ဒုက္ခသည်စခန်းများသို့ တိမ်းရှောင်ခဲ့သော ကိုင်းကြီး (မြို)ရွာ ဒေသခံများ ကိုင်းကြီး (ရခိုင်)ရွာသို့ ပြောင်းရွှေ့

အကြမ်းဖက်သမား များ၏  အန္တရာယ်ကို  စိုးရိမ်မှု ကြောင့် ဘူးသီးတောင်မြို့ရှိ စုရပ် ဒုက္ခသည်စခန်းများသို့ တစ်လကျော်ကြာတိမ်းရှောင်ခဲ့သော မောင်တောမြို့နယ် ကိုင်းကြီး (မြို)ရွာမှ ဒေသခံများသည် ၎င်းတို့ ကျေးရွာအနီးရှိ ကိုင်းကြီး (ရခိုင်) ရွာသို့ ပြောင်းရွှေ့နေထိုင်နေကြပြီ ဖြစ်သည်။

အဆိုပါဒေသခံမြိုတိုင်းရင်း သားများသည် ယခုရက်ပိုင်းက ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ၎င်းတို့၏ ရွာသို့မသွားရဲသဖြင့် ကိုင်းကြီး (ရခိုင်)ရွာ စာသင်ကျောင်းတွင် ယာယီ နေထိုင်လျက်ရှိကြောင်း မြိုရွာသူကြီး ဦးစံထွန်းက ပြောသည်။ ကိုင်းကြီး (မြို) ရွာသည် ကိုင်းကြီး (ရခိုင်)ရွာနှင့် လေးမိုင်ခန့်အကွာ မေယုတောင်တွင် တည်ရှိသည်။

‘‘လောလောဆယ်တောထဲ ကိုဝင်ဖို့ မ၀ံ့ရဲသေးပါဘူး။ အဲဒါ ကြောင့် ကိုင်ကြီး (ရခိုင်)ရွာက စာသင်ကျောင်းမှာပဲ နေပါတယ်။ နေရာက ကျပ်တည်းမှုရှိနေပါ တယ်’’ဟု ဦးစံထွန်းက ဆိုသည်။ လက်ရှိစာသင်ကျောင်းတွင် နေ ထိုင်လျက်ရှိသော မိသားစုဝင်များ သည် အိမ်ထောင်စု လေးဆယ် ကျော်နှင့် လူဦးရေ နှစ်ရာကျော်ရှိ ကြောင်း ဦးစံထွန်းက ဆက်လက် ပြောကြားသည်။

ကိုင်းကြီး (မြို)ရွာတွင် နယ် စပ်ရေးရာဝန်ကြီးဌာနက နေအိမ် အလုံး ငါးဆယ်တည်ဆောက်ပေး ရန် လျာထားပြီး အဆိုပါနေအိမ် များကို ရခိုင်ကျေးရွာများနှင့် နီး ကပ်စွာတည်ဆောက်ပေးရန် ဆန္ဒရှိကြောင်း မြိုတိုင်းရင်းသားများ က ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၃ ရက် တွင် မေယုတောင်ရှိ ကိုင်းကြီး (မြို)ရွာမှ ရွာသားရှစ်ဦးသည် ယာခင်းထဲသို့သွားစဉ် သတ်ဖြတ်ခံခဲ့ရသည်။ ထို့နောက် သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်သ မားများက ရဲစခန်း သုံးဆယ်ကျော်ကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် မြိုတိုင်းရင်းသားများ ဘူးသီးတောင်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

Top News