ကျိုက်ထီးရိုးရင်ပြင်အနီးတွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ် အမျိုးသားတစ်ဦးသေဆုံး

မွန်ပြည်နယ် ကျိုက် ထိုမြို့နယ် ကျိုက်ထီးရိုးစေတီရင် ပြင်အနီး မြသပိတ်ဘုရားလမ်းတွင်  နေသူနှစ်ဦးစကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရင်ပြင်တော်ရဲကင်းစခန်းမှူး ရဲအုပ်ဇော်မင်းဦးက ပြောသည်။

အောက်တိုဘာ ၁၂ ရက် နံနက် ၁ နာရီကျော်တွင် အသက် (၂၂)နှစ်အရွယ် သက်ပိုင်လင်းနှင့် တစ်လမ်းတည်းနေ(၄၉)နှစ်အ ရွယ်စိုးနိုင်ဦး(ခ)ကိုစိုးတို့ စကား များရာမှ သက်ပိုင်လင်းကစိုးနိုင်ဦး ၏ နေအိမ်တံခါးကို ကန်ခဲ့သည်။ ထို့နောက် သက်ပိုင်လင်းကပါလာ သောဓားရှည်ဖြင့်ထိုး၍ စိုးနိုင်ဦး ၏လက် အနည်းငယ်ထိခိုက်ခဲ့ သည်။ ထို့ကြောင့် စိုးနိုင်ဦးက ၀ါးဆစ်တုတ်ဖြင့် ပြန်ရိုက်ရာ သက်ပိုင်လင်းဒဏ်ရာရရှိသဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ ဆောင်သော်လည်း သေဆုံးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

‘‘စကားများရင်းနဲ့ သက်ပိုင် လင်းက စိုးနိုင်ဦးရဲ့နေအိမ်တံခါး သွားကန်ခဲ့တယ်။ သူ့မှာပါလာ တဲ့ဓားနဲ့ထိုးခဲ့တော့ လက်ဒဏ်ရာ ရခဲ့တယ်။ စိုးနိုင်ဦးက ၀ါးတုတ်နဲ့ တစ်ချက်ပဲပြန်ရိုက်လိုက်တယ်။ ဆေးရုံအရောက်မှာ သေဆုံးသွား တယ်။ စိုးနိုင်ဦးရတဲ့ဒဏ်ရာက တော့ မစိုးရိမ်ရဘူး။ အခုသူ့ကို ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်’’ ဟု ရဲအုပ်ဇော်မင်းဦးက ပြော သည်။ထိုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ပိုင်လင်း၏ ဇနီးဒေါ်ခင်မျိုး ဝေက ဥပဒေအရအရေးယူပေးရန် တိုင်ကြားသဖြင့် ကင်မွန်းချောင်း နယ်မြေရဲစခန်းတွင် လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲအုပ်ဇော်မင်းဦးက ဆိုသည်။