ရွှေပြည်သာနာမည်ကြီးလူမိုက်အသတ်ခံရမှု သုံးဦးကို ထပ်မံဖမ်းမိ

 ရွှေပြည်သာနာမည်ကြီး လူမိုက်တစ်ဦးအား နေအိမ်ပေါ် တက်၍ ဓားဖြင့်ဝိုင်းဝန်းခုတ်သတ် ခဲ့သူများအနက် သုံးဦးကို ထပ်မံ ဖမ်းမိခဲ့ကြောင်း ရွှေပြည်သာမြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူးခင်ဇော်က ပြောသည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်က ရွှေပြည်သာမြို့နယ် (၆)ရပ်ကွက်အတွင်း နေထိုင်သည့် အသက်(၅၆)နှစ်အရွယ် ဦးကျော်နိုင်သည် နေအိမ်ဘုရားခန်းရှေ့တွင် မိသားစုနှင့်အတူအိပ်နေစဉ်  ဓားရှည်များကိုင်ဆောင်ထား သော လူခြောက်ဦးခန့်က နေအိမ် အရှေ့တံခါးကို တွန်းဖွင့်၍ အိမ် ပေါ်သို့တက်ကာ ဓားဖြင့်ခုတ်ခဲ့ ခြင်းဖြစ်သည်။ 

အခင်းဖြစ်စဉ်အပြီးတွင် ပြစ်မှုကျူးလွန်ခဲ့သူများအ နက် ဗဟန်းမြို့မှ အသက်(၅၃)နှစ်အရွယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ သည်။  လူသတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့်(၅၃)နှစ်အရွယ် ဦးဝင်းမောင်နှင့် အခြားလူငယ်နှစ်ဦးကို အောက်တိုဘာ ၁၂ ရက်က ထပ်မံဖမ်းမိခဲ့ပြီး စုစုပေါင်းလေးဦးကို ဖမ်းမိထားပြီးဖြစ်ကြောင်း ဒုရဲမှူးခင်ဇော်က ပြောသည်။ 

‘‘ဒီနေ့ ၁၀ မိုင်ကုန်းမှာ တစ် ယောက်မိတယ်။ မင်္ဂလာဒုံမှာ တစ်ယောက်၊ မြောက်ဥက္ကလာမှာ တစ်ယောက်မိတယ်။ ကျန်တာ တွေက လိုက်နေတုန်းပါပဲ’’ဟု စခန်းမှူးက ပြောသည်။ 

အမျိုးသားခြောက်ဦးခန့်က နေအိမ်ပေါ်တက်ကာ ဓားရှည်ဖြင့် ဝိုင်းခုတ်သဖြင့် ဦးကျော်နိုင်၏ဦး ခေါင်း၊ လက်နှစ်ဖက်နှင့် ခြေ ထောက်တို့တွင် ပြတ်ရှဒဏ်ရာ များရရှိခဲ့သည့်အပြင် ဘယ်ဘက် နံကြားတွင်လည်း ထိုးသွင်းဒဏ် ရာရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း ၎င်းက   ပြောသည်။ 

ကျူးလွန်သူများကို လူသတ် မှု၊ ပူးပေါင်းကြံစည်မှု ရာဇသတ် ကြီးပုဒ်မ ၃၀၂/၃၄ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး လွတ်မြောက်နေသူများကို စုံစမ်းနေကြောင်း ရွှေပြည်သာမြို့မရဲစခန်းမှ သိရ သည်။