ရခိုင်ပြဿနာရင်းမြစ်ကို လေ့လာ၍ အမှန်ကို နိုင်ငံတကာသိရန်ဆောင်ရွက်မည်ဟု UNA ပြော

အောက်တိုဘာ ၁၂ ရက်က UNA အဖွဲ့ခေါင်းဆောင်များ စစ်တွေမြို့ရှိ နိုင်ငံရေးပါတီများ၊ ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ − UNA)

ရခိုင်ပြည်နယ် မြောက် ပိုင်းအကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြဿ နာရင်းမြစ်ကို လေ့လာပြီး နိုင်ငံ တကာကအမှန်တရားကို သိရှိစေ ရန် လွှတ်တော်လမ်းကြောင်းအ ပါအ၀င် အခြားနည်းလမ်းများဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း UNA အဖွဲ့ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။


အကြမ်းဖက်တိုက်ခိုက်ခံရ သော တိုင်းရင်းသားမျိုးနွယ်စုများ ကို အားပေးကူညီရန်နှင့် လိုအပ်ချက်များ သိရှိနိုင်ရန် စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူ မျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်များသည် အောက်တိုဘာ ၁၂ ရက်မှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ခဲ့ သည်။

‘‘ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို က ပြဿနာရဲ့ အရင်းအမြစ်ကို အရှိကိုအရှိအတိုင်း၊ အမှန်ကိုအ မှန်အတိုင်း ဖော်ထုတ်နိုင်အောင် လို့ပါ။ နိုင်ငံတကာရဲ့ အခုစွပ်စွဲ ပြောဆိုချက်တွေဟာ အမှန်ပဲဖြစ် သလား၊ ဒါမှမဟုတ် အဲဒါ သတင်းအမှားတွေလားဆိုတာလည်း သိ ရအောင်ပေါ့။ နောက်လူ့အခွင့်အ ရေးဆိုင်ရာ ချိုးဖောက်မှုတွေ၊ နောက်နှိပ်စက်ညှဉ်းပန်းမှုဆိုတာ တွေ အပါအ၀င်ပေါ့’’ဟု UNA  အတွင်းရေးမှူးအဖွဲ့ပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းလိတ်က အောက် တိုဘာ ၁၄ ရက်က ပြောသည်။

နိုင်ငံတကာထံ အမှန်တရား ကို ချပြနိုင်ရန် UNA အဖွဲ့ဝင်တိုင်း ရင်းသားပါတီများအနက် လွှတ် တော်ထဲတွင် ကိုယ်စားလှယ်ရှိသူ များက လွှတ်တော်တွင်းဆောင် ရွက်ချက်များဖြင့်လည်းကောင်း၊ အခြားသော ပါတီများက တွေ့ရှိ ချက်များနှင့် သဘောထားကြေ ညာချက်များ ထုတ်ပြန်ခြင်းဖြင့်လည်းကောင်း ဆောင်ရွက်မည်ဟု ဦးစိုင်းလိတ်က ဆိုသည်။

ယခုခရီးသည် တိုင်းရင်း သားနိုင်ငံရေးပါတီ ၁၅ ခုဖြင့် ဖွဲ့ စည်းထားသည့် UNA အနေဖြင့် အကြမ်းဖက် တိုက်ခိုက်ခံရမှု ကြောင့် အခက်အခဲရှိသူများထံ ပထမဆုံးသွားရောက်အားပေး သည့် ခရီးစဉ်ဖြစ်ပြီး အောက်တို ဘာ ၁၅ ရက် (ယနေ့) ပြီးဆုံးမည် ဖြစ်သည်။

UNA ကိုယ်စားလှယ်များအ နေဖြင့် ခရီးစဉ်အတွင်း ဘူးသီး တောင်၊ မောင်တော၊ ရသေ့ တောင်နှင့် ကျောက်တော်မြို့နယ် သို့ သွားရောက်ခဲ့ရာဒေသခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ရွာလုံခြုံရေးနှင့် ပညာရေး အခွင့်အလမ်းများအတွက် အထူး စိုးရိမ်ကြောင်း တင်ပြပြောဆိုမှုရှိ သည်ဟု ဦးစိုင်းလိတ်က ပြော ကြားသည်။

‘‘တကယ်လို့ လုံခြုံရေးအစီ အမံသာ စိတ်ချလက်ချ နေလို့ရ တဲ့အနေအထားမျိုးဆိုရင်တော့ စီးပွားရေးလုပ်ဖို့အတွက်ပဲဖြစ် ဖြစ်၊ ပညာရေးမြှင့်တင်ဖို့ပဲဖြစ် ဖြစ် အလားအလာကောင်းတယ် ပေါ့။ အဲဒီလိုတော့ တင်ပြကြတာ တွေ ရှိပါတယ်’’ဟု ဦးစိုင်းလိတ် က ပြောသည်။

UNA ၏ ခရီးစဉ်တွင် ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ဦးညီပုနှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်နယ်အ စိုးရက ၎င်းတို့သွားရေး၊ လာရေး အတွက် လုံခြုံရေးတာဝန်ယူပေး သလို တွေ့လိုသူများနှင့် လွတ်လပ်စွာတွေ့ဆုံနိုင်ရန် စီစဉ်ပေး ကြောင်း ခရီးစဉ်တွင် ပါဝင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးကျော်က ပြောသည်။ 

‘‘ဒုက္ခတွေရောက်နေတဲ့ လူ တွေဟာ ဘယ်လိုအရင်းခံကြောင့် ဖြစ်လာရသလဲဆိုတာကို ကျွန် တော်တို့ သိမှသာလျှင် အစိုးရနဲ့ တခြားသက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်နိုင် မှာပေါ့’’ဟု ဦးစိုင်းလိတ်က ဆက် လက်ပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များ၊ ၀န် ထမ်းများနှင့် ဒေသခံများသေဆုံး ဒဏ်ရာရမှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အ ကြမ်းဖက်တိုက်ခိုက်မှုကို ဖော် ဆောင်နေသည့် အစွန်းရောက်အ ကြမ်းဖက်အုပ်စု(Arakan Rohin-gya Salvation Army-ARSA)ကို ပြင်းထန်စွာရှုတ်ချကြောင်း UNA က သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

UNA ကို ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ မွန်အမျိုးသားပါတီ(MNP)၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ ကချင်ပြည်နယ်အမျိုးသားဒီမိုက ရေစီကွန်ဂရက် (KNCD)၊ ကယန်းအမျိုးသားပါတီ(KNP)၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ် ပါတီ(SSKDP)၊ ကရင်အမျိုးသား ပါတီ(KNP)၊ ရခိုင်မျိုးချစ်ပါတီ (APP) ၊ မြိုအမျိုးသားဒီမိုကရေစီ ပါတီ(MNDP)၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (DNDP)၊  ခူမီ(ခမီး)အမျိုးသားပါ တီ(KNP)၊ ချင်းဒီမိုကရေစီအဖွဲ့ ချုပ်(CLD)၊ ချင်းတိုးတက်ရေးပါ တီ(CPP)၊ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (SNSP) တို့ဖြင့် ဖွဲ့စည်းထားသည်။