ကားမူဝါဒသစ်ကြောင့် ဂျပန်တစ်ပတ်ရစ်ကားများ ဈေးမြင့်တက်

ယာဉ်ရပ်နားရောင်းဝယ်ရေးစခန်းတစ်ခုတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

အသစ်ပြဋ္ဌာန်းမည့် ၂၀၁၈ မော်တော်ယာဉ်မူဝါဒတွင် ဘယ်မောင်းစနစ် ကားများသာ တင်သွင်းခွင့်ပေးမည်ဟု ထွက် ပေါ်လာခြင်းကြောင့် ညာမောင်း တစ်ပတ်ရစ် ဂျပန်ကားများ၏ တန်ဖိုးမြှင့်တင်ဈေးခေါ်လာသည် ဟု အရောင်းအဝယ်ပြုလုပ်သူ အချို့က ပြောသည်။


ဈေးကွက်တွင် တစ်ပတ်ရစ် ဂျပန်ကားတစ်စီးလျှင် ကျပ်ငါး သိန်းခန့် ဈေးနှုန်းမြှင့်တင်ပြီး ဈေးခေါ်လာသည်ဟု အရောင်းအဝယ် ပြုလုပ်သူ ဦးအောင်ဆန်းကပြော သည်။

ကားရောင်းချလိုသူအချို့က လည်း ဈေးနှုန်းမြှင့်တင်ထားပြီး မော်တော်ယာဉ်မူဝါဒကို စောင့် ကြည့်နေသည်ဟု ပြည်ပမှ ကား တင်သွင်းသူ ဦးထွဋ်ထိပ်က ပြော သည်။

အရောင်းအဝယ်ပြုလုပ်သူ များက နှစ်စဉ်မူဝါဒအပြောင်းအ လဲကို စောင့်ကြည့်ပြီးနောက် ဈေးဆွဲတင်မှုများရှိသော်လည်း နောက်ပိုင်းတွင် ဈေးနှုန်းပြန်ကျ သွားလေ့ရှိကြောင်း ၎င်းက ဆို သည်။

‘‘ပြည်တွင်းဈေးကွက်က ကားအသစ်ဈေးကွက်ဖြစ် လာ တော့မယ့်သဘောပဲ’’ဟု မြန်မာ နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော ကြားသည်။

မြန်မာနိုင်ငံတွင် အများဆုံး အသုံးပြုနေသည့် ဂျပန်ကားများ သည် ပြင်ဆင်ရလွယ်ကူခြင်း၊ အပိုပစ္စည်းအလွယ်တကူ ရှာဖွေ ဝယ်ယူနိုင်ခြင်းကြောင့် အစဉ်အ ဆက်လူကြိုက်များခဲ့သည်။

သို့သော် မူဝါဒအသစ်တွင် ဘယ်မောင်း တစ်မျိုးတည်းကို တင်သွင်းခွင့်ပေးမည်ဆိုပါက အသစ်တင်သွင်းသူများ၏ အကျိုးစီးပွားကိုသာ အထောက်အကူ ပြုမည်ဖြစ်ပြီး ပြည်သူများ ဈေး သက်သာစွာ ကားစီးနိုင်မည့် အခွင့်အရေးကို ထိခိုက်စေသည် ဟု ကားအရောင်းအဝယ်ပြုလုပ် သူ ဦးအောင်သန်းဝင်းက ဆို သည်။

သို့သော် ဘယ်မောင်းကား များသည် လက်ရှိလမ်းစနစ်နှင့် ပိုမိုကိုက်ညီပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်လျော့ပါးရေးအတွက် ပိုမိုသင့်တော်သည်ဟု ကျွမ်းကျင် သူများက သုံးသပ်သည်။

ပြည်တွင်းလမ်းစနစ်နှင့် ကိုက်ညီသော မော်တော်ယာဉ် များ တင်သွင်းခွင့်ပြုမည့်အချက် နှင့် ပြည်တွင်း၌ မော်တော်ယာဉ် ထုတ်လုပ်ခြင်းကို အားပေးသည့် အချက်များ ပါဝင်လာမည့် ၂၀၁၈ မော်တော်ယာဉ်မူဝါဒအသစ်ကို အောက်တိုဘာ ၁၇ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာမည်ဟု ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမင်းမင်းက ပြောသည်။