ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကုလလုံခြုံရေးကောင်စီနှင့် ကိုဖီအာနန်တွေ့ဆုံ

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်တွင် ဦးဆောင်မှုနှစ်ခုဖြစ်နေကြောင်း ရှင်းပြ
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်ပြုလုပ်သော အလွတ်သဘောအစည်းအဝေး၌ ကိုဖီအာနန်ဆွေးနွေးနေစဉ် (ဓာတ်ပုံ − UKUN_NewYork)

ရခိုင်ပြည်နယ်အရေး နှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၌ အလွတ်သဘော အစည်းအဝေးပြုလုပ်ရာ ကိုဖီ အာနန်က မြန်မာနိုင်ငံ၏ အခက် အခဲများကို ရှင်းပြခဲ့သည်။

လုံခြုံရေးကောင်စီအလှည့် ကျဥက္ကဋ္ဌ ပြင်သစ်နိုင်ငံ၏ အစီအ စဉ်ဖြင့် နယူးယောက်မြို့တွင် အောက်တိုဘာ ၁၃ ရက်က အဖွဲ့ ဝင်နိုင်ငံများအား ကိုဖီအာနန်ကပထမဆုံးအကြိမ် တွေ့ဆုံရှင်းပြ ခဲ့သည်။

အစည်းအဝေး၌ ဒေါက်တာ ကိုဖီအာနန်က ဒီမိုကရေစီစနစ် ဖော်ဆောင်နေသည့် မြန်မာနိုင်ငံ ၏အခက်အခဲများကို လုံခြုံရေး ကောင်စီသို့ တင်ပြခဲ့ပြီး လက်ရှိ အခြေခံဥပဒေကြောင့် အုပ်ချုပ်ရေးစနစ်သည် ဦးဆောင်မှုနှစ်ခု ဖြစ်နေကြောင်း အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်ဟု ဗီအိုအေ သတင်းဌာနက ဖော်ပြသည်။

‘‘နှစ်ပေါင်း ၅၀ ကြာ စစ်တပ် အုပ်ချုပ်မှုခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာအင်မတန်ခက်ခဲတဲ့အပြောင်းအ လဲတွေကို ဖြတ်သန်းနေရတယ်ဆို တာကို မမေ့သင့်ပါဘူး။ စီမံအုပ် ချုပ်နိုင်ဖို့ အခက်အခဲတွေရှိပါ တယ်။ ကျွန်တော်တို့အနေနဲ့ နှစ် ဖက်စလုံးနဲ့ လက်တွဲလုပ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအုပ်ချုပ်ရေး စနစ်မှာ ခေါင်းဆောင်မှုနှစ်ခုတွဲ အုပ်ချုပ်ရေးစနစ်ဖြစ်နေတယ်ဆို တာကို လုံခြုံရေးကောင်စီကို ကျွန်တော် ဒီကနေ့ ပြောကြားခဲ့ပါ တယ်။ ဒါကြောင့်မို့လို့ အကြံပြု ချက်တွေကို

အကောင်အထည်ဖော်တဲ့နေရာ မှာ လိုက်လျောညီထွေရှိစွာနဲ့ ညှိ နှိုင်းဆောင်ရွက်နိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ခေါင်း ဆောင်မှုနှစ်ရပ်စလုံးနဲ့ အတူတွဲပြီး သူတို့အနေနဲ့ အစိုးရတစ်ခုအဖြစ် အတူတကွ အကောင်အထည် ဖော်ရေး သေချာအောင်တွန်းအား ပေးလုပ်သွားဖို့ လိုပါတယ်’’ဟု ကိုဖီအာနန်က သတင်းထောက် များအား ပြောကြားသည်။

ထို့အပြင် ကိုဖီအာနန်က ရခိုင်အရေးနှင့်ပတ်သက်၍ ကြား နေကျ ပြောကြားချက်များသည် မြေပြင်အခြေအနေနှင့်ကွာခြား ကြောင်း ပြောကြားခဲ့သည်။ မြန်မာ အစိုးရသည် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများကို ၎င်းတို့ဆန္ဒအရ ပြန်လာလိုပါက ပြန်လည်လက်ခံရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ ထောက်အပံ့များပေးအပ်နိုင်ရေး တို့ ဆောင်ရွက်နေကြောင်း ကိုဖီ အာနန်က ထည့်သွင်းပြောကြား သည်။

