ဘာသာပေါင်းစုံငြိမ်းချမ်းရေးမှသည် နိုင်ငံတော်သစ်ဆီသို့

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကြီး ကျင်းပနေတဲ့ မြင်ကွင်းကို TV ကနေ တိုက်ရိုက်ထုတ်လွှင့်နေတာမို့ ပွဲအစမှ အဆုံးသည့်တိုင် ကျွန်မလည်း TV ရှေ့က မခွာနိုင်ဘဲ စိတ်ဝင်တစားနဲ့ ငေးမောနေမိပါတယ်။ ပွဲအစမှ အဆုံးသည့် တိုင် ပြောကြားကြတဲ့ စကားတွေ က မေတ္တာစကားတွေ လွှမ်းခြုံလို့၊ သစ္စာစကားတွေ တိုင်တည်လို့၊ ငြိမ်းချမ်းရေးစကားတွေ မွတ်သိပ် လို့ ပွဲခင်းကြီးတစ်ခုလုံးမှာ မေတ္တာဓာတ်တွေ ကိန်းအောင်းနေကြ တာ စိတ်နှလုံးကြည်နူးချမ်းမြေ့ စရာပါ။

ဒီမေတ္တာဓာတ်တွေက ပွဲခင်းထဲမှာ ရှိကြတဲ့ ပရိသတ်သုံး သောင်းကျော်ရဲ့ ရင်ထဲမှာသာမ က TV ဖန်သားပြင်ကနေ ကျွန်မလိုပဲ ကြည့်ရှုနေကြတဲ့ပရိသတ်တွေရဲ့ရင်ထဲ၊ တစ်ပြည်လုံးမှာရှိကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ရင်ထဲလည်း ရောက်ရှိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ တခြားနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ရင်ထဲ ဘယ်လိုရှိမယ်မသိနိုင်ပေမယ့် ကျွန်မရဲ့ရင်ထဲမှာတော့ ပူပန်သောကနဲ့ တအုံနွေးနွေးဖြစ်နေတဲ့ နှလုံးသားလေးကို ရေအေးအေးနဲ့ ဖျန်းပက်လိုက်သလို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတာတော့ အမှန်ပါပဲ။ ကြည်နူးပီတိတွေနဲ့အတူ ဒီပွဲက တစ်ပြည်လုံးရဲ့အောင်ပွဲ၊ ငါတို့ရဲ့အောင်ပွဲပဲလို့ မှတ်ယူဆင်ခြင် မိပါတော့တယ်။

ဆုတောင်းပွဲမှာ ဘာသာ ပေါင်းစုံက ခေါင်းဆောင်တွေအ  သီးသီး ပြောကြားချက်တွေရဲ့ ဘုံ ဦးတည်ချက်ကတော့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ကြပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံထူထောင်ရေး ပါပဲ။ အသားအရောင်မတူ၊ လူ မျိုး၊ ဘာသာမတူကြပေမယ့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြတဲ့သူ အချင်းချင်း၊ ညီအစ်ကို မောင်နှမစိတ်ဓာတ်နဲ့ တစ်စိတ် တည်း၊ တစ်ဝမ်းတည်းထားပြီး ရင်းနှီးချစ်ခင်ကြ၊ အရင်ကလို ခင် ခင်မင်မင်နဲ့ နွေးထွေးတဲ့ဆက်ဆံ ရေးတွေ ဖြစ်ကြဖို့ပါပဲ။ ဒီပွဲက အားလုံးရဲ့စိတ်သဘောထားတွေ ကို ပွင့်ပွင့်လင်းလင်း ချပြတဲ့ပွဲ၊ အားလုံးရဲ့ရပ်တည်ချက်ကို ကမ္ဘာ သိအောင် ကြေညာလိုက်တဲ့ပွဲပါ။

