သီချင်းအသစ်တွေချည်းပဲ ပါဝင်မယ့် ဇွဲပြည့်ရဲ့အခွေသစ်

နိုဝင်ဘာ ၃၀ ရက်တွင်ကျရောက်မည့်(၂၉)နှစ်ပြည့်မွေး နေ့၌ Mini Album ထွက်ရန်   စီစဉ်ထားကြောင်း အဆိုတော်သရုပ်ဆောင်ဇွဲပြည့်က ပြောသည်။  

‘‘သီချင်းတွေအားလုံး စုပြီး သွားပြီ။ တီးလည်းတီးနေပြီ။ ဒီ တစ်ခေါက်တော့ Own Tune တွေ ကြီးပဲ ပါမယ်။ ဇွဲပြည့်ရဲ့ သီချင်း အသစ်တွေပါမယ်။ တေးရေး ဆရာအကြီးတွေ ရေးထားတဲ့ သီ ချင်းတွေပါမယ်။ သီချင်းအသစ် တွေနဲ့အတူတူ ဇွဲပြည့်ကို မြင် ယောင်လာဖို့ အတတ်နိုင်ဆုံး ကြိုး စားထားပါတယ်။ ရင်ခုန်မှုက တော့ အပြည်ပြည်ဆိုင်ရာ အ သည်းကွဲသောနေ့ထွက်တုန်းက လည်း ကျွန်တော့်မွေးနေ့မှာပဲ။ အခု ဒီတစ်ခါလည်း မွေးနေ့မှာပဲ ထွက်မှာဆိုတော့ စိတ်လှုပ်ရှားနေ ပါတယ်’’ဟု ၎င်းက ပြောသည်။ 

စုဆောင်းထားသော သီချင်း ၁၅ ပုဒ်အနက် ခြောက်ပုဒ်ခန့် ရွေးချယ်ထည့်သွင်းမည်ဖြစ်ပြီး တေးရေး အောင်ကိုမြင့်၊ လင်းရာ၊ အောင်ထက်၊ စစ်သူ၊ ကမ္ဘာ၊ မေလသံစဉ်၊ ဇော်လှိုင်ထူးအပြင်  အခြားတေးရေးဆရာများစွာ ပါဝင်မည်ဖြစ်သည်။ 

‘‘ဇွဲပြည့်ဆိုရင် ပြန်ဆိုတေး တွေများတယ်။ ဒါပေမဲ့ ကိုယ်တိုင် ဆိုထားတဲ့ သီချင်းအသစ်တွေ လည်း အများကြီးရှိတယ်။ ပရိ သတ်နားထဲကျတော့ ပြန်ဆိုတေး က ပိုပြီးဝင်တယ်။ အဲဒါကြောင့် ပရိသတ်က အဲဒီသီချင်းတွေကို ပြန်ပြီး နားထောင့်လေ့ရှိတယ်။ ကောင်းတာ ဝေဖန်တဲ့သူရှိသလို ဆိုးတာ ဝေဖန်တဲ့သူလည်း ရှိ တယ်။ များသောအားဖြင့် ကောင်း တာဝေဖန်တဲ့သူက များပါတယ်’’ ဟု ဇွဲပြည့်က နာမည်ကြီးတေးသီ ချင်းများ ပြန်လည်သီဆိုသည့်အပေါ် ပြောသည်။ 

ဇွဲပြည့်သည် အနုပညာသက် တမ်း သုံးနှစ်ကျော်ပြီဖြစ်သလို ထိုင်းတွင် ရေသန့်ကြော်ငြာတစ်ခု သွားရောက်ရိုက်ကူးရန် လက်ခံ ထားပြီး ယခုနှစ်တန်ဆောင်တိုင် ကို ပျဉ်းမနား၊ တောင်ကြီးနှင့် ဘားအံတို့တွင် ဖြတ်သန်းမည်ဟု ပြော သည်။