ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ် အိန္ဒိယဘက်သို့ ရွေ့လျားနိုင်သော်လည်း ရေဘေးသတိပြုရန်လို

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး မြန်မာ့ ကမ်းရိုးတန်းဘက်သို့ မရွေ့လျား တော့ဘဲ အိန္ဒိယနိုင်ငံ ကမ်းခြေသို့ ၀င်ရောက်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ရခိုင်ကမ်းရိုးတန်းနှင့် နီးကပ် နေပြီး ဘင်္ဂလားပင်လယ်အော်အ တွင်းဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအား ကောင်းကာ အောက်တိုဘာ ၁၉ ရက်တွင် မုန်တိုင်းငယ်ဖြစ်လာနိုင် ကြောင်း လတ်တလောအခြေအ နေကို တွက်ချက်၍ ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားသည်။

ဒေါက်တာထွန်းလွင်က ‘‘မုန် တိုင်းငယ်ဟာ အောက်တိုဘာ ၂၀ ရက် ညပိုင်းမှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေကို ဖြတ်ကျော်ပြီး ကုန်းတွင်းကို ၀င်ရောက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ဒီဘက်မှာတော့ မိုးနဲ့လေ သတိပြုရမယ်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးနဲ့ လေအားအကောင်းနိုင်တယ်’’ဟု ပြောသည်။

ဘင်္ဂလား ပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းအ ဖြစ် ငါးရက်ခန့် ဆက်လက်ရှိနေ မည့် အခြေအနေကြောင့် မြန်မာ နိုင်ငံတွင် ရေဘေးသတိပြုရန် လို အပ်နေသည်။ ပြီးခဲ့သည့် သြဂုတ် က ဖြစ်စဉ်တစ်ခုတွင် ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် တစ်ပတ်ခန့်ကြာအောင် လေဖိ အားနည်းရပ်ဝန်းအနေဖြင့် ရှိနေခဲ့ ၍ မြန်မာနိုင်ငံတွင် နေရာကွက်မိုး ကြီးကာ ရေဘေးရင်ဆိုင်ခဲ့ရဖူး သည်။

တစ်ချိန်တည်းတွင် ဖြစ်ပေါ် နေသော တောင်တရုတ်ပင်လယ် မှ အပူပိုင်းမုန်တိုင်း Khanun သည် အောက်တိုဘာ ၁၄ ရက် တွင် အားကောင်းသော အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့ ကြောင်း ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်ထားသည်။ ယင်းမုန်တိုင်းသည် ဗီယက်နမ် နိုင်ငံအလယ်ပိုင်းဒေသကို ဖြတ် ကျော်ဝင်ရောက်နိုင်သော်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အ ထက်ပိုင်းဒေသများ မိုးနှင့်လေ သတိပြုနေထိုင်ရန် အကြံပြုထား သည်။ အပူပိုင်းမုန်တိုင်း Khanun ကြောင့် ဗီယက်နမ်နိုင်ငံတွင် ရေ ဘေးနှင့်လေပြင်းဘေးရင်ဆိုင်နေ ရကာ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ ကြောင်း နိုင်ငံတကာသတင်းဌာန များတွင် ဖော်ပြထားသည်။ ပင် လယ်နယ်နိမိတ်ချင်း ထိစပ်နေ သော မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့တွင် မိုးသည်းထန်စွာ ရွာနိုင်၍ ရေဘေးအန္တရာယ်ရှိနေ ကြောင်း အာရှဒေသတွင်း မိုးလေ ၀သပညာရှင်အချို့က သတိပေး ထားသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း လက်ရှိရာသီဥတုအခြေအနေအ ရ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးကောင်းနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးသည်။ လက်ရှိရင်ဆိုင်နေရသော ရာသီဥတုအခြေအနေကြောင့် တောင်ကျရေဆင်းမှု၊ မြေပြိုမှုနှင့် မိုးကြိုးပစ်မှုများဖြစ်ကာ အောက်တိုဘာ ၁၀ ရက်မှ ၁၂ရက်အတွင်း လူခြောက်ဦး သေဆုံးခဲ့သည်။

Top News