လတ်တလော လူပြောများနေတဲ့ အမ်တီဗီတစ်ပုဒ်နဲ့ ထူးအောင်

အဆိုတော် အားတီ သီဆိုသော Eyez On You အမ်တီဗီတွင် နေခြည်ဦးနှင့် တွဲဖက်သရုပ်ဆောင်မှုအပေါ် ဝေဖန်မှုအချို့ ရင်ဆိုင်နေရသော ထူး အောင်က သရုပ်ဆောင် ကင်မရာရိုက်ချက်ပီပြင်မှုကြောင့် ပြော စရာဖြစ်ခဲ့ကြောင်း ပြောသည်။

‘‘အဲဒီ အမ်တီဗီထဲမှာပါတဲ့ ဆင်းန်ပုံစံတွေကလည်း ပြောချင် စဖွယ်လေးတွေ ဖြစ်တာပေါ့။ ဒါ ပေမဲ့ ကျွန်တော်တို့ကလည်း ဒါ ရိုက်တာခိုင်းတဲ့အတိုင်း လုပ်တာ ပါ။ ရိုင်းရိုင်းစိုင်းစိုင်းပုံစံကြီးတွေ တော့ မပါပါဘူး။ ဒါရိုက်တာရဲ့ ရိုက်ချက်တွေက အရမ်းတော်လို့ ပီပြင်သွားတာပါ။ နေခြည်ဦးနဲ့က လည်း ခင်ပါတယ်။ ဒီလောက်ပါ ပဲ’’ဟု ၎င်းက ပြောသည်။

‘Eyez On You’ မြူးဇစ်ဗီဒီ ယိုထဲမှ သရုပ်ဆောင်ချက်များနှင့် ရိုက်ချက်များမှာ Sex အသားပေး သည့် မြူးဇစ်ဗီဒီယိုဖြစ်ကြောင်း လူမှုကွန်ရက်တွင် ဝေဖန်မှတ် ချက်ပြုရေးသားသူများစွာ ရှိနေ ခြင်းဖြစ်သည်။

လက်ရှိ အချစ်ရေးသည် တစ်ဦးတည်းဖြစ်ပြီး အနုပညာ လောကအတွင်း မျက်နှာသစ်ဖြစ် သောကြောင့် အလုပ်များကြိုးစား နေကြောင်း ၎င်းက ပြောသည်။

ထူးအောင်သည် ၂၀၁၄ ၌ မော်ဒယ်အဖြစ်လုပ်ကိုင်ပြီး ရုပ်ရှင်ကား ကိုးကား၊ ဗီဒီယိုတစ်ကားနှင့် အမ်တီဗီများစွာတွင် ပါဝင်သရုပ် ဆောင်ခဲ့သည်။

လက်ရှိတွင် ဒါရိုက်တာ သီဟကျော်စိုးရိုက်ကူးမည့် ‘မရဲ့ အေးခဲသွားကြသူများ’ ဇာတ်ကား၌ နောက်ကွယ်က ငွေမည်းရှာ သည့် စီးပွားရေးသမားအဖြစ် ဗီလိန်စရိုက်ဖြင့် သရုပ်ဆောင်ရ မည်ဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။

‘‘များသောအားဖြင့် ဗီလိန် ဆို သိပ်မလုပ်ချင်ကြဘူး။ ဗီလိန် ကို သဘောကျတယ်ဆိုတာက သူများတွေအမြင်ကတ်အောင် ကိုယ်ကလုပ်ပြနိုင်တယ်ဆိုတာ တော်ရုံတန်ရုံမလွယ်ဘူးလေ။ အဲဒီလိုမျိုးဖြစ်အောင် လေ့ကျင့်ရ မယ်။ လုပ်တတ်ရမယ်’’ဟု ထူး အောင်က ပြောသည်။