါပြီ။ ဒီထက်ပို ကောင်းလာမယ်လို့ မျှော်လင့်ပါ တယ်’’ဟု ကျော်ကိုကိုက ကာဂျစ္စ တန်အသင်းနှင့် ပွဲအပြီးတွင် ပြောသည်။ ၂၀၁၉ အာရှဖလားခြေစစ်ပွဲအုပ်စု (က) ပွဲစဉ် သုံးပွဲကစားပြီးချိန်တွင် မြန်မာအသင်းသည် ခြောက်ဂိုးသွင်းကာ ကျော်ကိုကိုနှင့် စည်သူအောင်တို့က နှစ်ဂိုးစီနှင့် အောင်သူ၊ မင်းမင်းသူတို့က တစ်ဂိုးစီသွင်းထားသည်။

ခြေစစ်ပွဲအုပ်စု (က)တွင် အိန္ဒိယအသင်းက လေးပွဲကစား၊ လေးပွဲနိုင်၊ ရမှတ် ၁၂ မှတ်ဖြင့် နှစ်ပွဲကျန်ရှိသော်လည်း ခြေစစ်ပွဲအောင်သွားသည်။ မြန်မာနှင့် ကာဂျစ္စတန်တို့သည် သုံးပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် လေးမှတ်စီတူနေသော်လည်း အဝေးဂိုးစည်းမျဉ်းအရ ကာဂျစ္စတန်အသင်းက ဒုတိယ၊ မြန်မာအသင်းက တတိယနှင့် လေးပွဲကစားရမှတ်မရသေးသည့် မကာအိုအသင်းက အုပ်စုအောက်ဆုံး၌ ရှိနေသည်။ ယင်းအုပ်စုလက်ကျန်ခြေစစ်ပွဲအောင်တစ်နေရာအတွက် မြန်မာနှင့် ကာဂျစ္စတန်သာ ယှဉ်ပြိုင်ရဖွယ်ရှိသည်။