တချို့ကလည်း ဆုတောင်းပွဲ လုပ်ရုံနဲ့ ငြိမ်းချမ်းရေးရမလား၊ ဆု တောင်းနေရုံနဲ့ ငြိမ်းချမ်းမလားလို့ မေးစရာရှိတာပေါ့။ ဆုတောင်းနေ ရုံ၊ ဆုတောင်းပွဲတွေ ရှိရုံနဲ့ ငြိမ်း ချမ်းရေးက မရနိုင်ပေမယ့် ဆု တောင်းသူကတော့ ငြိမ်းချမ်းနေ တာပေါ့။ အဲသလို ဆုတောင်းသူ တစ်ယောက်ချင်းစီရဲ့ စိတ်နှလုံး ငြိမ်းချမ်းမှုတွေ စုပေါင်းပြီး အင် အားများလာရင်၊ အင်အားကြီး လာရင် ငြိမ်းချမ်းရေးရဲ့အင်အား ကလည်း ကြီးလာတာပါပဲ။ ကျွန်မတို့ လိုချင်တာက၊ ကျွန်မတို့အမှန် တကယ်လိုအပ်တာက တစ် ယောက်ချင်းစီရဲ့ ငြိမ်းချမ်းချင်တဲ့ စိတ်ကိုပါ။ ဒီစိတ်တွေကို အခြေ ခံပြီး မငြိမ်းချမ်းမှုတွေကို တိုက် ဖျက်ပစ်ရမှာပါ။ မငြိမ်းချမ်းမှုတွေ ကို ငြိမ်းချမ်းသွားအောင် ပြောင်း လဲပစ်ရမှာပါ။ ဘယ်လိုအဖျက်၊ အမှောင့်ပယောဂပဲဖြစ်ဖြစ်၊ လူ တိုင်းလူတိုင်း၊ နိုင်ငံသူနိုင်ငံသား တစ်ယောက်ချင်းစီရဲ့ ငြိမ်းချမ်း ချင်တဲ့ စိတ်ခွန်အားတွေကို ချေ ဖျက်ပစ်လို့ မရနိုင်ပါဘူး။ ဒီစိတ် ခွန်အားတွေ ကြီးမားနေပါမှ၊ ခိုင်ခံ့နေပါမှလည်း အတိုက်အခိုက်တွေ ရဲ့အန္တရာယ်၊ သွေးခွဲလိုသူတွေရဲ့ အန္တရာယ်တွေကို ကြံ့ကြံ့ခံနိုင်ကြ မှာပါ။

ဒီပွဲမှာ ထေရဝါဒဗုဒ္ဓဘာသာ ဦးစီးနာယက ဆရာတော်ဘုရားရဲ့ ဆိုဆုံးမစကားလေးက နိုင်ငံသူ၊ နိုင်ငံသားတိုင်း မှတ်သားကျင့်ကြံ သင့်တဲ့စကားပါ။ ဆရာတော်က လူတွေရဲ့အကျင့်စရိုက်နဲ့ စိတ်နေ စိတ်ထားတွေကို ဥပမာလေးတွေ နဲ့ ထုတ်နုတ်နှိုင်းယှဉ်ပြထားပါ တယ်။ ဒီလိုစရိုက်လက္ခဏာ၊ အမူအကျင့်တွေ မရှိကြဖို့ မေတ္တာနဲ့ တိုက်တွန်းလိုက်ခြင်းပါ။ ကိုင်းပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ၊ ကဏန်း၊ ပုတ်သင် စတဲ့အသွင်သဏ္ဌာန်မျိုး နဲ့တူအောင် မကျင့်ကြံကြပါနဲ့တဲ့။

ကိုင်းပင်နဲ့တူသောလူမျိုးဆို တာက ကိုင်းပင်ဆိုတာ လေတိုက် တဲ့ဘက် ယိမ်းတတ်ကြတာမျိုး လေ။ ကိုယ့်ရဲ့ကိုယ်ပိုင်ရပ်တည် ချက် ခိုင်ခိုင်မာမာရှိကြဖို့၊ ကိုင်း ပင်လို လေပင့်ရာ မယိမ်းယိုင်သွား ကြဖို့ ဆိုလိုရင်းပါ။ လိပ်တို့မည် သည်မှာလည်း ကိုယ့်ဘက်ကိုယ် ယက်၊ ကိုယ့်ဘက်ပဲ ကိုယ်သိကြ တဲ့အမျိုးကိုး။ နွားသိုးဆိုတာက လည်း မဆင်မခြင်နဲ့ ရှူးရှူးဒိုင်းဒိုင်း၊ ဟော့ဟော့ရမ်းရမ်း အတင်းဝင် ခွေ့တတ်ကြတာလေ။ ကျိုး ကြောင်းဆီလျော်မှုဆိုတာတွေ၊ ဉာဏ်ပညာနဲ့ ချင့်ချိန်တွေးခေါ် တတ်မှုတွေဆိုတာ သူမှ မသိတာ ပဲ။ ခွေးအ ကျပြန်တော့လည်း သူ အစာဝအောင် မြင်မြင်သမျှ ဟောင်နေတော့တာပဲ။ သူ့အလုပ် က ဟောင်ရတဲ့အလုပ်လေ။ သူ ဟောင်ပေးမှ သခင်က အားရကျေနပ်တတ်ကြတာ။ ပုတ်သင်က တော့ ရာသီအလိုက် အရောင် ပြောင်းတတ်တာပဲ ကြည့်တော့။ သူက ဘယ်သူ ဘာပြောပြော ခေါင်းညိတ်ပေးဖို့ပဲ။ အပျိုလိုချင် ရင်လည်း ခေါင်းညိတ်၊ အအိုလိုချင်ရင်လည်း ခေါင်းညိတ်ပဲ။ သူခေါင်းမညိတ်ရင် သူ့အလုပ်သူ မလုပ်ဘူးဆိုပြီး လေးခွနဲ့ လောက် စာလုံးစာမိမလား၊ ဂျင်ကလိစာ မိမလားပဲလေ။ ကဏန်းဆိုတာက လည်း သိကြတဲ့အတိုင်း။ သွားတာကိုက ဘေးတိုက်၊ ကန့်လန့်သွား တာ။ သူများနဲ့တူဖို့၊ ညီဖို့ဆိုတာ ဘယ်လိုမှ ညှိမရတဲ့ အမျိုး။ သူ့အလုပ်က သူ့လက်မနဲ့ ညှပ်ဖို့ပဲ။ ပြောရရင် စက်ရုပ်လိုပေါ့။ သူ့ကိုမထိနဲ့၊ ထိတာနဲ့ ညှပ်တော့တာပဲ။

