တောင်းရမ်းစားသောက်သူများ၏ ရင်ခွင်ပိုက်ကလေးများ ဆေးကျွေးထားသကဲ့သို့ တွေ့မြင်ရကြောင်း ရန်ကုန်မြို့တော်ဝန်ပြော

 တောင်းရမ်းစားသောက် သူများ၏ ရင်ခွင်ပိုက်ကလေးများ ကို ဆေးကျွေးထားသကဲ့သို့ တွေ့ မြင်နေရကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောကြား သည်။


ထိုသို့ရင်ခွင်ပိုက်ကလေးနှင့် တောင်းရမ်းစားသောက်သူများ ကို ဖမ်းမိပါက မိခင်နှင့်အတူဝါး နက်ချောင်းလူမှုစောင့်ရှောက်ရေး ဌာနသို့ ပို့ဆောင်ထိန်းသိမ်း ကြောင်း ဦးမောင်မောင်စိုးက ပြောကြားသည်။

အရွယ်မရောက်သေးသော ရင်ခွင်ပိုက်ကလေးများကို အရင်း ပြု၍ တောင်းရမ်းနေသူများကို တားဆီးထိန်းသိမ်းရန် မည်သည့် ဌာနများတွင် တာဝန်ရှိပြီးစာသင် အရွယ် ကလေးသူငယ်များ တောင်းရမ်းစားသောက်နေခြင်း၊ တောင်းရမ်းခိုင်းခြင်း၊ သက်ကြီး ရွယ်အိုများကို တောင်းရမ်းခိုင်း ခြင်းများကို မည်ကဲ့သို့ ဆောင် ရွက်ရန်ရှိကြောင်း အောက်တို ဘာ ၁၂ ရက်က ပြုလုပ်သည့်ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်အ စည်းအဝေး၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဌေး၏ မေးမြန်းမှုကို ဖြေကြားစဉ် ၎င်းက ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ထိုသို့ တောင်းရမ်းစား သောက်နေမှုများကို ထိန်းသိမ်း စောင့်ရှောက်ရန် အားလုံးတွင် တာဝန်ရှိနေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက နေ့စဉ် လှည့်လည်ဖမ်းဆီးနေပြီး အထူးအစီအစဉ်အနေဖြင့် တစ် ပတ်လျှင်တစ်ကြိမ် ည ၁၂ နာရီ နောက်ပိုင်း၌ ဆူးလေလမ်းမ၊ ဘူတာတစ်ဝိုက်၊ သီရိမင်္ဂလာဈေး နှင့် ရွှေပိတောက်ငါးဈေးတို့တွင် လှည့်လည်၍ အခြေအနေမဲ့များ နှင့် တောင်းရမ်းစားသောက်သူ များကို ဖမ်းဆီးနေသည်ဟု ၎င်းက ပြောသည်။

ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ၉၆၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဦးမောင်မောင်စိုးက ပြောကြား သည်။

ဖမ်းဆီးခံရသူများကို အ သက်အရွယ်အပိုင်းခြားအလိုက် သက်ဆိုင်ရာ ထိန်းသိမ်းစောင့် ရှောက်ရေးစခန်းများသို့ ပို့ဆောင် ပြီး မိဘအုပ်ထိန်းသူရှိသည့် ကလေးငယ်များကို ရပ်ကွက်အုပ် ချုပ်ရေးမှူး၊ သက်ဆိုင်ရာမြို့နယ် ရဲစခန်းနှင့် အိမ်ထောင်စုစာရင်း တို့ပြသစေ၍ ခံဝန်လက်မှတ်ရေး ထိုးကာ ပြန်လည်အပ်နှံကြောင်း ၎င်းကဆိုသည်။

‘‘ကလေးတွေ စာမသင်ရဘဲ လမ်းပေါ်မှာ တောင်းရမ်းစား သောက်နေကြတာဟာ မိဘတွေ က ခိုင်းလို့လား၊ တခြားလူပုဂ္ဂိုလ် တစ်စုံတစ်ယောက်က ခိုင်းတာ လားဆိုတဲ့ဆန်းစစ်မှုမျိုးလိုအပ်ပါ တယ်’’ ဟုဦးလှဌေးကဆိုသည်။