သြစတြေးလျကို တစ်လကြာ သွားရောက်ဖျော်ဖြေမယ့် နန့်ချစ်နဒီဇော်

 ငြိမ်းချမ်းရေးပွဲတော်၌ သွားရောက်ဖျော်ဖြေရန် နိုဝင်ဘာ တွင် ဩစတြေးလျနိုင်ငံသို့ တစ် လကြာ ဖျော်ဖြေရေးသွားရန်ရှိ ကြောင်း အဆိုတော် နန့်ချစ်နဒီ ဇော်က ပြောသည်။

‘‘နိုဝင်ဘာ ၁၀ ရက် ဗီဇာရ တာနဲ့ တန်းထွက်မယ်။ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမှာ ဖျော်ဖြေပွဲရှိမယ်။ တခြားဖိတ်တဲ့နေရာတွေလည်း သွားဆိုရပါမယ်။ တစ်လကြာပါ မယ်။ ဒီက နန့်ချစ်အပြင် ကိုစော ဖိုးခွားနဲ့ ဘားအံက ကရင်အဆို တော်တချို့ပါမယ်’’ဟု ၎င်းက ပြောသည်။

၎င်းသည် ပြီးခဲ့သည့် နှစ်က လည်း ဩစတြေးလျနိုင်ငံသို့ သွား ရောက်ဖျော်ဖြေခဲ့ပြီး ပြည်ပ ရောက် ကရင်တိုင်းရင်းသားအ သိုင်းအဝိုင်း၏ ဖိတ်ကြားမှုကြောင့် ကရင်သီချင်းအများဆုံးဆိုဖြစ် ကြောင်း ဆိုသည်။

‘‘မြန်မာသီချင်းလျှော့ဆိုရ တယ်။ တချို့က မြန်မာစကားနား မလည်လို့ပါ။ ဒီနှစ်ကတော့ ဘယ် လိုလာမလဲမသိသေးပါဘူး။ ပရိ သတ်ကိုကြည့်ပြီး ဘာသီချင်းဆိုရ မယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ’’ ဟု ၎င်းက ပြောသည်။

အခြားသော အနုပညာလှုပ် ရှားမှုအနေဖြင့် သီချင်း ၁၂ ပုဒ် ပါဝင်သည့် တစ်ကိုယ်တော်အခွေ ကို ၂၀၁၈ ဇန်နဝါရီ၌ ထွက်ရှိရန် ကြိုးစားနေကြောင်း ဆိုသည်။

‘‘သီချင်းတွေကတော့ သူများနဲ့မတူတဲ့ မြူးဇစ်စတိုင်ပုံစံမျိုးလေး တွေ အများဆုံးပါမှာပါ။ Country ဘက်သွားမယ်။ ဂစ်တာသံကို အဓိကထားတဲ့ သီချင်းမျိုးလေး တွေ ရှစ်ပုဒ်လောက် အများဆုံးပါမယ်။ EDM Beat နဲ့ Country ပုံစံပေါင်းစပ်ထားတဲ့ သီချင်းပုံစံမျိုးလေးတွေ အများဆုံးပါမှာပါ’’ ဟု နန့်ချစ်နဒီဇော်က ပြောသည်။

ယခင်က တစ်ကိုယ်တော် အခွေကို ဒီဇင်ဘာတွင် ထွက်နိုင်ရန် မှန်းထားသော်လည်း ဩစ တြေးလျ ခရီးစဉ်ကြောင့် ၂၀၁၈ နှစ်ဆန်းပိုင်းသို့ ရွှေ့ဆိုင်းခဲ့သည်။

တေးရေးများမှာ သော မတ်စ်၊ စိုးလင်းအပါအဝင် အခြား တေးရေးဆရာများ  ပါဝင်ပြီး ကိုယ်တိုင်ရေးစပ်ထားသည့် သီ ချင်းသုံးပုဒ်လည်း ပါဝင်မည်ဖြစ် သည်။

နန့်ချစ်နဒီဇော်သည် အနု ပညာသက်တမ်း လေးနှစ်နီးပါးရှိ ပြီဖြစ်သလို အိပ်မက်ဆုံရာ Season 4 အဆိုပြိုင်ပွဲတွင် ဒုတိ ယဆုရရှိခဲ့သည်။