လုံခြုံရေးဝန်ထမ်းချင်း စကားများပြီး ဓားဖြင့်ထိုး၍ နှစ်ဦးဒဏ်ရာရ

 လေဆိပ်လမ်းမပေါ်ရှိ YACL ရုံးလုံခြုံရေးဝန်ထမ်းအမျိုး သားတစ်ဦးသည် အရက်မူးပြီးအ ပြင်မှ ပြန်ရောက်စဉ် အခြားလုံခြုံ ရေးဝန်ထမ်းနှစ်ဦးနှင့် စကားများ ရန်ဖြစ်ကာ ဓားဖြင့်ထိုးသော ကြောင့် အမျိုးသားနှစ်ဦးဒဏ်ရာရ ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက  ပြော သည်။

မင်္ဂလာဒုံမြို့နယ်ရှိ YACL ရုံး ခြံဝင်းအတွင်း နေထိုင်သည့် အသက် (၃၅) နှစ်အရွယ် လုံခြုံ ရေးဝန်ထမ်းဦးညီညီထွန်းသည် ၎င်း၏အစ်ကိုဖြစ်သူနှင့်အတူ ဘား တိုက်လိုင်းခန်းတွင် ရှိနေစဉ် အောက်တိုဘာ ၁၁ ရက် ည ၁၀ နာရီခန့်က ၎င်းတို့နှင့် အလုပ်အ တူလုပ်သည့်  (၃၃) နှစ်အရွယ် အမျိုးသားတစ်ဦး အရက်မူးပြီးပြန်လာရာမှ အခင်းစတင်ဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိက ဆက်လက်ပြောကြားသည်။

အပြင်မှ အရက်မူးပြီးပြန် လာသည့် ရဲနောင်ကျော်စိုးက ကို ညီညီထွန်း၏ အစ်ကိုကို ဆဲဆိုသဖြင့် စကားများရန်ဖြစ်စဉ် ရဲနောင်ကျော်စိုးက ဓားဖြင့်ထိုး ခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

အစ်ကိုကိုဓားဖြင့် ဆင့်ထိုး နေသည့် ရဲနောင်ကျာ်စိုးကို ကိုညီ ညီထွန်းက လက်သီးဖြင့်ထိုးကာ ဓားမြှောင်လုယူစဉ် ကိုညီညီထွန်း လည်း ဓားထိုးခံခဲ့ရကြောင်း ၎င်း ကဆက်လက်ပြောသည်။

အရက်မူးနေသူက ဓားဖြင့် ဆင့်ထိုးခဲ့သဖြင့် ကိုကျော်သူရ၏ ဝမ်းဗိုက် နောက်ကျောနှင့် ဘယ် ဘက် ရင်ဘတ်တို့တွင်ဓားဒဏ်ရာ သုံးချက်ရပြီး ကိုညီညီထွန်း၏ ကျောကုန်းတွင်ဓားဒဏ်ရာ တစ် ချက်ရခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသထားကာ ကိုကျော်သူရသည် အသက်အန္တ ရာယ် စိုးရိမ်ရကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

လုံခြုံရေးဝန်ထမ်း ရဲနောင်ကျော်စိုးကို ဘေးဖြစ်စေသောလက်နက်ဖြင့်  အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေသည်။