ကိုယ်ပိုင်လူမှုမီဒီယာ အက်ပလီကေးရှင်း ဖြန့်ချိမယ့် တေလာဆွစ်ဖ်

 အမေရိကန်အဆို တော် တေလာဆွစ်ဖ်သည် သူ၏ပ ရိသတ်များအတွက် လူမှုမီဒီယာ အက်ပလီကေးရှင်းအသစ်တစ်ခု ဖြန့်ချိမည်ဖြစ်သည်။

အသက် (၂၇) နှစ်အရွယ် တေလာဆွစ်ဖ်သည် ‘The Swift Life’ အမည်ရ လူမှုမီဒီယာအက်ပ လီကေးရှင်း ထုတ်လုပ်မည်ဖြစ်ပြီး ထိုစာမျက်နှာတွင် တေလာဆွစ်ဖ် နှင့်အတူ သူ၏ပရိသတ်များ တစု တစည်းတည်း ဆက်သွယ်နိုင်မည် ဖြစ်သည်။ တေလာဆွစ်ဖ်သည် နိုဝင်ဘာ ၁၀ ရက်တွင် ၎င်း၏ခြောက်ခုမြောက် တေးအယ်လ်ဘမ်‘Reputation’ ကို ဖြန့်ချိမည်ဖြစ်ပြီး အဆိုပါအယ်လ်ဘမ်တွင် ပါရှိသော ‘Look What You Made Me Do’ သီချင်းကို သြဂုတ် ၂၄ ရက်က စတင်ဖြန့်ချိခဲ့ရာ ယူကျုဘ်၌တစ်ရက်အတွင်း ကြည့်ရှုသူ သန်း၄၀ ကျော်ဖြင့် စံချိန်တင်အောင်မြင်ခဲ့ သည်။အဆိုပါတေလာဆွစ်ဖ်၏ အက်ပလီကေးရှင်းသစ်ကို ယခု နှစ်နှောင်းပိုင်းတွင် Apple App Store နှင့် Google Play Store တို့၌ ကူးယူးရရှိနိုင်သည်။

—Ref:Contactmusic

Top News