အခမဲ့ဖျော်ဖြေပွဲတွေ ရှိတဲ့နေရာ

- အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေလိုသူတွေအတွက် အခမဲ့ဖျော်ဖြေရေး အစီအစဉ်တွေရှိတဲ့နေရာတွေကိုလည်း စုစည်းဖော်ပြလိုက်ပါတယ်။

ပြည်သူ့ဥယျာဉ်မှာတော့ ရာသီဥတု အခြေအနေအပေါ်မူ တည်ပြီး ညနေတိုင်းမှာ ရေပန်းရုပ်ရှင် ပြသပေးမှာဖြစ်ပြီး စနေနေ့ မြန်မာ့ရိုးရာအက တင်ဆက်မှု အစီအစဉ်တွေနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ တနင်္ဂနွေညနေမှာတော့ Love Stones ကွင်းမှာ NESTLE CERELAC က ပြုလုပ် တဲ့ Moms' Superstars ပွဲကို ပြု လုပ်မှာ ဖြစ်ပါတယ်။ ဓမ္မစေတီလမ်းဝင်ပေါက် အနီးမှာရှိတဲ့ ဧရိယာမှာလည်း စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး ပေါက္ကံညဈေးကို ပြုလုပ်မှာ ဖြစ်ပါတယ်။ Myanmar Culture Valley မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး BKK Market ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာတော့  စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ မျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေမှာ ဖြစ်ပါတယ်။

- အပန်းဖြေဥယျာဉ်တွေကို မသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရိုမိုးရှင်းပွဲလေးတွေကို ဖော်ပြလိုက်ပါတယ်။

တပ်မတော်ခန်းမမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက် စလုံးအိမ်ရာနှင့် နေထိုင်မှုပြပွဲ ၂၀၁၇ ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာပလာဇာမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Ford ကား အထူးဈေးရောင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။ Junction Square ရဲ့ ပရိုမိုးရှင်း ဧရိယာမှာတော့ Loving Raining Draw ပွဲရဲ့ ကံထူးရှင်ရွေးချယ်ပွဲနဲ့ ဆုချီးမြှင့်ပွဲကို ပြုလုပ်မှာဖြစ်ပြီး အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Rose Garden ဟိုတယ်မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Shwe Property Home Loan Expo ပွဲကို ပြုလုပ် မှာ ဖြစ်ပါတယ်။           ။

Top News