ဆက်လက်၍ ၎င်းက မြန်မာ အစိုးရသည် နေရပ်စွန့်ခွာထွက် ပြေးသည့် အသိုက်အဝန်းအားလုံး မှ ထိခိုက်နစ်နာသူများကို ပြန် လည်နေရာချထားရေး၊ ရေရှည်လူမှုဘဝဖွံ့ဖြိုးရေး ဆောင်ရွက်နိုင် ရန် ရေတို၊ ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်နေကြောင်းနှင့် ဒေသတွင်းသာမက နိုင်ငံတကာ နှင့်လည်း ပူးပေါင်းဆောင်ရွက်နေ ကြောင်း ရှင်းလင်းပြောကြား သည်။

အာနန်က ‘‘နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်က အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အ ထည်ဖော်ရေးအတွက် ကူညီအ ကြံပေးဖို့ ပညာရှင်အဖွဲ့တစ်ခုကို ပါ ဖွဲ့စည်းဖို့ ဆန္ဒရှိနေပါတယ်။ အဲဒီမှာလည်း နောက်ပိုင်းအဆင့် အနေနဲ့ နိုင်ငံတကာပါ ပါဝင်လာ နိုင်တယ်။ ဒါဟာ နိုင်ငံတကာ  အ သိုက်အ၀န်းနဲ့ မြန်မာနိုင်ငံကြားမှာ ဆွေးနွေးလုပ်ဆောင်မှုတွေ ပေါ် ပေါက်လာစေဖို့ ဖြစ်နိုင်ခြေအနေ နဲ့ မျှော်လင့်ရမှာပါ။ အရေးကြီး တာက မြန်မာဘက်က အစီရင်ခံ စာကို လက်ခံခဲ့ပြီး အဲဒီအစီရင်ခံ စာကိုလည်း အဖွဲ့ဝင်နိုင်ငံတွေ၊ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေး အေဂျင်စီတွေ၊ အင်န်ဂျီအို အဖွဲ့ အစည်းတွေက ယေဘုယျအား ဖြင့် လက်ခံထားတယ်ဆိုတာပါပဲ။ ဒီတော့ အစီရင်ခံစာကို မူတည်ပြီး လိုအပ်တဲ့ လုပ်ဆောင်မှုတွေအ တွက် ဘောင်သတ်မှတ်ချက်တွေ နဲ့ အခြေခံတွေ ဖော်ထုတ်ဖို့ ကျွန် တော်တို့ ရှေ့ဆက်နိုင်ပါလိမ့် မယ်။ ကျယ်ပြန့်တဲ့အကြောင်း ကိစ္စတွေမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံ တကာက ပိုပြီး ပူးပေါင်းဆောင် ရွက်နိုင်ဖို့လည်း မျှော်လင့်ထားပါ တယ်’’ဟုလည်း မှတ်ချက်ပြုခဲ့ သည်။

အဆိုပါ လုံခြုံရေးကောင်စီ အစည်းအဝေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာ၊ တရုတ်နှင့် ရုရှား သံအရာရှိများက မှတ်ချက်မပေးခဲ့ပေ။ ပြင်သစ် သံ အမတ် ဖရန်ဆွာ ဒီလက်ထရီကမူ လုံခြုံရေးကော်မရှင်နှင့် အာနန်၏ တွေ့ဆုံမှုသည် အဓိက ရည်ရွယ် ချက်နှစ်ခုအတွက်ဟုဆိုသည်။

‘‘ရည်ရွယ်ချက်နှစ်ခုမှာ တစ် ခုက အာနန်ကော်မရှင်ရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကို ထောက်ခံဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုက တော့ လက်ခံလို့ မရနိုင်တဲ့အခြေ အနေတွေကို အပြည့်အ၀ရှုတ်ချ ဆန့်ကျင်သွားဖို့ပါ’’ဟု ၎င်းက မှတ်ချက်ပြုသည်။ ယခုဆွေးနွေးပွဲတွင် ပြင်သစ်နှင့်အတူ ပူးတွဲသဘာပတိအဖြစ် တာဝန်ယူသည့် ဗြိတိန်နိုင်ငံ သံအမတ် မက်သရူး ရိုင်းခရော့ဖ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူရန် ရှိ၊ မရှိမေးခွန်း နှင့်ပတ်သက်၍ အခြေအနေများ ကို ဆက်လက်စောင့်ကြည့်နေ မည်ဟု ဖြေကြားသည်။