အဲသလို ကိုင်းပင်နဲ့တူသူ၊ လိပ်နဲ့တူသူ၊ နွားသိုး၊ ခွေးအ၊ ကဏန်း၊ ပုတ်သင်တို့တွေနဲ့တူသူ တွေ မဖြစ်ကြဖို့ ဆရာတော်က ပုံ ခိုင်းပြီး ဆုံးမသြဝါဒပေးသွားတာ နှစ်သက်သဘောကျစရာ၊ လက် တွေ့လိုက်နာကျင့်သုံးသင့်စရာ ကောင်းလှပါတယ်။ နိုင်ငံတော်ကို တည်ဆောက်ကြရာမှာ နိုင်ငံသား အချင်းချင်း တွဲလက်မဖြုတ်ကြဘဲ မေတ္တာမပျက်၊ သစ္စာမပျက်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း အတူတည် ဆောက်သွားကြဖို့လည်း အထူး တိုက်တွန်းသွားပါတယ်။

ဆရာတော်ကြီးနဲ့တကွ ကျန် တဲ့ဘာသာပေါင်းစုံက ခေါင်း ဆောင်ကြီးတွေ ပြောကြားကြသ လိုပါပဲ။ ဘယ်ဘာသာမဆို၊ ဘာ သာတိုင်းရဲ့ ရည်မှန်းချက်၊ လွတ် မြောက်ရာလမ်းက ငြိမ်းချမ်းရေး ပါ။ ငြိမ်းချမ်းရေးဆီကိုပဲ ဦးတည် နေကြသူတွေအချင်းချင်း ဘယ် လူမျိုး၊ ဘာ ဘာသာဆိုတာ မခွဲ ခြားဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပန်းတိုင်ဆီ လျှောက်လှမ်းနိုင်ကြ ဖို့ပဲ လိုပါတယ်။ လူသားအားလုံး ငြိမ်းချမ်းကြဖို့၊ ကမ္ဘာကြီးငြိမ်းချမ်း ကြဖို့ကို လူသားတွေကပဲ အချင်း ချင်းထိန်းကျောင်းလို့၊ ရိုင်းပင်းလို့၊ သင်ကြားလို့၊ အတုယူလို့ အားလုံး စုပေါင်းပြီး ပုံဖော်ကြရမှာပါ။

ကမ္ဘာက ထင်မှတ်မှားနေကြ တဲ့ မြန်မာရဲ့ပုံရိပ်ဆိုးတွေကို အား လုံးရဲ့အင်အားနဲ့ တွန်းလှန်ဖယ် ရှားပစ်ကြရမှာပဲလေ။ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ ယှဉ်တွဲနေထိုင်နေကြကြောင်း ကမ္ဘာကို သက်သေပြရမှာပေါ့။

တကယ်တော့ ကျွန်မတို့ရဲ့ မြေမှာ မွတ်စလင်ကို အလိုမရှိ တာမဟုတ်ဘူး။ ဟိန္ဒူကို အလိုမရှိ တာမဟုတ်ဘူး။ ခရစ်ယာန်ကို အ လိုမရှိတာ မဟုတ်ဘူး။ တရုတ်ကို အလိုမရှိတာမဟုတ်ဘူး။ အကြမ်း ဖက်သမားကို အလိုမရှိတာပါ။

 

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)