ခရမ်းသီးမီးဖုတ်ဘဲဥကြော်

ဒီတစ်ခါတော့ လွယ်ကူရိုးရှင်းပေမယ့် စားလို့ကောင်းတဲ့ ဟင်းလျာ ချက်နည်းလေးဖော်ပြပေး လိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ပထမဦးစွာ ခရမ်းသီးကို အိနေအောင်မီးဖုတ်၍ ပျော့လာလျှင် အအေးခံပြီး အခွံနွှာထားပါ။

၂။ကြက်သွန်နီကို အခွံနွှာ၍ ပါးပါးလှီးထားပါ။

၃။ဒယ်အိုးထဲတွင်ဆီထည့်၍ အပူပေးပြီး ဆီပူလျှင် နနွင်းမှုန့်နှင့် ကြက် သွန်နီထည့်ဆီသတ်ပေးပါ။

၎။ကြက်သွန်နီရွှေရောင် သန်းလာလျှင်ခရမ်းသီးမီးဖုတ်အရသာမှုန့်၊ ဆားတို့ထည့်၍ မွှေပေးပါ။

၅။ထို့နောက် ဘဲဥဖောက်ထည့် ၍မွှေပါ။

၆။ဘဲဥများကြေ၍ မာလာလျှင် အရသာစိတ်ကြိုက်မြည်းကာ မီးပိတ်ပေးလို့ရပါပြီ။

ပါဝင်ပစ္စည်းများ

ခရမ်းသီးအလုံးကြီး၁ လုံး

ဘဲဥ၃ လုံး

ကြက်သွန်နီ၁ လုံး

ဆီ(စားပွဲတင်ဇွန်း)၄ ဇွန်း

Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။