‘‘ရခိုင်ပြည်နယ်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ရေရှည်ရည်မှန်းထားတဲ့ လုပ်ငန်းစဉ်တွေအ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောသွားခဲ့ပါတယ်။ ဒီ မိန့်ခွန်းထဲမှာ ပြောကြားထားတဲ့ ကိစ္စရပ်တွေကို လက်တွေ့ဖြစ် မြောက် တိုးတက်အောင်မြင်လာ အောင် အကောင်အထည်ဖော်မှု ကို ကျွန်တော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေဦးမှာပါ။ ပြီးတော့ လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင် နိုင်ငံတွေနဲ့လည်း နီးနီးကပ်ကပ် ညှိနှိုင်းတိုင်ပင်မှုတွေ ရှိနေဦးမှာ ဖြစ်ပါတယ်’’ဟု ရိုင်းခရော့ဖ်က ပြောဆိုသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က မြန်မာအစိုးရသည် ကတိ က၀တ်ပြုထားမှုအားလုံးကို မ ပျက်မကွက်အကောင်အထည် ဖော်မည်ဟု အထက်ပါအစည်း အဝေး၌ ပြောကြားသည်။

ဆက်လက်၍ ၎င်းက အောက်တိုဘာ ၁၂ ရက်ညတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြော ကြားသည့် ပြည်သူသို့တင်ပြချက် မိန့်ခွန်းပါ ချက်ချင်းအကောင်အ ထည်ဖော်မည့် အဓိကလုပ်ငန်း သုံးခုကို အစည်းအဝေး၌ ထည့်သွင်းပြောကြားသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံအားလုံး တက်ရောက်သည့် အထက်ပါအ စည်းအဝေးသို့ ရခိုင်အရေးနှင့် ပတ်သက်၍ ဒေါက်တာကိုဖီအာ နန်ရှင်းလင်းပြီးနောက်ပိုင်း မြန်မာ နိုင်ငံအပေါ် ဖိအားပေးလိုသည့် နိုင်ငံအချို့၏သဘောထားပျော့ ပြောင်းနိုင်ကြောင်း အမျိုးသားလုံ ခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦး သောင်းထွန်းက ဗီအိုအေသတင်း ဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားထားသည်။

ထို့အပြင် အမျိုးသားလုံခြုံ ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြီးခဲ့သည့်လ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ စိုးရိမ်ပြောကြားခဲ့မှုများကို အချက် ငါးချက်ဖြင့် တုံ့ပြန်ပြောကြားသည်။

ပထမအချက်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက်မှုများလျော့ကျသွားချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၅ ရက်ကစတင်၍ နယ်မြေရှင်းလင်းမှုရပ်နားခဲ့ကြောင်းနှင့် နိုင်ငံတကာ သံတမန်များကို ကွင်းဆင်းလေ့လာစေခဲ့သည်။

ဒုတိယအချက်သည် လူသား ချင်းစာနာမှုအကူအညီများကို ခွဲ ခြားမှုမရှိဘဲ ထိခိုက်ခံရသူအားလုံး ကို အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေနေခြင်းဖြစ်သည်။

တတိယအချက်သည် ထွက် ပြေးတိမ်းရှောင်သည့်ဒုက္ခသည် များ ပြန်လည်လက်ခံရေးနှင့်ပတ် သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဆွေးနွေးမှုများ စ တင်ပြုလုပ်နေပြီး ဆက်လက်ပြု လုပ်မည်ဖြစ်သည်။

စတုတ္ထအချက်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များသည် အသင့်လျော်ဆုံးလမ်းပြမြေပုံဖြစ်ကြောင်း နိုင်ငံတကာအသိုက်အ၀န်းနည်းတူ မြန်မာအစိုးရကရှုမြင်ခြင်းဖြစ်သည်။

နောက်ဆုံးအချက်သည် တာ ၀န်ယူမှု၊ တာဝန်ခံမှုနှင့်ပတ်သက် ၍ မြန်မာအစိုးရသည် တရား ဥပဒေစိုးမိုးရေးကို အလေးထား ရပ်တည်ကြောင်းနှင့် တရားဥပဒေအထက်တွက် မည်သူမျှမရှိဘဲ ခိုင်လုံသော အထောက်အထားရှိပါက ဥပဒေချိုးဖောက်သူများကို အရေးယူမည်ဖြစ်သည်။

မြန်မာအစိုးရသည် ရခိုင် ပြည်နယ်အရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေမည်ဖြစ်ပြီး နုနယ်သေးသည့် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ရှေ့ဆက် ရမည့်လမ်းခရီး ရှည်လျားသော် လည်း မလျှော့သောဇွဲလုံလဖြင့် ကြိုးပမ်းဆောင်ရွက်ရန် ခိုင်မာစွာဆုံးဖြတ်ထားကြောင်း ဦးသောင်းထွန်းက ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကိုးကား − VOA, AP